ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ရေ၀တီ

"ရေ၀တီ"ဆိုတဲ့နာမည်လေးက တော်၂ကိုလှတာပါ နာမည်ကြားတာနဲ့တင် သူ့အကြောင်းသိချင်နေတာပါ. . . နာမည်လေး လှသလို သူ့ရဲ့ဘ၀သမိုင်းကြောင်းလည်း လှမှာပဲ ဆိုပြီး သူ့ရဲ့သမိုင်းကြောင်းကို ရှာဖတ်ကြည့်ဖြစ်ပါတယ်. . . .ဖတ်ကြည့်မှ အထင်နဲ့အမြင် တက်၂စင်အောင် လွဲတော့တာပါပဲ. . . ရေ၀တီရဲ့ ဇာတ်လမ်းလေးက ဒီလိုပါ.. .
တစ်ခါတုန်းက နန္ဒိယဆိုတဲ့ အမျိုးသားကောင်းတစ်ယောက်ရှိပါတယ်. . . . သူ့ရဲ့ ထူးခြားချက်ကတော့ ဒါနပြုတာ သိပ်ဝါသနာပါတာပါ. အိမ်ရှေ့မှာ ဆွမ်းကပ်ရုံတင်မကဘဲ မရှိဆင်းရဲသားတွေကိုလည်း နေ့စဉ် ထမင်းပေးလှူတာပါ. . . ဒါနကို စေတနာပါပါနဲ့ နေ့စဉ်ပြုနေတော့ စီးပွားရေးကလည်း ဆထက်ထမ်းပိုး ပိုပိုအဆင်ပြေလာပါတယ်. . . . ဒါနရဲ့ အကျိုးကို လက်တွေ့ခံစားနေရတော့ နန္ဒိယက သူ့ရဲ့ အလှူဒါနကို လျော့မသွားစေဘဲ တိုးတိုးပဲ လှူနေပါတယ်. . .
နန္ဒိယကို သူ့အမေက က သူ့တူမ ရေ၀တီနဲ့ နေရာချပေးချင်ပါတယ် ဒါပေမယ့် နန္ဒိယက ငြင်းပါတယ်. . အကြောင်းရင်းကတော့ ရေ၀တီက ဘာသာရေး စိတ်ဝင်စားမှုနည်းလို့ပါတဲ့. . .
ဒီတော့ သူ့အမေက သူ့တူမကို အကြံပေးရပါတယ်. . . တူမလေးရယ် နန္ဒိယက ဒါနပြုတာသိပ်ဝါသနာပါတာ . . နန္ဒိယဆွမ်းလောင်းတဲ့အခါမှာ လာကူရတယ် သပိတ်ကို လှမ်းယူရတယ် . . ဆွမ်းစားပြီးတဲ့အခါမှာလည်း သပိတ်ကို ဆေးပေးရတယ် . . . လို့ပြောပါတယ်. .
ရေ၀တီက သူ့အဒေါ်ပြောသလို လာကူပါတယ် ရက်ကလေးကြာလာတော့ အမေလုပ်သူက သားရယ် ဟိုမှာတွေ့လား ရေ၀တီကသိပ်လိမ္မာတာပဲ သပိတ်တွေကို ကိုယ်တိုင်ဆေးပေးနေတာလို့ သူ့တူမ ကောင်းကွက်လေးတွေကို ပြောပြပါတယ်. . နောက်ဆုံးတော့ နန္ဒိယနဲ့ ရေ၀တီညားရော ဆိုပါတော့ . .
ညားခါစမှာတော့ ရေ၀တီက ဟုန်ဆောင်ပန်ဆောင်လုပ်ပါသေးတယ် . . ဒါပေမယ့် စိတ်ထဲကလုံးဝကိုမပါပါဘူး . .
