ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ထာဝရ အကောင်းမြင်သမား

ကံကြမ္မာက မျက်နှာသာပေးသဖြင့် ကျွန်မတို့မှာ သားသုံးယောက်တိတိရရှိခဲ့သည်. . . သူတို့က သူတို့ တစ်ဦးချင်းစီမှာ ပါလာသည့် ထူးခြားသော ဗီဇသဘာဝကိုယ်စီဖြင့် ကျွန်မတို့အတွက် ၀မ်းသာကြည်နူးစရာလေးတွေ ဖန်တီးခဲ့ကြသည်. . .
သည်သုံးယောက်ထဲမှ သားအလတ် ဘီလီကတော့ ထာဝရအကောင်းမြင်သမားလို့ ချစ်စနိုး ခေါ်ဝေါ်ခြင်း ခံရသူဖြစ်သည်. . . သူ့မှာ အဲသည်လို အကောင်းမြင်စိတ်ရှိနေခြင်းက သူ့မွေးရာပါ ပစ္စည်းတစ်ခုပင်ဖြစ်သည်. . .
သူအသက် (၅) နှစ်လောက်တုန်းကလည်း တီဗွီထဲက လူတစ်ယောက် ထိပ်ပြောင်မပြောင် သူ့အစ်ကိုနှင့် ငြင်းကြသည်. . . . . .သူက
"ထိပ်ပြောင်တာမဟုတ်ဘူး ၊ အစ်ကိုကြည့်နေတဲ့အခါသာ ထိပ်ပြောင်သလိုမြင်ရတာ. . သူ့ဘာသူ ထွက်သွားတဲ့အခါကျတော့ ခေါင်းပေါ်မှာ ဆံပင်တွေအများကြီးပဲ ဟု" ဘီလီက ဆိုလေသည်. . .
တစ်နေ့မှာတော့ အဲသည်လို အကောင်းမြင်စကားတစ်ခွန်းကို ကျွန်မတို့ ကြားနာခဲ့ကြရပါသည်. .
ကျွန်မတို့ရဲ့ တတိယသားလေး တင်နာ သွေးဥတွေ ပျက်စီးသော ရောဂါဖြင့် ဆုံးသွားရှာလေသည်. တင်နာလေးက အသက်နှစ်နှစ်ပင်မပြည့်သေး၊ လပေါင်း ၂၀ ပဲရှိသေးသည်.
တင်နာလေး သဂြိုလ်ပြီး နောက်တစ်ညမှာ ဘီလီကို သိပ်ရင်း ကျွန်မလှဲနေသည်. . သည်ညမှာတော့ ကျွန်မတို့ ပြောစရာစကား သိပ်မရှိကြပါ. . . . တိတ်ဆိတ်ငြိမ်သက်၍ သာနေကြသည်. .
ရုတ်တရက် ဘီလီက စကားစသည်. . . "သားတို့အားလုံးအတွက် စိတ်မကောင်း ပါဘူးမေမေ. . ဒါပေမယ့် တခြားလူတွေအတွက သားပိုပြီး စိတ်မကောင်းဖြစ်မိသလိုပဲ. . "
"ဘယ်ကတခြားလူတွေလဲသား " ဟု ကျွန်မကမေးမိသည်. .
သူကရှင်းပြသည်.
"တင်နာ့ကို တစ်ခါမှ မတွေ့ဖူးလိုက်ကြတဲ့ လူတွေအတွက်ပါ. . ဘာပဲပြောပြော သားတို့က တင်နာလေးနဲက လပေါင်း ၂၀ လုံးလုံး အတူနေလိုက်ရတာဆိုတော့ အများကြီးကံမကောင်းဘူးလား ၊ မေမေ စဉ်းစားကြည့်လေ. တင်နာ့ကို တစ်ခါမှ မတွေ့ဖူး မမြင်ဖူး ကြားတောင်မကြားဖူးလိုက်တဲ့ လူတွေ ဘယ်လောက်အများကြီးရှိမလဲ ၊ သူတို့ထက်စာရင်တော့ သားတို့က သိပ်ကို ကံကောင်းတာပါ မေမေ" တဲ့

ဖေမြင့် ( Beth Dalton ၏ The Eternal Optimist)

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

8 comments:

  1. ထာဝရအကောင်းမြင်သမားဆိုတဲ့ ခေါင်းစဉ်လေးကို ကြိုက်မိပါတယ်...
    တကယ်ပါဗျာ..
    အမြဲတမ်း အကောင်းမြင်တတ်ရင် တော်တော် စိတ်ချမ်းသာမိမယ်ထင်တယ်...
    ဘုရားစကားနားထောင်ရာလည်းရောက်ပေမပေါ့...
    အစ်မ စာပေလေးက မှတ်သားစရာလေးပါပဲ...
    မှတ်သားသွားပါတယ် အစ်မ..
    အမြဲတမ်း အကောင်းမြင်တတ်ပါစေ....
    ကိုယ်တိုင်လည်း ကြိုးစားပါ့မယ် အစ်မ...

    ReplyDelete
  2. ဘယ်နေရာဘဲ ဖြစ်ဖြစ် အကောင်းမြင် ၀ါဒလေးနဲ.
    ကြည်.တယ်ရင် ကောင်းတယ် စိတ်ချမ်းသာတယ်
    ဒါပေမဲ. ကျင်.ကြံ နေထိုင်ဖို.တော ခက်ခဲမယ်
    နဲ.တူတယ်နော် ... ဘာလို.လဲဆိုတော. သာမန်
    လူထက်တော. လောဘ ဒေါသ မောဟတွေ ချုပ်
    တည်းနိုင်မှ ရမယ်လို.ထင်မိတယ် မမေရေ...ပို.စ်
    လေးကကောင်းတယ်ဗျာ

    ReplyDelete
  3. ဒီလို စိတ်ဓာတ်မျိုး ထားနိုင်ဖို့ ခက်မယ်နော် ကြိုးစားရမယ်

    ReplyDelete
  4. အကောင်းမြင်စိတ်လေး ရှိတာ အများအားဖြင့်ကောင်းပါတယ်.. ဒါပေမဲ့ တချို့ကတော့ မကောင်းဘူးဗျာ.. ကျနော်လဲ ဖတ်ဖူးတာလေးတွေကို ပြန်မျှဝေပါဦးမယ်.. အကုန်မမှတ်မိတော့ဘူးဖြစ်နေတာအမရေ...

    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  5. မေ ရေ
    လာဖတ်တယ်နော်
    ချစ်ခင်လျက်

    ReplyDelete
  6. ဘီလီလေးရဲ့ အကောင်း မြင်စိတ် က တော်တော် ချစ်ဖို့ ကောင်းတာပဲ....။

    လူတိုင်းလည်းအဲ့လိုကျင့်နိုင်ရင်ကောင်းတာပေါ့..။

    စိတ်သက်သာတယ်..။

    ဒီပုံပြင်လေး ကိုမှတ်သားထားမယ်ဗျာ...။

    ချစ်ခင်လျက်
    MN

    ReplyDelete
  7. အရာရာကို အကောင်းမြင်စိတ်လေးနဲ့ ကြည့်တတ်ရင် အဆင်ပြေနိုင်တာလေး မှတ်သားရတယ်။ မျှဝေပေးတာ ကျေးဇူးပါ မမေ ၁၆။

    ReplyDelete
  8. အကောင်းမြင်စိတ်လေးရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ တခါတလေတော့လဲ မကောင်းပြန်ဘူး။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။