ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဘယ်လိုသဘောနဲ့မေးကြ ပြောကြပါလိမ့်

အခုအချိန်မှာ သတိပဌာန်တရား အားထုတ်တဲ့ အလုပ်ကို နိုင်ငံတကာကလူများ စိတ်ဝင်စားလာကြပါပြီ. . . တစ်ချို့ က မဟာယနနည်းနဲ့သမထအားထုတ်တယ် . . . သတိပဌာန်တရားမျာလည်း သမထပါပါတယ် . . . တကယ်ရည်မှန်းတာကတော့ ၀ိပသာနာ သမာဓိရရှိရေး ၊ နောက်လောကုတ္တရာပညာ ရရှိရေးဖြစ်ပါတယ်. . .
တရားအားထုတ်တာနဲ့ပတ်သက်ပြီး လုပ်နေတဲ့သူများအပေါ်မှာ အမြင်မကြည်လင်တဲ့ သူတွေရှိတတ်ကြတာ ကိုယ်တွေ့ကြုံလာလို့ ဆွေးနွေးချင်တာကြောင့် သည်ဆောင်းပါးကို ရေးရတာဖြစ်ပါတယ်. . . အထူးသဖြင့် ကျွန်မတို့လို အငြိမ်းစားများကို ဘာမှလုပ်စရာမရှိလို့ ရိပ်သာသွားတယ်လို့ ပြောတတ်ကြတဲ့သူများလည်း ရှိပါတယ်. . . ပင်စင်နာများ စိတ်ဓာတ်ကျလို့ ၊ စိတ်ငယ်လို့ နောက်ဘ၀အတွက် ပြင်ဆင်တဲ့ရည်ရွယ်ချက်နဲ့ ဖြစ်စေ၊ ကွန်းခိုတဲ့သဘောနဲ့ဖြစ်စေ. . . ရိပ်သာသွားနေတာလို့ မသွားသေးတဲ့သူများက ပြောချင် တတ်ကြပါတယ်. . .
လူအမျိုးမျိုး နတ်အထွေထွေဆိုတော့ အဲသည်လို လူတွေမရှိဘူးလို့ မဆိုနိုင်ပါဘူး ရှိမှာပါပဲ. . သို့သော်လည်း . အဲသည်လို စိတ်ဓာတ်ကျကျနဲ့ သွားစရာကလည်း တရားရိပ်သာပဲရှိလို့ တရားရိပ်သာကို ပဲသွားတယ်လို့ ကိုယ့်ကို ထင်ရင်တော့ မမှန်ပါဘူးလို့ ပြောချင်ပါတယ်. . . ပင်စင်နာဆိုတာကို မေ့လောက်အောင်ကို အလုပ်များပါတယ်. . . . ဒီကြားထဲက မသေခင်မှာလုပ်ရမယ့် အလုပ်ကိုလုပ်ချင်လို့ ရိပ်သာကို သွားပါတယ်. . . ရိပ်သာကို ရောက်တဲ့နေ့ကစပြီး သီလစင်အောင်ထိန်းပါတယ်. .... အကြည့်ကိုသိမ်းထားပါတယ် . . .
အဲသည်ကြားထဲက ဆွမ်းကျွေးလာတဲ့ သူတွေထဲက ကိုယ့်ကို သိတဲ့သူများနဲ့ ကြုံရင်. . အနည်းနဲ့အများ အနှောင့်အယှက် ဖြစ်တတ်ပါတယ်. . . တချို့က တရားဝင်နေမှန်း၊ အကြည့်ကိုသိမ်းထားမှန်း သိပါလျှက် တည့်တည့်တိုးကာ တရားဝင်နေသလားလို့ မေးတတ်ပါတယ်. . ယောဂီမှာတော့ အမှတ်ပျက်သွားလို့ အနှောင့်အယှက် ဖြစ်ပါတယ်. . . .
တချို့ကတော့ ရင်း၂နှီး၂မေးပါတယ်. . . အေးအေးဆေးဆေးပဲလားတဲ့. . . . တကယ်တော့ ဘယ်လိုအဓိပ္ပါယ်ကိုမှ ဆောင်လှတယ်မဟုတ်ပါဘူး . . . နောက်မေးခွန်းတစ်ခုကတော့ အိမ်မှာ ဘယ်သူရှိလည်းတဲ့. . . အငှားပူ၊ အလကားပူပေးတတ်ကြရှာတယ် . . . . သူ့အိမ်သူပစ်ထားနိုင်လို့ ပစ်ထားတာ ဘယ်သူပဲစောင့်စောင့်ပေါ့နော်. . .
ယောဂီအိမ်ပြန်ရောက်ပါပြီ. . . . တယ်လီဖုန်းတွေလာ၊ ဧည့်သည်တွေလာနဲ့ တော်၂ကို အလုပ်များပါတယ်. . . . . အဲသည်လိုဆက်တဲ့ အခါမှာ တရားတော်တော် ပေါက်ခဲ့လား . . . နည်းနည်းလောက်မျှပါဦးလို့ ပြောတာဖြင့်လွန်ပါတယ်. . တရားပေါက်တယ် မပေါက်တယ်ကို ဘယ်လိုတိုင်းတာမှာပါလည်း . . . ကျွန်တော်တို့ဖြင့် ကျွန်မတို့ဖြင့် တရားပေါက်ပါ့လို့ ဘယ်သူကမှ ပြောမှာမဟုတ်ပါဘူး . . . မြတ်စွာဘုရားလက် ထက်တော်ကတည်းက တကယ့် အရဟတ္တဖိုလ်ပေါက် ရောက်နေတဲ့သူများတောင်မှာ လုံလောက်တဲ့ အကြောင်းမရှိဘဲနဲ့ ပြောလေ့မရှိပါဘူး . . . .
အဲသည်လိုမျိုး အခြေခံသာသနာရေး နဲ့ပတ်သက်တဲ့ အကြောင်းအရာများကို သိထားရင် တရားပေါက်နေပြီလား လို့ မေးကြမယ် မဟုတ်ပါဘူး . . . တရား အားထုတ်တဲ့သူကို မလေးစားသော်လည်း တရားကို လေးစားကြရပါမယ်. . . . ဘယ်သူ့ဘယ်သူ့ကိုမှာ သီလသမာဓိ ပညာနဲ့ပတ်သက်လို့ ဘယ်လောက်အဆင့်ကို ရောက်နေပြီလို့ပြေလာလို့မရနိုင်ပါဘူး. . . တကယ်တော့ တရားပေါက်ခဲ့သလား ၊ တရားကိုနည်း၂မျှပါအုံး ပြောတဲ့ သူဟာ တရားကိုရော တရားအားထုတ်သူကို မလေးစားသလို ဖြစ်နေပါတယ်. . . .
အဲသည်လိုမရည်ရွယ်ပါဘူး ဆိုရင်လည်း နောက်နောင်ကို မလိုရင် မပြောပါနဲ့လို့ စေတနာကောင်းနဲ့ သတိပေးလိုက်ပါတယ် . . . သတိပေးတယ် ဆိုတာ လောကမှာ အကောင်းဆုံး လက်ဆောင်ကို ပေးတာဖြစ်ပါတယ်. . .

