ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဒါကယောကျာ်းတွေဘက်က အမြင်ကိုး


စိုက်ပျိုးရေးတက္ကသိုလ်တက်နေရာမှ ကျောင်းပိတ်ရက်တွင် အိမ်ပြန်လာရာအိမ်နီးချင်း အမျိုးသမီး တစ်ယောက်က ကျွန်တော့်အား လာတွေ့ပြီးမေးလေသည်. . . . ကြက်မွေးချင်သဖြင့် အကြံဥာဏ်လာတောင်းခြင်းဖြစ်သည်. .
ကြက်မွေးမြူရေးမှာ ကျွန်တော်သင်ယူသည့် ဘာသာရပ်မဟုတ်ကြောင်း၊ သို့သော် တစ်နိုင်မွေးလိုလျှင် ကြက်ဖတစ်ကောင်နှင့် ကြက်မ ၂၅ကောင်လောက် ဆိုရင် လုံလောက်ကြောင်း ကျွန်တော်ကပြောလိုက်ပါသည် . . . . .

နွေရာသီကျောင်းပိတ်ရက်၌ အိမ်ပြန်လာရာ ထိုအမျိုးသမီး၏ ကြက်မွေးမြူရေးကို သွားကြည့်သည့်အခါ ကျွန်တော် အံ့အားသင့်သွားပါသည် . . . ကြက်မ ၂၅ ကောင်နှင့် ကြက်ဖအတော်တော်များများကို တွေ့ရသဖြင့်ဖြစ်သည်. . . .
ကျွန်တော်ကရှင်းပြသည်. . .
"တကယ်ဆိုရင် ကြက်ဖတစ်ကောင်နှစ်ကောင်ဆိုလျှင် ဒီကြက်မတွေအတွက် လုံလောက်ပါတယ် . . . "

ကျွန်တော့်ကို ထိုအမျိုးသမီးက မကျေမနပ်နဲ့ကြည့်ပြီး ပြန်ပြောလိုက်သည်မှာ . . .
"ဒါကတော့ ရှင်တို့ယောကျာ်းတွေအမြင်နဲ့ပြောတာကိုး ". . . တဲ့

ရယ်မောခြင်းဖြင့် အသက်ရှည်ပါစေ. . .

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

20 comments:

  1. အန်

    စိုက်ပျိုးရေးတက္ကသိုလ်ဆင်း အစ်မကြီးရဲ့
    မိန်းကလေးတွေ အပေါ်ထားတဲ့ စေတနာကို
    လေးစားသွားတယ် ...

    (အဟိ)

    ReplyDelete
  2. ကိုဝင်းဇော် ဟီး၂မှားနေပြီ မွေးချင်တာက အမျိုးသမီး စိုက်ပျိုးရေးဆင်းက အမျိုးသားဟီး၂

    ReplyDelete
  3. သူကလည်း စေတနာနဲ့ပါ .. တစ်ယောက်တည်းဆိုတော့ လက်မလည်မှာ စိုးလို့ နေမှာပေါ့ ... ပုံစံကြည့်ရတာ အဲ့ အဒေါ်ကြီးက ယောကျာင်္းတွေကို စိတ်နာနေပုံရတယ် ဟဟ ... တော်တော်ဟာသပဲ .. :D

    ReplyDelete
  4. ပန်းကဗျာရေ့ ။
    ကြက်ဖတစ်ကောင်နှင့်ကြက်မ၂၅ကောင်ဆိုရင် ကြက်မွေးမြူရေး တကယ်ရမလားမသိဘူးနော်။ ကြက်ဖကြီး ကျန်းမာရေးမဖောက်ပြန်ပါစေနဲ့ဘဲ ဆုတောင်းရတော့မှာပေါ့။ ဟဲ ဟဲ။
    ရွှင်လန်းချမ်းမြေ့ပါစေ ပန်းကဗျာ။

    ReplyDelete
  5. ဟဲဟဲ သဘောကျသွားပါတယ်...။

    ReplyDelete
  6. ဟားဟား ဖတ်ပြီးရယ်သွားပါတယ်ဗျာ
    အဆင်ပြေတယ်ဟုတ်

    ReplyDelete
  7. တော်သေးတာပေါ့ဗျာ... ကြက်ခြံက ကြက်ဖတွေကို တစ်လင်တစ်မယား စနစ် မကျင့်သုံးခိုင်းလို့... ဟား ဟား

    ReplyDelete
  8. ပန်းကဗျာ မေ ၁၆ တို့ရေ.

    ရီသွားတယ်..
    နောက်ပါ့...

    good luck

    ReplyDelete
  9. ဟားဟား တကယ်ထိမိတဲ့ ဟာသလေးပဲဗျာ။ သဘောကျတယ်။
    ပျော်ရွှင်ချမ်းမြေ့ပါစေ။

    ReplyDelete
  10. အဟား ကြံကြံဖန်ဖန် ရယ်ရတယ်ဗျို. (ရဲကြီး)

    ReplyDelete
  11. ရယ်မောသွားပါတယ်
    ပျော်ရွှင်ပါစေ

    ReplyDelete
  12. နတ်သမီး တစ်ဖက် ငါးရာ ဆိုတဲ့ ဟာသလေးပဲ ၁၀တန်းတုန်းက ကြားဖူးတယ်။
    အော် ဒီလို မျှမျှ တတ စဉ်းစားပေးတာလည်း ထပ်ရှိသေးတာကိုး...
    လေားစားပါတယ် ဧရာဝတီရယ် :P

    ReplyDelete
  13. ဟဟဟ
    တော်တော်သဘောကျ သွားပြီ

    :P

    ReplyDelete
  14. တော်တော်လေးကို ရီသွားတယ်ဗျာ... အဟားဟား

    ReplyDelete
  15. လာရီသွားတယ်
    ဟုတ်ပါ့း)

    ReplyDelete
  16. ဟာဟ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းရမယ် ဒါပဲ အဟီး

    ReplyDelete
  17. အသည်းကွဲတဲ့ကြက်မ အထီးကျန်တဲ့ကြက်မ မရှိတော့ဘူးပေါ့ အဟီး

    ReplyDelete
  18. ကြက်မတွေကို သနားသွားပါတယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။