နောက် နန္ဒိယယက ဣသိပတနကျောင်းတိုက်ကြီးမှာ ကျောင်းဆောင်ကြီး တစ်ဆောင်ကို မြတ်စွာဘုရားရှင်ရဲ့လက်တော်ကို ရေလောင်းပြီး ရေစက်ချလှူပါတယ် . . . သူ့ရဲ့သဒ္ဓါတရားက ထက်သန်နေတော့ တာဝတိံသာ နတ်ပြည်မှာ ကြိုဗိမာန်ပေါက်တော့တာပါပဲ. . . ဗိမာန်တင်မကပါဘူး . . . . ပြုစုမယ့် နတ်သမီးတွေကလည်း အသင့်စောင့်ကြိုနေကြပါတယ် . . . ရေ၀တီကတော့ နန္ဒိယလုပ်နေတာတွေကို စိတ်ထဲကတော့ လုံးဝမကြည်ဖြူပါဘူး . . . မပြောသာလို့သာကြည့်နေတာပါ. . .
တစ်နေ့တော့ နန္ဒိယဟာ ကုန်ရောင်းကုန်ဝယ်ကိစ္စနဲ့ ခရီးထွက်ဖို့ကြုံလာပါတယ် . . . ခရီးမထွက်ခင်ရေ၀တီကို ရဟန်းသံဃာများကိုဆွမ်လောင်းတဲ့ ဆွမ်းဝတ်ကို ဂရုစိုက်လောင်းရန်နှင့် ဆင်းရဲသားတွေကိုပေးလှူတဲ့ အ၀တ်များကိုလည်း မလျော့စေရန် မှာခဲ့ပါတယ်. .
ဒါပေမယ့် ရေ၀တီက နန္ဒိယခရီးထွက်သွားတာနဲ့ ရဟန်းသံဃာများကို ဆန်ကွဲထမင်းနဲ့ ပုန်းရည်ဟင်းပဲလောင်းပါတော့တယ် ဆင်းရဲသားတွေကို လုံးဝမပေးလှူတော့ပါဘူး နန္ဒိယ ကုန်ရောင်းဝယ်ကိစ္စပြီးပြန်လာတာနဲ့ အိမ်မ၀င်ခင် သတင်းဆိုးကို အရင်ကြားလိုက်ပါတယ်. . . . ဒါနဲ့ရေ၀တီကို အိမ်ပေါ်ကနှင်ချလိုက်ပါတယ်. . . . .
နောက်တော့မိတ်ဆွေများက နန္ဒိယကို ကိုယ့်ဇနီးကို နှင်ချတာမကောင်းပါဘူး . . . ပြန်ခေါ်ပါလို့ တိုက်တွန်းပြန်တယ် ရေ၀တီအိမ်ပြန်ရောက်ပြီးမကြာခင်ကာလ မှာပဲ နန္ဒိယ ကွယ်လွန်သွားပါတယ်. . . . နန္ဒိယကွယ်လွန်သွားတော့ ရေ၀တီက သိပ်ဝမ်းသာသွားပါတာပေါ့ . . . .
သူပထမဆုံး ဖျက်ဆီးလိုက်တဲ့ဝတ်ကတော့ ဆင်းရဲသားတွေကို ပေးလှူတဲ့ဒါန၀တ်နဲ့ ရဟန်းသံဃာတော်များကို ဆွမ်းလောင်းလှူတဲ့ ၀တ်တွေကို ဖျက်ဆီးပစ်လိုက်ပါတယ် . . . . ဆွမ်းခံလာတဲ့ရဟန်းသံဃာများကို လည်း ရေရွတ်ဆိုဆဲရေးသတဲ့ သူ ရေရွတ်ဆဲရေးတဲ့ အထဲမှာ ရဟန္တာတွေလည်းပါပါတယ်
အဲဒီအကုသိုလ်ကံဟာ ရေ၀တီအတွက် အကြီးမားဆုံးဖြစ်သွားပါတယ်. . . အသေးစားကုသိုလ်တွေကလည်း ခြံရံနေတော့ နောက်ဆုံး အရှင်လတ်လတ် ငရဲကျသွားပါတော့တယ်. . . .

