ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မှတ်ဥာဏ်နှင့်စဉ်းစားဥာဏ်

"ဥာဏ်ပညာရှိခြင်းသည် ကောင်း၏" ဟူသော အဆိုသည် အများက အငြင်းမပွားဘဲ လက်ခံထားကြသော အမှန်တရားဖြစ်သည်. . . ဥာဏ်ပညာဆိုရာ၌ မှတ်ဥာဏ်နှင့်စဉ်းစားဥာဏ် ဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်. .

မှတ်ဥာဏ်ကောင်းသောသူရော၊ စဉ်းစားဥာဏ်ကောင်းသော သူပါ ထူးချွန်စာရင်း ၀င်များဖြစ်ကြသော်လည်း ယင်းနှစ်မျိုးအနက် ထပ်မံစိပ်ဖြာကြည့်လျှင် မှတ်ဥာဏ်သမားသည် တပည့်နောက်လိုက်မျှသာလျှင်ဖြစ်လျှက် စဉ်းစားဥာဏ်သမားက ဆရာ ခေါင်းဆောင်များ ဖြစ်တတ်ကြောင်း တွေ့ရှိရမည်ဖြစ်သည်. . .

လူနာမည်များ ၊ တယ်လီဖုန်းနံပတ်များ၊ ခုနှစ်သက္ကရာဇ်များကို ဒိုးဒိုးဒေါက်ဒေါက် မှတ်မိနေသူများသည်. . မှတ်ဥာဏ်သမား အများစုဖြစ်သည်. . . ထိုသို့မှတ်မိစေရန် ကျက်မှတ်ခြင်း အလေ့အကျင့်ပြုလုပ်လျှင် ရလေ့ရှိသည်. . စဉ်းစားဥာဏ်ကောင်းဖို့မူကား ဦးနှောက်ကောင်းရုံမျှမက လေ့လာဆည်းပူးမှု ကျယ်ပြန့်ရန် အထူးလိုအပ်သည်. . . ကျွဲခြေရာကွက်ကို ပင်လယ်ကြီးဟု ထင်မှတ်နေတတ်သည့် ဖားသူငယ်ကဲ့သို့သော လူစားမျိုးသည် စဉ်းစားဥာဏ်နုံ့သူများဖြစ်လေသည်. . .

မှတ်ဥာဏ်သမားများသည် ယနေ့ခေတ် ကွန်ပျူတာများနှင့်တူ၏. . . စဉ်းစားဥာဏ်သမားသည် ကွန်ပျူတာကို အသုံးချစေခိုင်းသော သူနှင့်တူသည်. . .

အချို့လူများသည် "ရှင်ဘုရင် ခွေးမောင်း" ဟု ဆိုရမည်ကဲ့သို့သော အသေးအဖွဲ ကိစ္စလေးများကို လုပ်ချင်ကိုင်ချင် တတ်ကြသည်. . . မိမိအဆင့်အတန်းနှင့် မလျှော်ညီသော အောက်ခြေသိမ်း အလုပ်များကို ရေးကြီးခွင်ကျယ် သဘောထားလေ့ရှိကြသည်. . . ထိုသူများသည် စဉ်းစားဥာဏ်အားနည်းသူများ ဖြစ်ကြလေသည်. . .

အလုပ်ကြီး အကိုင်ကြီး လုပ်ကိုင်နေကြသူများသည် မိမိမည်သို့သော လူစားမျိုး ဖြစ်သည်ဆိုခြင်းကို စဉ်းစားဥာဏ် နှင့် ယှဉ်၍ ဆင်ခြင် သုံးသပ်ကြပြီးသကာလ မိမိနှင့် ထိုက်တန်သော ဥာဏ်ပညာကို သုံး၍ ကျင့်ကြံ ဆောင်ရွက်သင့်ပေသတည်း. . .

အတွေးအမြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

7 comments:

  1. မှတ်ဥာဏ်နဲ့ စဉ်းစားဥာဏ်အတွက် ကျေးဇူးပါ။ လူတွေ အများစုက မှတ်ဥာဏ်သမားတွေ ဖြစ်နေကြတာမဟုတ်လား။ ကျနော် အပါအ၀င်ပေါ့။ စဉ်းစားဥာဏ်သမားဖြစ်ဖို့ ကြိုးစားပါဦးမယ်။
    ပျော်ရွှင်စရာသင်္ကြန်ဖြစ်ပါစေ မေ။

    ReplyDelete
  2. ကြိုးစား ပါဦးမည်..။

    ReplyDelete
  3. ကျေးဇူး မေ(၁၆)၊
    သိပ်စဉ်းစားလွန်တော့လည်း ထားသွားကြတယ် .. (အဟဲ)

    ReplyDelete
  4. စဉ်းစားဥာဏ်ရဲ့ အရေးပါမှုလေးကို ဖတ်ရှုမှတ်သားခွင့် ရတဲ့ အတွက် ကျေးဇူးပါပဲ မမေ၁၆။ ပျော်ရွှင်ပါစေ။

    ReplyDelete
  5. အင်း... ဘာပြော/ရမှန်းတောင်း မသိတော့ဘူး။ မှန်သင့်သလောက်တော့ မှန်ပါတယ်။

    ReplyDelete
  6. ကျွဲခြေရာကွက်ကို ပင်လယ်ကြီးဟု ထင်မှတ်နေတတ်သည့် ဖားသူငယ်ကဲ့သို့ မဖြစ်သင့် ဟု ကိုယ်ကိုယ်ကို ဆုံးမသွားပါတယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။