ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

နွားနို့သည်လုံမပျို

နွားနို့သည်လုံမလေး အေးမြဟာ နို့ပုံးကိုခေါင်းမှာ ရွက်ပြီး ဈေးဆီသွားသတဲ့ . . သူလျှောက်နေရင်း နို့ရောင်းချပြီး ရလာတဲ့ငွေကို ဘာလုပ်ရကောင်းမလဲလို့ တွက်ချက်နေသတဲ့. . .
"လယ်သမား ဦးညိုခင်ဆီက ကြက်တွေဝယ်မယ်၊ ကြက်တွေဟာ နံနက်တိုင်းဥတွေ ဥလိမ့်မယ်. . . ဒီဥတွေကို ဦးသူတော်ရဲ့ ဇနီးဆီမှာ ရောင်းလိုက်မှာပေါ့ . . . ကြက်ဥရောင်းရတဲ့ငွေကို ငါဝတ်ဖို့ ရင်ဖုံးအင်္ကျီထူထူ တစ်ခုရယ်၊ မြက်ဦးထုပ် တစ်ခုရယ်ဝယ်မယ် . . . . "
"ငါဈေးကိုသွားတဲ့အခါမှာ ငနဲတွေ ငါ့ဆီလာပြီး မပြောမဆိုဘဲနေမှာ မဟုတ်ဘူး . . ညိုပြာဟာ အတော့ကို မနာလိုဖြစ်နေမှာပဲ. . . . ဒါပေမယ့် သင်းကို ငါဂရုမစိုက်ဘူး ကောင်မကို ငါလှည့်ကြည့်ပြီး ဟောဒီလို ခေါင်းမော့ပြလိုက်မှာပေါ. . . "
သူဟာ ပြောရင်းဦးခေါင်းကို မော့လိုက်တဲ့အခါမှာ နို့ပုံးဟာခေါင်းပေါ်က ကျသွားပြီး နို့တွေအားလုံး ဖိတ်ကုန်သတဲ့ . . ဒါနဲ့ သူအိမ်ပြန်ဖို့ပဲ ရှိတော့တယ်. . . မိခင်ကို ဖြစ်ပျက်ပုံ ကို ပြောပြတဲ့အခါ အို. . . ဖြစ်ရလေ သမီးရယ် ဆိုပြီး သူ့မိခင်က ဒီလိုပြောသတဲ့ . . . .

" ဥမပေါက်ခင် ကြက်ကလေးများကို မရေတွက်ပါနှင့် "

အီစွတ်ပုံပြင်များ

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

18 comments:

  1. ကောင်းပါတယ်။ပညာပေးလေးနော်
    ပျော်ပါစေ

    ReplyDelete
  2. ဥလေးတွေ အကောင် ပေါက်တဲ့ အထိ သေချာစောင့်ကြည့် ဂရုစိုက်ရမယ်။ အကောင်ပေါက်ပြီးလဲ အရွယ်ရောက် ကြီးပြင်းတဲ့ အထိ သတိနဲ့ စောင့်ကြည့်ထိန်းချုပ်ဖို့ လိုအပ်သေးတာပါပဲ။ ဗဟုသုတ အတော်ရစေတဲ့ ပို့ကောင်းလေးပါ။ အားပေးနေလျက်။ ချမ်းမြေ့ပါစေ။

    ReplyDelete
  3. တကယ်ကောင်းတဲ့ ပညာပေးပို့စ်လေးပါပဲ တီတီကဗျာရေ.......
    မှတ်သားစရာ ပညာပေးစကားပုံလေးက လိုက်နာစရာပါ........

    စာရေးအရမ်းကောင်းတဲ့ ပညာပေး ဗဟုသုတတွေ အမြဲပေးတဲ့ တီတီကဗျာအတွက် အာဝါးးးးးးး အမြှောက်တစ်သိန်း... :)

    ReplyDelete
  4. ပန်းကဗျာလဲ ခေါင်းမော့မပြလိုက်နဲ့ဦးနော်။ ဟဲ ဟဲ။ မှောက်ကျကုန်မှာ စိုးလို့။

    ReplyDelete
  5. အခုမှ comment ပေးလို.ရတယ် ဒီဘလော့ကို လာတိုင်း အသိတစ်ခုတော့ ကျန်တယ်ဆိုတာ ၀န်ခံတယ်ဗျို.

    ReplyDelete
  6. မှတ်သားစရာလေးတွေပါလား
    ပန်းကဗျာ ၊ မေ 16 တို့ရေ..

    ReplyDelete
  7. ဥမပေါက်ခင် ကြက်ကလေးများကို မရေတွက်ပါနှင့် အင်း ဟုတ်ပါ့နော်.. ဘဝမှာ ဒါမျိုးလေးတွေ ဖြစ်တတ်တယ်.. မှတ်သားထားရမယ်..

    မျှဝေပေးတာ ကျေးဇူးပါ..

    ReplyDelete
  8. အင်း... အဲဒါပေါ့ဗျ မုန့်ဆီကြော် ဘယ်ဆီနေမှန်း
    မသိသေးဘူး နှုတ်ခမ်းနာနဲပ တည့်ပါ့မလားဆို
    တဲ့ စကားပုံလိုပါပဲ။

    ReplyDelete
  9. " ဥမပေါက်ခင် ကြက်ကလေးများကို မရေတွက်ပါနှင့် "

    အတော်မှတ်သားစရာကောင်းတဲ့ စကားလေးပဲဗျာ မှတ်သားနာယူသွားပါ၏

    ReplyDelete
  10. မျှော်မှန်းချက် ပျက်သွားတဲ့ နွားနို့သည်မလေး သနားစရာပါ။ သူလည်းပဲ ဒီအမှားကနေ သင်ခန်းစာ ကောင်းတစ်ခု ရနိုင်မယ် ထင်ပါတယ်။

    မှတ်သားဖွယ် ပုံပြင်ကောင်းလေးပါပဲ

    ReplyDelete
  11. အီစွတ်ရဲ့ပုံပြင်တွေကို အမြဲတမ်းသဘောကျတယ်။ တွေးစရာလေးတစ်ခု အမြဲတမ်းပါတတ်လို့ . . .
    ဒါကြောင့်လည်း သူ အသတ်ခံရတာဖြစ်မယ်။

    ReplyDelete
  12. :)
    လာလေ့လာသွားပါတယ်... ပုံပြင်ပညာပေးလေးပေါ့

    ReplyDelete
  13. မှတ်သားစရာ ပုံပြင်ကောင်းလေးတွေပါ၊ မြန်မာမှုနဲ့လည်း ကိုက်ညီတယ်။

    ReplyDelete
  14. ဥမပေါက်ခင် ကြက်ကလေးများကို မရေတွက်ပါနှင့် "
    စိတ်ကူးမယဉ်တော့ပါ။

    ReplyDelete
  15. ပညာပေး ပုံပြင်လေးပဲ ကောင်းပါတယ်။

    ReplyDelete
  16. သဘောကျမိတဲ့ ပုံပြင်လေး တစ်ပုဒ်ပါ ... တိုတိုလေးဆိုပေမယ့် ရည်ရွယ်ချက်လေးက ထိမိပါတယ်။ ကျေးဇူး ...

    ReplyDelete
  17. မရေတွက်ပါဘူး

    ReplyDelete
  18. ပုံပြင်ထဲက ကောင်မလေးက တော်တော်စိတ်ကူးယဉ်တဲ့ ကောင်မလေးပါလားနော်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။