ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကောင်းသောနံက်ခင်း

မနက်ခင်းကိုနိုးထလာတဲ့အခါမှာ
ကောင်းသောနံက်ခင်းဖြစ်ဖို့အတွက်
လိုက်နာရမယ့် (သုပုပ္ဗဏ) (၃) ချက်


ကောင်းသော နံနက်ခင်းဖြစ်ဖို့အတွက် မနက်ခင်းမှာ လုပ်ဆောင်ရမှာတွေကတော့-

(၁) သုစရိုက်တရားတွေပြုကျင့်ပါ ။ (သို့) ကိုယ်အမူအရာတွေကို စင်ကြယ်အောင်လုပ်ရပါမယ်

ကုသိုလ်တရားဖြစ်တဲ့ မြတ်စွာဘုရားအား မနက်အိပ်ရာ နိုးထချိန်မှာ ဆွမ်း၊ ရေချမ်း၊ ဆီမီးများကို ဆက်ကပ်လှူဒါန်းခြင်း ၊ မိဘနှစ်ပါးရဲ့ဝေယျာဝစ္စများ ပြုလုပ်ပေးခြင်း စသည့် ကောင်းမှုများကို ပြုလုပ်ခြင်းနှင့် စတင်ရပါမယ်. . .

(၂) နှုတ်အမူအရာတွေစင်ကြယ်ရပါမယ်

မနက်နိုးထလာတဲ့အခါမှာ နှုတ်အမူအရာတွေ စင်ကြယ်ဖို့ အတွက် -
မြတ်စွာဘုရား၏ ဂုဏ်တော်များ၊ ကမ္မဌာန်းတရားများကို ရွတ်ဖတ်ပွားများ အားထုတ်နေရပါမယ်...

(၃) စိတ်တွေစင်ကြယ်နေရပါမယ်

စွမ်းအားရှိသမျှသတိပဌာန်တရားများ ပွားများအားထုတ်ခြင်း၊ မေတ္တာကမ္မဌာန်းများ ပွားများ အားထုတ်ခြင်း ပြုရပါ့မယ်

ဤသို့ လိုက်နာခြင်းဖြင့် ကာယကံ၊၀စီကံမနောကံ များ စင်ကြယ်ကာ ကောင်းသော ကိုယ်၊နှုတ်၊ စိတ် သုံးပါးဖြင့် နိုးထပြီး ကောင်းသော နံနက်ခင်းဖြစ်လာပါ့မယ်. . .
အဲဒီအနှစ်ချုပ်လေးကို လင်္ကာလေးဖြင့် မှတ်သားမည်ဆိုပါက.

ကောင်းသောနံနက်ခင်းဖြစ်ကြရအောင် ဘယ်လိုစိတ်ထား ဘာများကျင့်ဆောင်

ကိုယ်၊ နှုတ်၊ စိတ်ထား (၃)ပါးဖြူအောင် နေ့စဉ်ပဲ ခိုင်မြဲသတိဆောင်

ကောင်းသောနံနက်ခင်းများဖြင့် နေ့စဉ်နိုးထနိုင်ပါစေ..

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

9 comments:

  1. ကိုယ့်ကိုယ်ကိုယ်
    နေ့တိုင်း မင်္ဂလာနံနက်ခင်းလေး ဖြစ်စေဖို့
    အမိအရ မှတ်သားသွားတယ်။

    ဖော်ပြပေးလို့ ကျေးဇူး

    ReplyDelete
  2. နံနက်ခင်းတစ်ခုရဲ့ လန်းဆန်းခြင်းမှာ ပြည့်ဝသော အပြုမူကို ကျင့်ကြံလို့
    အလင်းတစ်ဖန် ဖြစ်ပေါ်ဖို့ မျှဝေပေးတာ ကျေးဇူးကမ္ဘာ ..။

    ReplyDelete
  3. မနက်ခင်းတိုင်း မင်္ဂလာရှိစေချင်တဲ့ ပို့စ်လေးကိုက မင်္ဂလာရှိနေပါတယ်
    ....ခင်မင်သောအားဖြင့်...(မြစ်ကျိုးအင်း)

    ReplyDelete
  4. ကြိုးစား ပါဦးမည်..။
    လက်ရှိအခန်း ထဲမှာတောင် ဘုရားစင်မထား နိုင်သေးဘူ...။
    ပုံတော်လေး ပဲကပ်ထားရတယ်...။
    :(

    ReplyDelete
  5. ကြိုးစားနေလျက်။ မျှဝေပေးတာ သာဓုခေါ်ဆိုမိပါ၏။ ချမ်းမြေ့ပါစေ။

    ReplyDelete
  6. ပိုစ့်အဟောင်းမှာကွန်မန့်ရေးထားတော့ မတွေ့ဘူးကွယ်
    ဒီနေ့မှ လျှောက်ကြည့်ရင်းတွေ့တယ်
    ဒီနေရာလေးကိုလည်းအစ်မအမြဲရောက်ပါတယ်
    လင့်ထားပါသေးတယ်
    ဆိုက်ပြုပြင်ရင်း လင့်တွေ ဟိုရွှေဒီရွှေ့နဲ့ ပြုတ်သွားတယ်
    လောလောဆယ် ဘာသာရေးနဲ့ကျန်းမာရေးမှာ လင့်ထားလိုက်ပါ့မယ်
    ခင်မင်လျက်

    ReplyDelete
  7. မှတ်သား သွားပါတယ်ဗျာ။

    ReplyDelete
  8. ကျေးဇူးပါ မေ၁၆ ရေ ..

    ReplyDelete
  9. ကောင်းသောနံနက်ခင်းဖြစ်ကြရအောင် ဘယ်လိုစိတ်ထား ဘာများကျင့်ဆောင်

    ကိုယ်၊ နှုတ်၊ စိတ်ထား (၃)ပါးဖြူအောင် နေ့စဉ်ပဲ ခိုင်မြဲသတိဆောင်


    နားထဲမှာကြားရောင်လျှက်ပါ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။