ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဗုဒ္ဓဘာသာဟူသည်


ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာက စကား၊ နှစ်ခုပေါင်းတော့ ဗုဒ္ဓဘာသာ ဆိုတာ ဘုရား စကား ။ ဘုရားရှင် လေးဆယ့်ငါးနှစ်တိုင်တိုင် ဟောကြားခဲ့၊ ဆုံးမခဲ့သော ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ဟူသော ပိဋိကတ်သုံးပုံသည် စင်စစ်အားဖြင့် ဗုဒ္ဓဘာသာ ဖြစ်သည်။
ပိဋိကတ်သုံးပုံးကို အနှစ်ချုပ်လိုက်လျှင်တော့ မကောင်းမှုဟူသမျှ မပြုလုပ်နှင့် ရှောင်ပါ။ ကောင်းမှုဟူသမျှ ပြုလုပ်ပါ။ မိမိစိတ်ကို ဖြုစင်သန့်ရှင်းအောင်ထားပါ ဟူသော သုံးချက်သာဖြစ် သည်။ ယင်း အဆုံးအမတော်သုံးချက်ကို လိုက်နာကျင့်ကြံသူသည် ဗုဒ္ဓဘာသာဝင် (ဗုဒ္ဓဘာသာ) ဖြစ်သည်။
ဗုဒ္ဓဘာသာကို မူကြိုအဆင့်၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ဟူ ၍ လေးဆင့်သတ်မှတ်ပါသည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း ထေရဝါဒ နှင့်မသက်ဆိုင်သော ဗေဒင်၊ ဓာတ်၊ ယတြာ၊ နတ်၊ ဘိုးတော်၊ မယ်တော်၊ ရက်ရာဇာ၊ ပြဿဒါး အစရှိသည်များကို အလေးထားသော ဗုဒ္ဓဘာသာသည် မူကြိုအဆင့်မျှသာရှိသည်။
ကမ္မဿကတာ သမ္မာဒိဠိနှင့် ပြည့်စုံ၍ ရတနာမြတ်သုံးပါး၊ ကံနှင့် ကံအကျိုးတရားကိုသာ အလေးထားသော ဗုဒ္ဓဘာသာသည် မူလတန်းဗုဒ္ဓဘာသာဖြစ်သည်။ ဒါနကုသိုလ်၊သီလကုသိုလ်မျှ နှင့်အားရ ကျေနပ်မနေဘဲ ဘာဝနာအဆင့်သို့ ကူး၍ ဝိပဿနာတရားဓမ္မ ကြိုးစားအားထုတ်သဖြင့် ရုပ်နာမ်ကွဲ၊ ဖြစ်ပျက်မြင်၊ အနိစ္စ ဒုက္ခ အနတ္တ ထင်သော ဗုဒ္ဓဘာသာသည် အလယ်တန်းဗုဒ္ဓဘာသာ ဖြစ်သည်။
တရားဓမ္မကို ကြိုးစားအားထုတ်၊ သီလ၊ သမာဓိ၊ ပညာတွေ ပြည့်စုံ၍ ဝိပဿနာဥာဏ် ရင့်သန်အားကောင်းသဖြင့် မဂ်ဥာဏ်၊ဖိုလ်ဥာဏ်ရရှိသွားသော ဗုဒ္ဓဘာသာသည် အထက်တန်း ဗုဒ္ဓဘာသာဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာတို့အနေနှင့် မိမိဘယ်အဆင့်၊ ဘယ်အတန်း ရောက် ပြီလဲဆိုတာ ချိန်ထိုးကြည့်နိုင်သည်။ အတန်းတက်ချင်လျှင်တော့ စာကျက်မှဖြစ်မည်၊ လက်ရှိအတန်းအောင်အောင်လုပ်မှဖြစ်မည်။

အရှင်သံဝရာလင်္ကာရ ဓမ္မပိယဆရာတော်


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

13 comments:

  1. ကျွန်တော်တော့ မူလတန်းမှတင် တဖုန်းဖုန်း ကျနေမှန်း ခုမှပဲ သိတော့တယ်ဗျာ။

    ReplyDelete
  2. အလယ်တန်းအဆင့်ကို ရောက်အောင်ကျိုးစားလျှက်ပါ။ အထက်တန်းအဆင့်ကတော့ တော်တော်ကျိုးစားရပါဦးမယ်။
    ပိုစ့်ကောင်းလေး အတွက်ကျေးဇူးပါ။

