ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကုလားထိုင်တစ်လုံးသာရွေးထိုင်ပါ

အီတာလျံလူမျိုး နာမည်ကြီး အဆိုကျော် လူစီယာနို ပါဗရော့တီ (Luciano Pavarotti) ၏ ဖခင်သည် မုန့်ဖုတ်မား တစ်ယောက် ဖြစ်သည်. . .သို့သော် ဂီတဘက်တွင် အလွန်ထက်သန်သည်. . . သူ့သားကို အောင်မြင်သော ဂီတပညာရှင်တစ်ဦး ဖြစ်စေလိုသော ဆန္ဒရှိသည်. . . ထို့ကြောင့်ငယ်ရွယ်စဉ်မှာပင် တေးဂီတာ အနုရသများနှင့် ကျွမ်းဝင်အောင် လေ့ကျင့်ပျိုးထောင် ပေးခဲ့သည်. . . ဖခင်၏ ပဲ့ကိုင်လမ်းညွှန်မှု၊ မိမိကိုယ်တိုင် ထက်သန်တက်ကြွစွာ အားထုတ်မှုတို့ ကြောင့် ပါဗရော့တီသည် ကမ္ဘာသိ အဆိုတော် တစ်ဦးဖြစ်ခဲ့သည်. . . .
အောင်မြင်ခဲ့သော သူ့ဘ၀နှင့် ဆက်စပ်၍ ပါဗရော့တီက ဤသို့ သုံးသပ်ပြောဆိုခဲ့သည်. . .
"အဖေက ကျွန်တော့ကို အသံအားကောင်းအောင် တအားလေ့ကျင့်ခိုင်းတာပါ၊ အီတလီက ကျွန်တော်တို့ဇာတ်မြို့ မိုဒေနာမှာ အာရီဂိုပိုလာဆိုတဲ့ အဆိုသင် ဆရာတစ်ယောက်ရှိတယ် . . . ကျွန်တော့်လိုညာသံပဲ. . . သူက ကျွန်တော့ကို တပည့်အဖြစ် လက်ခံပြီး သင်ကြားပေးတယ်. . အဲဒီလို တေးဂီတ လိုက်စားရင်းနဲ့ ဆရာ အတတ်သင် ကောလိပ်လဲ ကျွန်တော် တစ်ဖက်က တက်လိုက်သေးတယ်ဗျ. . . ကျောင်းဆင်းတော့ အဖေ့ကိုကျွန်တော်မေးတယ် . အဖေကျွန်တော်ကျောင်းဆရာ လုပ်ရမလား. . . အဆိုတော် လုပ်ရမလား" ဆိုတော့ အဖေက ပြောတယ်
"လူစီယာနိုတဲ့. . မင်းကုလားထိုင်နှစ်လု့း ထိုင်ဖို့ကြိုးစားရင် အဲဒီကုလားထိုင်နှစ်ခုကြားထဲ လိမ့်ကျမှာပဲ. . . . မင်းဘ၀အတွက် ကုလားထိုင်တစ်လုံးပဲရွေးရလိမ့်မယ်. . . ." တဲ့
"အဖေပြောတဲ့ အတိုင်း ကျွန်တော် တစ်လုံးပဲ ရွေးလိုက်ပါတယ်. . . အဲဒီနောက်မှာ ပညာသည် အဆင့်နဲ့ စင်ပေါ်တက်ခွင့်ရဖို့ခုနှစ်နှစ်တိတိ လေ့လာသင်ကြားရတယ်. . . စိတ်ညစ်စရာ စိတ်ဓာတ်ကျစရာတွေလည်း အများကြီး ကြုံရတယ်.. .
ခုတော့ ကျွန်တော် သဘောပေါက်ပါတယ် . . . အုတ်စီတဲ့ အလုပ်ပဲဖြစ်ဖြစ်၊ စာရေးတဲ့ အလုပ်ဖြစ်ဖြစ် ၊ ကျွန်တော်တို့ဘ၀ အတွက် ဘယ်အလုပ်ကို ရွေးချယ်ခဲ့သည်ဖြစ်စေ. . . အဲဒီအလုပ်ထဲကို ကျွန်တော်တို့ ဘ၀တစ်ခုလုံး ထည့်ပေးနိုင်ဖို့လိုတယ်. . . . ကိုယ်ရွေးတဲ့အလုပ်ထဲမှာ ကိုယ့်ဘ၀ကို မြုပ်နှံနိုင်မှ အဲဒီအလုပ်မှာ အောင်မြင်တယ် . . . ဒါအောင်မြင်မှုအတွက် အဓိကသော့ချက်ပဲ . . . အဲဒီတော့ ကြိုက်တဲ့ ကုလားထိုင်တစ်လုံး ကို ခင်ဗျားရွေး၊ ပြီးတော့ အဲဒီမှာ ပြတ်ပြတ်သားသား ထိုင်ဗျ. . . . "

