ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကဆုန်လဖွဲ့

"ကဆုန်လဖွဲ့"

မြူခြေငယ် စွန်းပါလို့၊
နေ၀န်းငယ်စက်ရှိန်၊
တောက်လောက်ငယ်ထိန်သည်၊
ဖန်သူရိန် တေဇောကြောင့်
ပူဗျာပါကဲတဲ့ လကိုလေး။
ရာသီငယ်ပြိသာ၊
မဟေသီလဲ ရွှေညီခလို့၊
ပန်းမြစကားဝါ၊
ဝိသာခါနှင့် တာရာခြံရံ၊
စန်းငွေယုန်ဖန်သည့်နှယ်၊
ဆန္ဒန်ပိုင် ဘွေဘုံမှာ၊
လကဆုန် ညောင်ရေပွဲပေမို့
သဲလှတယ်လေး။

(မဟာအတုလမင်းကြီး၏ ဆယ့်နှစ်လရာသီဖွဲ့လွမ်းချင်း)

ကဆုန်လသည် မြန်မာများ၏ ဒုတိယလဖြစ်ပြီး ဧပြီလနှင့် မေလအတွင်း ကျရောက်ပါသည်. . . ကဆုန်လသည် မြန်မာဗုဒ္ဓဘာသာဝင်တို့၏ လထူးလမြတ်ဖြစ်ပါသည် . . ကဆုန်လပြည့်နေ့သည် ဘုရားလောင်း သုမေဓာရှင်ရသေ့က ဒီပင်္ကရာ မြတ်စွာဘုရားထံမှာ "ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်" ဟု နိယတဗျာဒိတ်ကို ခံတော်မူခြင်း၊ မဟာဗောဓိပင်ပေါက်ခြင်း၊ သစ္စာလေးပါးကို သိမြင်၍ ဘုရားဖြစ်တော်မူခြင်း၊ မဟာဗောဓီပင်ပေါက်ခြင်း၊ ပရိနိဗ္ဗာန် ၀င်စံတော်မူခြင်းဟူသော အလွန်ထူးခြားသည့် ဗုဒ္ဓ၀င်မှတ်တိုင်ကြီးများကို စိုက်ထူခဲ့သော နေ့ထူးနေ့မြတ်ကြီးဖြစ်သည်. . .
သို့ပါ၍ဗုဒ္ဓဘာသာဝင် မြန်မာတို့က ကဆုန်လပြည့်နေ့ဗုဒ္ဓနေ့ဟု သတ်မှတ်ကာ အခါတော်နေ့ကို တခမ်းတနားကျင်းပလေ့ရှိသည်. . . ကဆုန်လပြည့်နေ့ ရောက်တိုင်း မြန်မာနိုင်ငံ တ၀န်းလုံးရှိ မြို့ရွာဒေသ အသီးသီးတို့၌ စေတနာ သဒ္ဓါတရားအလိုက် အလှူဒါနပွဲများနှင့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကျင်းပဆင်နွှဲလေ့ ရှိကြည်သည်. . . ကဆုန်ညောင်ရေသွန်းပွဲတော်သည် မြန်မာတို့၏ ရှေးရိုးစဉ်လာ ရိုးရာယဉ်ကျေးမှုရာသီပွဲ ဖြစ်သည်...

Kason

Kason is the second Myanmar month and comes in April-May. It is a sacred month for Myanmar Buddhists. The full-moon day of Kason was the day hermit Sumeda heard from Dipankara Buddha that he would one day be a Lord Buddha, the day embryo-Gautama Buddha was born, the day he saw Four Noble Truths; the day Maha Bodhi Tree grew for him and the day of his Pari-Nibbana.
So this day is commemorated by Myanmar Buddhists as Buddha Day. The main actifity on this festival day is pouring water at the 'bo' (Bodhi Nyaung) tree.
From days for yore to this day , bo tree watering cereomnies are held at numerous pagodas in the country on this day.It is one of the traditioanl cultural festifals of Myanmar people.

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

8 comments:

  1. ဗဟုသုတအတွက် ဖတ်သွားပါတယ်။ ရှယ်ပေးလို့ ကျေးဇူးပါ။

    ReplyDelete
  2. အဲ..မနက်စောစောမှာ...
    ကဆုန်လပြည့်နေ့ထူးနေ့မြတ်အကြောင်းကို
    အလွတ်ရအောင်မှတ်လိုက်တယ်...

    ReplyDelete
  3. ကဆုန်လလေးက ညခင်းမွေးလလေး ဖြစ်ပါတယ်။
    မွေးနေ့လက်ဆောင်ပေးပါ။

    ReplyDelete
  4. အစ်မရေ... ရာသီဘွဲ့တွေနဲ့ စိမ်းနေတာ ဆယ်တန်းပြီးကတည်းကပဲ.. အခုမှ ကဆုန်လရာသီဘွဲ့ လေးကို ပြန်ဖတ်ရတယ် ကျေးဇူးတင်ပါတယ်ဗျာ...

    ReplyDelete
  5. thanks for sharing ur knowledge ;

    ReplyDelete
  6. ဗဟုသုတရစေတဲ့အတွက် ကျေးဇူးပါအမ
    စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ..အမ

    ReplyDelete
  7. ကျေးဇူး တင် ပါတယ် ဗျာ.. ကဆုန်လ ဘွဲ့ ကို ဖတ် ရ တာ ဗဟုသုတ လည်း အများကြီးရ ပါတယ်။

    ReplyDelete
  8. ဒီလို ရှေးကဗျာတွေ ဖတ်ရရင် သိပ်ကြိုက်တယ်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။