    ညခင်း

    ReplyDelete
  3. အမရေ.. ပို့ စ်လေးကူယူသွားပါတယ်...
    ကိုယ့်အဆင့်ကိုသိရတာပေါ့...
    မူလတန်းကနေအလယ်တန်းကို တက်လှမ်းရဦးမယ်အစ်မရေ...
    ကျေးဇူးပါ..စာအများကြီးကျက်ရဦးမယ်..
    ကြိုးစားပြီး စာကျက်လိုက်ဦးမယ်အစ်မ....
    အစ်မလည်းစာတွေကျက်မှတ်ပြီး အထက်တန်းကို အောင်မြင်နိုင်ပါစေဗျာ...

    ReplyDelete
  4. မူလတန်းကိုတောင် ကောင်းစွာ မအောင်နိုင်သေးဘူး။ ကြိုးစားနေဆဲပါ။ ပို့လေးတဲ့အတွက် ကျေးဇူးပါပဲ။ အဆင်ပြေပါစေ။

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ဆိုတာ သုတ်တန်၊၀ိနည်း၊အဘိဓမ္မာ လို့ ပိုင်းခြားထားတာကို ဆိုလိုခြင်း ဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။( သုတ်တန် ၂၁၀၀၀၊၀ိနည်း ၂၁၀၀၀ နဲ့ အဘိဓမ္မာ ၄၂၀၀၀ ။ )
    ကျွန်တော်တို့ နိုင်ငံမှာ ထေရ၀ါဒ ဗုဒ္ဓသာသနာတော် ထွန်းကား နိုင်ဖို့ အတွက်ကတော့ မိရိုးဖလာ ဗုဒ္ဓဘာသာကနေ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓဘာသာ အဖြစ်ပြောင်းလည်း သင့်နေပါပြီ ။ ဗေဒင်၊ ဓာတ်၊ ယတြာ၊ နတ်၊ ဘိုးတော်၊ မယ်တော်၊ ရက်ရာဇာ၊ ပြဿဒါး စတဲ့ အယူဝါဒတွေ ကင်းစင်အောင်လည်း ကြိုးစားသင့်နေပါပြီ ။ နောက်ထပ်လည်း ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တာလေးတွေကို မျှဝေပေးပါဦးလို့ တောင်းဆိုခြင်ပါတယ်။ ဒီလို စာတွေ အများအပြားရှိသင့်တယ်လို့ ထင်ပါတယ်။

    ReplyDelete
  7. တကယ်ဗဟုသုတရပါတယ်ဗျာ...ကျေးဇူးပါဗျာ

    ReplyDelete
  8. မှတ်သားစရာ ပို့စ်လေး အတွက် ကျေးဇူးပါဘဲ
    အမ ရေ အဆင်ပြေပျော်ရွှင်ပါစေဗျာ

    ReplyDelete
  9. ကျေးဇူး တင် နေရ ပါတယ် တန်ဖိုးရှိတဲ့စာတွေအတွက် ပါခင် ဗျ။

    ငြိမ်းချမ်း ပါစေ

    ReplyDelete
  10. ကိုတိုးလေးJune 12, 2009 at 8:46 PM

    တော်တော်လေးကို တန်ဖိုးရှိတဲ့စာသားလေးတွေပါ ဖတ်မှတ်သွားပါတယ်နော်။ ကျွန်တော်လည်းပဲမှုလတန်းအဆင့်မှာတင်ပဲကျကျနေတယ်။

    ReplyDelete
  11. မေရေ
    ပိုစ့်လေးအတော်ကောင်းတယ်
    လေ့လာမှတ်သားသွားပါတယ်
    ခင်မင်လျက်

    ReplyDelete
  12. ကျနော် က ဘွဲ့ရပြိးပြိ လို့ကိုယ့်ကိုယ်ကိုထင်ထားတာ အခု့မှ မူလတန်းလွန်ပဲ ရှိသေးတာပဲနော်

    ReplyDelete
  13. စာကျက်ပါ့မယ် :D

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။