ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အလွမ်း

တချို့ကလည်း ငယ်ဘ၀ကိုလွမ်းသတဲ့. . . တချို့ကျတော့ လွမ်းမိတာတွေကို အမျိုးမျိုးပြောတတ်ကြတယ်. . . ချစ်သူကိုလည်း လွမ်းကြပြန်သတဲ့. . . ကိုယ်ကလွမ်းသလို ကိုယ့်ကို ပြန်လွမ်းမယ် မလွမ်းဘူးဆိုတာတော့ လွမ်းရတဲ့သူက မသိနိုင်ပါဘူး . . . .
အဲဒီတော့ အလွမ်းစိတ်ဆိုတာ တစ်ဖတ်သတ်ပါပဲ အလွမ်းဆိုတာ အချိန်ပိုနေတဲ့သူတချို့အတွက်များလား . တချို့က တခြားလုပ်စရာ ကိုင်စရာကိစ္စမရှိတော့တဲ့အခါ အချိန်တွေပိုနေတတ်ကြတယ်. . . .အဲဒီအချိန်မှာ သူတို့စိတ်တွေက ပြေးချင်ရာကို လျှောက်ပြေးနေလိမ့်မယ်. . .အဲဒီအချိန်မှာ အလွမ်းဆိုတာပေါ်လာမှာပါ. . .
လွမ်းတာနဲ့ သတိရတာ လည်းမတူပါဘူး လွမ်းတယ်ဆိုတာ သတိရတာထက် ပိုပြီး နက်နဲသိမ်မွေ့ပါတယ်. . . .ဒီနေရာရောက်တော့ တစ်ယောက်၂ကို သတိရတာရှသလို၊ အဲဒီတုန်းက သူငါ့အပေါ် ဒီလိုလုပ်သွားတာကို သတိရသေးတယ်ဆိုပြီး မကျေနပ်စိတ်နဲ့သတိရတတ်ကြပါတယ်. . .
လွမ်းဆွတ်ကြေကွဲခြင်းဆိုတာကျတော့ လွမ်းရသူအဖို့ ဆုံးရှူံးရခြင်းကို ပါ ဖော်ညွှန်းပါတယ်.. .
အရာအားလုံးမှာ ဥပက္ခာဆိုတာကတော့ ကြောက်စရာအကောင်းဆုံးပါ..... ချစ်ခြင်း၊မုန်းခြင်းမရှိတဲ့ သဘောကို ဖော်ညွှန်းပါတယ်... မုန်းတယ်ဆိုတာက တစ်ချိန်မှာ ခွင့်လွှတ်တတ်ရင် ပြန်ချစ်ခင်ကြင်နာလို့ ရနိုင်ပါတယ်...
ဥပက္ခာကျတော့ လူတစ်ယောက် အသက်ရှင်နေသေးတယ် ဆိုရင်တောင်မှ အဲဒီလူနဲ့ပတ်သက်ပြီး စိတ်ထဲမှာ ဘာမှမရှိတော့၊ မကျန်တော့တဲ့သဘောပါ... ဥပက္ခာပြုလိုက်ပြီဆိုရင် နာကျည်းခြင်း အဆင့်ထက် ပိုကျော်လွန်သွားတာ ဖြစ်ပါတယ်....

လူတိုင်း လွမ်းဆွတ်ခြင်း၊ ဥပက္ခာပြုခြင်း များ အားလုံးကင်းဝေးကြပါစေ..
(ခုထိမမေ့နိုင်တဲ့လွမ်းချင်းနဲ့ ကျွန်မအမေကို လွမ်းပါတယ်... )

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

9 comments:

  1. ဒီပို.စ် ဖတ်ရတာ တကယ်ကို လွမ်းရတဲ.
    ခံစားချက်လေးဖြစ်ရပါတယ်ဗျာ...

    ReplyDelete
  2. ဖတ်ရတာ လွမ်းစရာပဲ

    ReplyDelete
  3. ဥပက္ခာကျတော့ လူတစ်ယောက် အသက်ရှင်နေသေးတယ် ဆိုရင်တောင်မှ အဲဒီလူနဲ့ပတ်သက်ပြီး စိတ်ထဲမှာ ဘာမှမရှိတော့၊ မကျန်တော့တဲ့သဘောပါ... ဥပက္ခာပြုလိုက်ပြီဆိုရင် နာကျည်းခြင်း အဆင့်ထက် ပိုကျော်လွန်သွားတာ ဖြစ်ပါတယ်....

    မှတ်သားရပါတယ်
    ကဗျာပန်းလေးရေ
    ခင်မင်လျက်

    ReplyDelete
  4. ကိုတိုးလေးJune 5, 2009 at 6:59 PM

    ဒီပိုစ့်လေးဖတ်ရတာ ပိုလွမ်းသွားပြီဗျာ။ မလွမ်းတတ်တဲ့သူမရှိပါဘူးနော်။ အဆင်ပြေပျော်ရွှင်ပါစေနာ်။

    ReplyDelete
  5. အမပြောမှ ဥပက္ခာဆိုတဲ့ အကြောင်းလေး ရေးဖို့ စိတ်ထဲပေါ်လာတယ်...
    အစ်မတစ်ယောက် စာကောင်းပေမွန်တွေ ဆက်လက်ရေးသားနိုင်ပါစေ..

    ReplyDelete
  6. မှတိသားသွားတယ်။ လွမ်းတယ်ဆိုတာ အလုပ်မရှိ အကိုင်မရှိ ၁၀၉၊၁၁၀ တွေမှ လုပ်တဲ့ အလုပ်ဆိုတာ...... ဟိ

    ReplyDelete
  7. ဥပေက္ခာပြုခံရတာခံလို့မကောင်းဘူး
    ဒါပေမယ့် ဥပေက္ခာပြုတတ်ရင်ကောင်းတယ်

    ReplyDelete
  8. ဘာသာရေးဘက်ကဆိုရင်တော့ ဥပက္ခာ က meaning အသစ်တွေ ရှိမယ်ထင်တယ်ဗျ ဖတ်မှတ်သွားပါတယ်

    ReplyDelete
  9. လောကုတ္တရာဘက်က ကြည့်ရင်တော့ ဥပေက္ခာက ကောင်းမယ် ထင်တယ်။ ပါရမီ ဆယ်ပါးမှာ သူလဲ ပါနေတယ် မဟုတ်လား။ လောကီအတွက်တော့ မပြောတတ်ဘူး။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။