ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

စိတ်ရှင်း

စိတ်ဆိုတာ ရှင်းလင်းနေမှ ချမ်းမြေ့တတ်လေရဲ့။ စိတ်ထဲမှာ ရှုပ်ထွေးနေတဲ့အခါ လူကိုယ်ခန္ဓာမှာလည်း လန်းဆင်းကြည်လင်မှုတွေ ကင်းမဲ့နေတတ်တယ်. . . ဒါကြောင့် စိတ်ကိုရှင်းအောင်ထားတတ်ဖို့လည်း လိုအပ်ပါတယ် . .

စိတ်ကို မရှင်းလင်းအောင် ပြုမူတတ်သူဟာ သံသယဖြစ်တယ် . . . သံသယ ဟာ ယုံကြည်မှုတွေကို ရိုက်ချိုးပြီး မေတ္တာတရားကို လည်း ဖျက်ဆီးပစ်တတ်တယ် . . .

ဒီတော့ သံသယကို စိတ်ထဲမှာ ကြာရှည် သိမ်းဆည်းထားတာမကောင်းပါဘူး . . သံသယရှိတဲ့ အကြောင်းအရာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မေးမြန်းကြရမယ် . . . မြုံထားတဲ့ အကျင့်ကို ရှောင်ကြရမယ်. . . စူးစမ်းလေ့လာကြရပါတယ် . . ပြီးတော့ အလျင်အမြန် ဖြေရှင်းကြရမယ် . . ရှက်ရွံ့ခြင်း၊ ကြောက်ရွံ့ခြင်း၊ အားနားခြင်းဆိုတာတွေကို စိတ်ထဲမှာ မွေးမြူမထားသင့်ပါဘူး မသိရင်မေး မစင်ရင် ဆေးကြရပါမယ်. . .

စိတ်ထဲမှာ အစိုင်အခဲအဖြစ် ကြာရှည်အောင် ထားတဲ့အခါ စိတ်လေးလံနေမှာ အမှန်ပဲ. . တစ်စတစ်စ ရင့်မှည့်လာတဲ့အခါ ပေါက်ကွဲထက်တဲ့ အသီးလိုပဲ . . တဖြည်းဖြည်း ကြီးမားလာတဲ့ သံသယစိတ်ဟာ တစ်ချိန်မှာ ပေါက်ကွဲလာပြီး မိမိကိုယ်ပါ အထိနာရစေပါတယ် . .

ဒါကြောင့် စိတ်ကို ရှင်းနိုင်သမျှ ရှင်းအောင် မွေးမြူကြရပါမယ် . . စိတ်ကို ရှုပ်ထွေးစေမည့် ချည်နှောင်မှုမှန်သမျှကို ဆန့်ကျင်ကြရပါမယ်. . စိတ်ထဲရှင်းလင်းအောင်.စိတ်ကို အချည်မခံပါနဲ့ . .

ဖြိုးသာရ (စိတ်)

စိတ်ရှင်းလင်းစွာနဲ့ အေးချမ်းတဲ့ စိတ်ထားပိုင်ရှင်များဖြစ်ပါစေ..

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

7 comments:

  1. စိတ်ကို ရှင်းနိုင်သမျှ ရှင်းအောင် မွေးမြူကြရပါမယ် . . စိတ်ကို ရှုပ်ထွေးစေမည့် ချည်နှောင်မှုမှန်သမျှကို ဆန့်ကျင်ကြရပါမယ်. . စိတ်ထဲရှင်းလင်းအောင်.စိတ်ကို အချည်မခံပါနဲ့ . .

    ဒီစာသားလေးမှတ်သွားပါတယ်အစ်မ...
    ဟုတ်ပါတယ်.. ကိုယ့်ကိုဒုက္ခအပေးဆုံးအရာဟာ ကိုယ့်ရဲ့စိတ်ပါပဲ....
    ကိုယ့်ရဲ့စိတ်ကိုနိုင်ပြီး စိတ်ကိုဖြူအောင်ထားတာဟာ ဘုရားစကားနားထောင်နေတာနဲ့ အတူတူပါပဲ...
    စိတ်ကိုဖြူအောင်ထားနိုင်ပါစေ....
    အမြဲတမ်းဖြူအောင်ထားနိုင်တဲ့ လူတစ်ယောက်ဖြစ်ပါစေ အစ်မ....

    ReplyDelete
  2. မက်မက်လဲ ခဏခဏ စိတ်ကို ညစ်ညူးမှုတွေ ခံစားနေရတယ် ... အဲဒီစိတ်ကို ခဏခဏ ပြန်ပြုပြင် ယူနေရတယ်...စိတ်ဆိုတာ တော်တော်ခက်တယ်နော်..တီတီ

    တီတီလဲ စိတ်ချမ်းသာ ပါစေ...အာဝါးးးးးပါတိတီရေ

    မက်မက်

    ReplyDelete
  3. သမီးအခုတလော သံသယတွေနဲ့ ညစ်နေတာ ဒီပို့စ်လေးကို ကျေးဇူးအရမ်းတင်တယ်ဗျာ။ အဲ့လိုပွင့်လင်းရမယ်ဆိုတာကို သိပေမယ့် အခုတလော ဒါလေးကို မေ့နေတာ။ ကျေးဖူးတင်ပါတယ်ဗျာ။
    ညီမလေး ပါးလုံး

    ReplyDelete
  4. မှန်တယ် မေရေ...လောကမှာ အောင်မြင်တယ်
    ဆိုတာတွေထက် ကို.စိတ်ကို အောင်မြင်တာက
    အရာအားလုံးထက် ထာဝရ သာပါတယ်...

    ReplyDelete
  5. ကိုတိုးလေးJune 17, 2009 at 3:40 PM

    အမရေ ဗဟုသုတလေးတွေယူသွားတယ်နော် ကို့စိတ်ကို အမြဲတမ်းရှင်းနေအောင်ထားပါတော့မယ်။ ကိုယ့်စိတ်ကိုအောင်မြင်အောင်ထိန်းသိမ်းပါ့တော့မယ်အမရေ။မျှဝေပေးတာကျေးဇူးပါ အမ

    ကိုတိုးလေး

    ReplyDelete
  6. စိတ်ရှင်းအောင်ထားနိုင်တာအကောင်းဆုံးပဲ
း)
    ကြိုးစားနေပါတယ်

    ReplyDelete
  7. စိတ်..စိတ်...စိတ်... လူ့အလို နတ်မလိုက်နိုင်တဲ့ အဲဒါ စိတ်ကြောင့်။ လူ့စိတ်ဟာ မျောက်စိတ်တဲ့၊ စ်တ်အလျှင်ဟာ တစ်စက္ကန့်ကို မိုင်ပေါင်း ဘယ်လောက်ဆိုလား သွားတယ်တဲ့ ဖတ်ဖူးတာပဲ တိတိကျကျ သိချင်ရင် ရှာသာဖတ်တော့

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။