ဒေါက်တာမတင်ဝင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

8 comments:

  1. ဒေါက်တာမတင်ဝင်းရဲ့ စာမှန်သမျှ နှစ်သက်တယ်၊ အမြဲ ဖတ်ဖြစ်တယ်။ ပြန်ဖော်ပြပေးလို့ ကျေးဇူး ..

    နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ

    ReplyDelete
  2. အမရေ.. ဒီစာသားလေးကြိုက်မိပါရဲ့..
    တရား အားထုတ်တဲ့သူကို မလေးစားသော်လည်း တရားကို လေးစားကြရပါမယ်. . . .တဲ့
    ဟုတ်ပါတယ်အမ...
    နှစ်သစ်မှာ အသိတရားလေးတွေ ကိုယ်သိသလို သူများကိုဝေမျှပေးတဲ့အတွက် သာဓု ခေါ်ပါတယ်အမ...
    တရားနဲ့ နီးစပ်ပြီး.. တရားနဲ့ မွေ့လျော်တဲ့ မြန်မာအမျိုးကောင်းသမီးများ များများပေါ်ပေါက်ပါစေလို့.. နှစ်သစ်မှာ ဆုတောင်းပေးပါတယ်...

    ReplyDelete
  3. တရားဓမ္မနဲ့ ပတ်သက်တာလေး မျှဝေပေးတာ ကျေးဇူးပါပဲ အစ်မ။ မှတ်သားသွားပါတယ်။ ဘယ်သူ့ဘယ်သူ့ကိုမှ သီလသမာဓိ ပညာနဲ့ပတ်သက်လို့ ဘယ်လောက်အဆင့်ကို ရောက်နေ ပြီလို့ပြေလာလို့မရနိုင်ပါဘူး.။ အမှန်ဆုံးပါပဲ။ ကိုယ့်ထက် သီလ၊ သမာဓိ၊ ပညာအားဖြင့် မြင့်မြတ်သူ တစ်ယောက်ကို ဘယ်လောက်မြင့်မြတ်တယ်။ ဘာညာ ဝေဖန် ပြောကြားခွင့် မရှိပါဘူး။ ကိုယ့်ကိုကိုယ် သိအောင်ပဲ ကြိုစားသင့်တယ် ထင်မိပါတယ်။

    ReplyDelete
  4. စာလေးကောင်းတယ် ..

    ReplyDelete
  5. ဒေါက်တာမတင်ဝင်းရဲ့ ထွက်သမျှစာတွေ ၀ယ်စုထားဖြစ်တယ်။
    အရေးအသားကောင်းတယ်၊ သမိုင်းအထောက်အထား ခိုင်လုံတယ်။

    ReplyDelete
  6. မှတ်သားထိုက်ပါ့ဗျာ..။

    ReplyDelete
  7. သတိပဌာန်တရား အားထုတ်တဲ့ အလုပ်ကို လုပ်သူတိုင်း ဒီအမေးကို မေးမြန်းခြင်းခံရပါတယ်။
    ညခင်းရဲ့ တရားပြဆရာတော်က ပြောတာလေး က အမှန် ဆုံးပါပဲ။

    ယောဂီတို့ သူများကို အပြစ်မပေးပါနဲ့ တဲ့။
    ကိုယ့်ရဲ့ ကိုယ်အမူအရာ နှုတ်မူအရာ ကို စောင့်စည်းထိန်းသိမ်းပါ။ ဝေဖန်ပြောဆိုသူ ကို ငရဲ မပေးပါနဲ့၊ စောင့်စည်းပါလို့ ဆုံးမ ဘူးပါတယ်။

    ReplyDelete
  8. (((သတိပေးတယ် ဆိုတာ လောကမှာ အကောင်းဆုံး လက်ဆောင်ကို ပေးတာဖြစ်ပါတယ်. . .)))

    သည်စကားအတွက်
    ရေးသားသူကော တင်ပြသူကော ကျေးဇူးအထူးတင်ပါတယ်။

    ဒိုး

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။