ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အချိန်

အချိန်နဲ့ဒီရေသည် လူကိုမစောင့်

လူတိုင်းလူတိုင်း နေ့စဉ် မိနစ်အတူတူ၊ နာရီအတူတူ ရရှိကြသည်. . . . တစ်နေ့လျှင် အလုပ်လုပ်ရန် ၂၄- နာရီကျစီ လူတိုင်းရရှိကြသည်. မည်သူမျှပိုမရ၊ မည်သူမျှ လိုမရ. . . .

သို့သော်အများဆုံး အောင်မြင်သူသည် တစ်နေ့ရှိနာရီများကို အများဆုံး အသုံးပြုနိုင်သူဖြစ်သည်. . . အချိန်ချွေတာခြင်းသည် ငွေချွေတာခြင်းထက် အရေးပိုကြီးသည်. . . အချိန်ကိုမှန်ကန်စွာ အသုံးပြုတတ်ခြင်းသည် လောကတွင် အောင်မြင်ခြင်းဆုထူးဆုမြတ်ကို ရရှိနိုင်သော နည်းဖြစ်သည်. . . .

အချိန်သည် လောကဓာတ်ဆရာကြီးများအတွက် ပို၍အဖိုးတန်သည်. . . အချိန်ရှိသမျှကိုအလုပ်အတွက် အသုံးချနိုင်ဆုံးသော လောကဓာတ် ဆရာကြီးသည် လောကဓာတ်ပညာ၌ အအောင်မြင်ဆုံးပုဂ္ဂိုလ် ဖြစ်လာနိုင်သည်.

ကူးသန်းရောင်းဝယ်ရေး လုပ်ကိုင်နေသော ကုန်သည်ကြီးများအတွက် အချိန်သည်ငွေပင်ငွေရင်းပင်ဖြစ်သည်. ကုန်သည်ကြီးများသည် . . . ငွေတစ်သန်းကို အလွယ်တကူနှင့်ချေးငှားရရှိနိုင်သည်. . . . သို့သော်ကုန်လွန်သွားသော အချိန်တစ်မိနစ်ကို ခိုး၍လည်းမရနိုင် . . .ချေးငှား၍လည်းမရနိုင် . . .တောင်း၍လည်း မရနို်င်ပါ. . .

ငွေ၊ပညာ၊စည်းစိမ် အစရှိသည်တို့မှာ အချိန်ကို မှန်ကန်စွာ သုံးစွဲနိုင်ရေးအပေါ်၌ တည်ရှိနေသည်. . . ထို့ကြောင့်မိနစ်တိုင်း ၊မိနစ်တိုင်း အကျိုးရှိအောင် အသုံးပြုရန် သတိပြုပါလေ. . . .

တက္ကသိုလ်ဆုမွန်

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

14 comments:

  1. ရောက်တိုင်း အကျိုးရှိတယ်။
    ဒါကြောင့် အမြဲရောက်ဖြစ်တယ်။

    ReplyDelete
  2. အချိန်ဆိုလို့ လမ်းထိပ် အပေါင်ဆိုင် ကတရုတ်ကြီး သွားသတိရ တယ်..
    ဟားဟား

    စတာပါ...။

    ပြောသလို လုပ်နိုင်ဖို့ ကြိုးစားပါဦးမည်

    ReplyDelete
  3. တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ မှတ်သွားတယ်နော်။ အမှန်ပဲ အချိန်က မလောက်ငှ နိုင်ခဲ့ပါဘူး။

    ReplyDelete
  4. ညီမလေးပန်းကဗျာရေ ...

    ပို့စ်လေးဖတ်ရင်း ကိုယ့်ကိုကိုယ်ရှက်မိတယ် ... အချိန်တွေကို ဖြုန်းနေမိတာ အတော်ကြာပြီလေ ...း(

    ReplyDelete
  5. ကုန်လွန်သွားတဲ့ တစ်မိနစ်.. နောင်တတွေ အများကြီး ရသွားတယ်ဗျာ။ အချိန်ကို အကျိုးရှိစွာ ကုန်ဆုံးစေ ဖို့တော့ ကြိုးစားတုန်းပဲ။ တန်ဖိုးရှိလှတဲ့ ပို့ကောင်း လေးတွေ ချည်းပါပဲ။ မှတ်သားသွားကြောင်းပါ။ အားပေးနေလျက်..။

    ReplyDelete
  6. အချိန်ရှိခိုက် လုံလစိုက်ဖို့ မှတ်ယူသွားကြောင်းပါ။
    ညခင်းက အီလေး ဆွဲပြီး အလုပ်လုပ်တတ်လွန်းတယ်။
    မဖြစ်မနေ ဆိုမှ ၀ုန်းကနဲ ထလုပ်တတ်တယ်။ အချိန်ဆွဲတယ်ခေါ်မလားပဲ။
    ဒီထက် ထိရောက်တဲ့ အကြံဥာဏ်လေးရှိရင်ပေးပါဦး။

    ReplyDelete
  7. ဟုတ်ပါ့ဗျာ သိပေမဲ့လဲ အသုံးမချတတ်ဘူး :)

    ReplyDelete
  8. လေးလေးနက်နက်လေးတွေ လာလာဖတ်ပြီး ပေါ့ပေါ့ပါးပါး လေးတွေပဲရေးနေမိလို့ မျက်နာတောင် ပူလာပြီ..ဟဲဟဲ..
    တန်ဖိုးရှိတဲ့ စာစုလေးပါ..အားပေးနေပါတယ်..
    ...ခင်မင်သောအားဖြင့်...

    ReplyDelete
  9. ကဆုန်လပြည့်ရောက်တော့မယ်နော် .. အားပေးနေပါတယ် ..း)
    မိုးခါးလည်း ကဆုန်လမွေးတာ :D

    ReplyDelete
  10. ပန်းကဗျာရေ။
    အချိန်ဆိုတဲ့အရာဟာ အတော်ကြောက်စရာကောင်းတယ်နော်။
    အချိန်ရှိခိုက်... လုံ့လစိုက်လိုက်ဦးမှဘဲ။
    ပျော်ရွှင်ပါစေ။

    ReplyDelete
  11. အချိန်တွေရဲ့ အရေးပါပုံကို ဖတ်ရတော့ အကျိုးမရှိပဲ ကုန်လွန်သွားဖြစ်ခဲ့တဲ့ နာရီတွေကို ပြန်သတိရမိတယ် .... နောင်တတော့ မရတော့ပါဘူးလေ .. နောက်မဖြစ်အောင်ပဲ ကြိုးစားရတော့မှာပါပဲ ...

    ReplyDelete
  12. ဒီနေ့တော့ ဒီဘလော့မှာ စာလိုက်ဖတ်ရင်း အချိန်အတော်ဖြုန်းမိသွားပြီ ဒါပေမယ့် တန်ဖိုးရှိပါတယ်

    ReplyDelete
  13. ဒီနေ့တော့ ဒီဘလော့မှာ စာလိုက်ဖတ်ရင်း အချိန်အတော်ဖြုန်းမိသွားပြီ ဒါပေမယ့် တန်ဖိုးရှိပါတယ်

    ReplyDelete
  14. အချိန်က လူကို မစောင့်ပေမယ့် လူက အချိန်ကို စောင့်ရတတ်ပါတယ်။ ဥပမာ ... ဘယ်အချိန် ရုံးဆင်းရမလဲ ဆိုသလိုမျိုးပေါ့။ :P

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။