ဖေမြင့် (Choose One Chair)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

10 comments:

  1. (ဆရာ) ဖေမြင့် ရေးတဲ့ အဲဒီ စာစုလေးတွေကို အတော် နှစ်သက်ပါတယ်။ နှလုံးသား အတွက် အာဟာရများ အမှန်တကယ်ပဲ ဖြည့်နိုင်စွမ်းတဲ့ စာလေးတွေပါ။ ကုလားထိုင် တစ်လုံးပေါ်မှာပဲ ထိုင်ဖို့..။ မှန်ပါတယ်။ ဆုံးဖြတ်ချက် မပြတ်သားရင် အောင်မြင်မှုနဲ့ အလှမ်းကွာတတ်တယ်။ ကျနော်တော့ တခါတလေ ကုလားထိုင် လေးလုံးလောက် ဆက်ပြီး တက်အိပ်တတ်တယ်။ :P နောက်တာပါ။

    ReplyDelete
  2. :)

    လာလေ့လာပါတယ်..။
    ကျေးဇူး

    ReplyDelete
  3. တကယ်မှတ်သားစရာကောင်းတဲ့ ပို့စ်လေးပါ။ ကုလားထိုင်တစ်လုံးဘဲ ရွေးချယ်ဖို့ ကြိုးစားဆုံးဖြတ်ရဦးမယ်။ လုပ်ချင်တာတွေ များနေလို့။

    ReplyDelete
  4. ခုထိရွေးလို့မပြီးသေးဘူး ..
    ဟိုယောင်ယောင်ဒီယောင်ယောင်လုပ်တုန်းပဲ

    ReplyDelete
  5. လိမ့်ကျခဲ့ပေါင်းများပါပေါ့ .. ဒါလည်း အမှတ်က မရှိသေးဘူး ..

    ReplyDelete
  6. ကောင်းတယ်။သင်ခန်းစာယူစရာလေးတွေ ပါတယ်။
    အဲဒီလို စာပေ မျိုးလေးတွေ ထပ်ပြီးဖြန့်ဝေပေးပါ လို့
    တောင်းဆိုပါတယ်။

    ReplyDelete
  7. ကိုယ်ရွေးတဲ့အလုပ်ထဲမှာ ကိုယ့်ဘ၀ကို မြုပ်နှံနိုင်မှ အဲဒီအလုပ်မှာ အောင်မြင်တယ် . . . ဒါအောင်မြင်မှုအတွက် အဓိကသော့ချက်ပဲ ..

    ဒီစာသားလေးအတိုင်း လိုက်နာသွားတယ်။
    ဗဟုသုတရစေတဲ့ စာတွေ တကူးတက အမြဲ ရှာပေးလို့
    ကျေးဇူးတင်မဆုံးပါ ..

    ခင်မင်လျက်

    ReplyDelete
  8. ကိုယ်ဝါသနာပါတဲ့ ကုလားထိုင်ကို ရွေးထားပြီးသား ..

    ဖော်ပြပေးလို့ကျေးဇူး

    ReplyDelete
  9. အင်း... ဟုတ်မှာပဲ ထိုင်မိတဲ့သူတွေကို ပြည်သူတွေ ပြန်ထခိုင်းတာ
    ကော်နဲ့ကပ်ထားသလိုပဲ ပြန်ထခိုင်းလို့ကို မရတော့ဘူး။ ဖင်မှာ ၀က်အူပါစုပ်ထားကြလား မသိဘူး။ ဘာမှတော့ မဆိုင်ဘူး ပြောချင်လို့ကို ပြောသွားတာ။
    အမှန်တော့ ကျနော်တို့ တတွေက မထိုင်နိုင်သေးဘူးဗျ ထိုင်ခုံဆီ
    ရောက်ဖို့ လျှောက်လှမ်းနေရတုန်း၊ မလျှော့သော ဇွဲနဲ့ လျှောက်နေတုန်းဗျ။ ကျနော်ခံစားရတာ ထိုင်ခုံမှာ ထိုင်တယ်ဆိုတာ အောင်မြင်မှု အသီးအပွင့်တွေကို စားသုံးနေတာပါ အဲဒါကြောင့် ကျနော်တွှို့ တွေ မထိုင်ရသေးဘူးလို့ ပြောတာပါ။

    ReplyDelete
  10. အလုပ်ထဲကို ကျွန်တော်တို့ ဘ၀တစ်ခုလုံး ထည့်ပေးနိုင်ဖို့လိုတယ်. . . . ကိုယ်ရွေးတဲ့အလုပ်ထဲမှာ ကိုယ့်ဘ၀ကို မြုပ်နှံနိုင်မှ အဲဒီအလုပ်မှာ အောင်မြင်တယ်

    အကြမ်းဖျင်းမှတ်သားသွားပါတယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။