ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လောကကြီးသည် ရယ်ရွှင်ဖွယ်ကောင်းပါ၏


လူချစ်လူခင် များသူတစ်ယောက်၌ ရှိအပ်သည့် အခြားအရည်အချင်းတစ်ရပ်ကား ဟာသဥာဏ် ဖြစ်သည်။ မိမိကိုယ်ကို ၄င်း၊ လူ့ဘ၀ဟူသည်ကို ၄င်း၊ ပတ်ဝန်းကျင်လောကကို ၄င်း၊ ရွှင်မြူးသောစိတ်ဖြင့် ရှုမြင်နိုင်ပါလျှင် တော်ရုံတန်ရုံ ကသိကအောက်ဖြစ်စရာ ဒေါသအာဃာတ ပွားစရာများသည် အလိုအလျှောက် ပျောက်ကွယ် သွားမည်ဖြစ်ပါသည်။

မိမိကိုယ်ကို ရေးကြီးခွင်ကျယ်လုပ်လွန်း၊ အစစအရာရာ အလေးအနက်ထားလွန်းလျှင် တော်ရုံကိစ္စလေးသည်ပင် အကြီးအကျယ် အခံရခက်စရာ ဖြစ်လာတတ်ပါသည်။ လေးနက်လွန်းသူ ၌ လူမှုဆက်ဆံရေး ကိစ္စရပ်တိုင်းသည် ၀န်ထုပ်ဝန်ပိုးများသဖွယ် လေးလံဖိစီးနေတတ်သည်။ ဟာသဥာဏ် ရှိသူ၌ကား လူမှုဆက်ဆံရေးကိစ္စတို့သည် ပေါ့ပါးရွှင်လန်းစွာ ဆောင်ရွက်၍ ရသည့် ကိစ္စများ ဖြစ်၏။ သူ၍ ဘာဝန်ထုပ်မျှ မရှိပေ။

ရွင်လန်းသာစိတ်ထားရှိသူသည် မိမိကိုယ်ကို ရေးကြီးခွင်ကျယ် မလုပ်။ မိမိကြုံကြိုက်ရသော ပြဿနာသည် သူတစ်ပါးကြောင့် ဟူ၍ချည်း အာဃာတဖြင့် မတွေး။ ငါကိုယ်တိုင်ကလည်း ဘာလုပ်ခဲ့မိပေ သကိုးဟု တွေး၏။ ထို့ကြောင့် ခံစရာရှိလျှင်လည်း ခံသာသည်။ ခံနိုင်ရည်လည်း ရှိပေသည်။

ရုပ်ရည်မလှပခြင်း၊ ပညာအရည်အချင်းနည်းပါးခြင်း၊ စီးပွားဥစ္စာ ရှားပါးခြင်းစသည့်တို့သည် လူအတွက် ချို့တဲ့ချက် ကန့်သတ်ချက်များဖြစ်ပါသည်။ သို့သော် ယင်းကန့်သတ်ချက်များ အပေါ်ခံယူပုံ၌ လူတစ်ယောက် နှင့် တစ်ယောက် မတူညီပေ။ အချို့သည် ယင်းချို့တဲ့မှုများအောက်၌ နာလန်မထူနိုင်လောက်အောင် စိတ်ဓာတ် ကျဆင်း အားငယ်ခြင်းများဖြစ်ကြ၏။ ငါ အရုပ်ဆိုးလိုက်တာ၊ ငါကျောင်းစာကောင်းကောင်း မသင်ခဲ့ရဘူး၊ ငါ့ထက်မွဲတဲ့လူ ရှိမှ ရှိသေးရဲ့လား စသည်ဖြင့် မိမိကိုယ်ကို နာသည်ထက်နာအောင် ထောင်းထုလျက်ရှိကြ၏။ လောကကို ရွှင်လန်းသော ဥာဏ်ဖြင့် ရှုမြင် ရင်ဆိုင်ကြသူ တို့ကား ထိုအကန့်အသတ်တို့၏ ချုပ်ချယ်တားဆီး မှုကို မခံပေ။ အရုပ်ဆိုးသဖြင့် လူတောမတိုး ဆိုသည်မျိုး အဖြစ်မခံရုံမက အချို့လူများဆိုလျှင် ထိုအရုပ်ဆိုးခြင်း ကိုပင် ရယ်စရာရွင်စရာ အဖြစ် အသုံးပြုကာ ရုပ်ရှင် ဇာတ်သဘင်လောကတို့တွင် ၀င်ရောက် လုပ်ကိုင် စားသောက် သွားတတ်ကြပေသေးသည်။

ဖေမြင့် (စိတ်၏ သတ္တိစွမ်းအားများ) စာအုပ်မှ ဖော်ပြပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်...
မေ၁၆

9 comments:

  1. မှတ်သားသွားပါတယ်ခင်ဗျာ။
    ခင်မင်လျက်

    ReplyDelete
  2. အရမ်းကြိုက်တယ်။
    အားလုံး ဒီလိုဘဲ ပြုမူနေထိုင်သင့်ပါတယ်။

    ReplyDelete
  3. ပျော်ရွှင်စွာနေတတ်အောင် ကြိုးစားပါ့မယ်...။
    စိတ်ပျော်ရွှင်အောင်နေရင် လူပါပျော်ရွှင်လာတတ်ပါတယ်...
    လူရော စိတ်ရော ပျော်ရွှင်အောင် နေထိုင်သွားသင့်ပါတယ်အစ်မ...
    အစ်မလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

    ReplyDelete
  4. မှတ်သားသွားပါတယ်....... ကျေးဇူးပါ

    ReplyDelete
  5. ကြိုးစားနေ ရင်းနဲ့ မေ့မေ့သွားတယ်

    ReplyDelete
  6. ကိုတိုးလေးJune 28, 2009 at 7:01 PM

    လာဖတ်သွားတယ်နော် ဟာသညဏ်လေးကို မှတ်သားသွားပါတယ်နော်။ အဆင်ပြေပါစေဗျာ

    ReplyDelete
  7. ဟာသဥာဏ်က ရှိသင့်တယ်နော် ..
    ဒီတော့မှသာ နေပျော်ဖွယ်ဖြစ်မှား)

    ReplyDelete
  8. တော်လိုက်တာ ..ဘယ်သူ့ သားသမီးလေးလည်းမသိဘူး....။

    မှန်သောစကား တွေ ပါလား...။ အခုလို ဝေမျှပေးတာ တကယ့်ကျေးဇူး ပါ...။

    ReplyDelete
  9.်ရွှင်လန်းသာစိတ်ထားရှိသူသည် မိမိကိုယ်ကို ရေးကြီးခွင်ကျယ် မလုပ်။ မိမိကြုံကြိုက်ရသော ပြဿနာသည် သူတစ်ပါးကြောင့် ဟူ၍ချည်း အာဃာတဖြင့် မတွေး။ ငါကိုယ်တိုင်ကလည်း ဘာလုပ်ခဲ့မိပေ သကိုးဟု တွေး၏။ ထို့ကြောင့် ခံစရာရှိလျှင်လည်း ခံသာသည်။ ခံနိုင်ရည်လည်း ရှိပေသည်။
    စာကောင်းတွေ ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူး တင်ပါတယ် အစ်မ။ ဆက်လက်မျှဝေနိုင် ပါစေ။ လေးစားလျက်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။