"အကုသိုလ်နှင့်၊ ကုသိုလ်နှစ်ပါး၊ ကံတရားကား၊ မယားပြုရာစိတ်မပါလျှင် လင်မှာမရ ၊
လင်ပြုကလည်း၊ မယားအိမ်သူ စိတ်မတူသော်၊ မှန်ယူ မှန်စွာမရေရာဘူး။"

ရဝေနွယ်(အင်းမ) (အတွေးများနှင့်မိတ်ဖွဲ့ခြင်း)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

12 comments:

  1. ဖတ်မှတ်သွားပါတယ်နော် ..
    ခုထက်ပိုပြီး မျှဝေနိုင်ပါစေ ..း)

    မိုးခါး

    ReplyDelete
  2. ရေ၀တီတဲ့။ နာမည်လေးလှသလောက် စိတ်ဓါတ်မကောင်းလိုက်တာနော်။

    ReplyDelete
  3. အစ်မရေ.. ရဝေနွယ်(အင်းမ)ရဲ့ အတွေးများနဲ့ မိတ်ဖွဲ့ချင်း စာအုပ်ထဲက စာသားလေးတွေ အရမ်းကြိုက်မိပါတယ်.. ကျွန်တော့အတွက်ကတော့ ဒီစာအုပ်ထဲကစာသားလေးတွေနဲ့ ဘာသာရေးကိုစလုပ်ဖြစ်တယ်လို့ ပြောလို့ရပါတယ်အစ်မ...
    ပြန်လည်ဝေမျှပေးတဲ့အတွက် သာဓုခေါ်သွားပါတယ်...
    အစ်မစိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

    ReplyDelete
  4. ဖတ်လို့ ကောင်းတယ်ဗျာ

    ရီနိုမာန်

    ReplyDelete
  5. အမရေ မျှဝေသွားတာလေးအတွက် ကျေးဇူးအထူးပါ။ ရေ၀တီဆိုတာကို သီချင်းထဲမှာတော့ ကြားဖူးတယ် ဒါပေမဲ့ သူက ဘာကိုဆိုလိုတာလဲတော့ သေချာမသိဘူး.. ဒီလိုမျိုးလေး သိလိုက်ရတဲ့အတွက် ကျေးဇူးပါ...


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  6. ကိုတိုးလေးJune 8, 2009 at 2:32 PM

    အမရေ မျှဝေပေးတာကျေးဇူးပဲနော် ဖတ်လို့အရမ်းကောင်းတယ် မှတ်သားသွားပါတယ်နော် အမ အခုထက်ပိုပြီးတော့လည်း မျှဝေပေးနိုင်ပါစေခင်ဗျာ။

    ReplyDelete
  7. အင်း.... အသွင်မတူ အိမ်သူမဖြစ် ဆိုသလိုပေါ့
    .. မှတ်သာသွားပါတယ်ဗျာ...။

    ReplyDelete
  8. "အကုသိုလ်နှင့်၊ ကုသိုလ်နှစ်ပါး၊ ကံတရားကား၊ မယားပြုရာစိတ်မပါလျှင် လင်မှာမရ ၊
    လင်ပြုကလည်း၊ မယားအိမ်သူ စိတ်မတူသော်၊ မှန်ယူ မှန်စွာမရေရာဘူး။"

    တီတီရေ မှတ်သားသွားပါတယ်...အခုလို တင်ပေးတာ ကျေးဇူးပါ

    အာဝါးးးးးးးးးးးးးးး

    ReplyDelete
  9. "အကုသိုလ်နှင့်၊ ကုသိုလ်နှစ်ပါး၊ ကံတရားကား၊ မယားပြုရာစိတ်မပါလျှင် လင်မှာမရ ၊
    လင်ပြုကလည်း၊ မယားအိမ်သူ စိတ်မတူသော်၊ မှန်ယူ မှန်စွာမရေရာဘူး။"

    သားလဲ အိမ်မက်လို ဒီအပိုဒ်လေးကိုကြိုက်တယ်ဗျ သိလား.... :)

    ReplyDelete
  10. လေးလေးနက်နက် ပြန်ဖတ်သွားပါတယ်။ အသိတရားက အရေးကြီးလှကြောင်း တွေးယူမိတယ်။ အဆင်ပြေပါစေ။

    ReplyDelete
  11. ဒီလို အိမ်သူမျိုးတွေ့ မှာဆိုးလို့ လူပျိုကြီးလုပ် မလား စိတ်ကူးမိပါရဲ့....။

    နောက်တာပါ...

    အသိ ကို သတိနဲ့ ချပ်ရမှာပေါ့ ဗျာ

    ReplyDelete
  12. ရေ၀တီဆိုတာ ဘာအဓိပ္ပါယ်လဲ... ပါဠိစကားလား

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။