ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
ဖိုးသူတော်ပြောသော ပုံပြင်
"တစ်လုပ်စားဘူးသူ့ကျေးဇူး" ဆိုတဲ့ စကားရှိတယ်မလား . . . ဘယ်လောက်ပဲ အသေးအဖွဲလေးပဲဖြစ်ဖြစ်. . . ကိုယ့်ကို ကောင်းကျိုးပြုဖူးရင် ဒါ ဟာ ကျေးဇူးပဲ. . . နောက်ပြီးတော့ ကျေးဇူးဆိုတာပြန်ဆပ်ကောင်းပါတယ် ဒါနဲ့ပတ်သက်ပြီး ဒီပုံပြင်လေးကို တစ်ခုရှိုပါတယ်. . .
ဒီပုံပြင်လေးကတော့ ကျေးဇူးသေးသေးလေးတွေကို လိုက်ဆပ်ရတဲ့ မိန်းမကြီး တစ်ယောက်အကြောင်းပါ. . . အဲဒီမိန်းမကြီး နာမည်က ဒေါ်ကျေးဇူးလို့ပဲ ထားလိုက်ပါတော့ . . . သူက သူများကျေးဇူးကို သိပ်ပြီး သိတတ်တာကိုး . . . ဒေါ်ကျေးဇူးက မုန့်ဟင်းခါးချက်တဲ့နေရာမှာ နာမည်ကြီးပဲတဲ့ . . . သူတို့နေတဲ့ ရွာနဲ့ အနီးပတ်ဝန်းကျင် ရွာတန်းရှည် တစ်လျှောက်လုံးမှာ အလှူမှာ ရှိပြီဆိုရင် ဒေါ်ကျေးဇူးက လိုက်ပြီး မုန့်ဟင်းခါးချက်ပေးနေကျပါ. . . .
မုန့်ဟင်းခါးချက်ရင်လည်း အားလုံး အစအဆုံးကို သူ့လက်သူ့ခြေလုပ်ရမှ စိတ်တိုင်းကျတာ ဒီတော့ သူတစ်ယောက်တည်း ပင်ပန်းတာပေါ. . . ဒါပေမယ့် သူ့လက်ရာကိုစားပြီးရင် တသသ ဖြစ်သွားရတာကြီးပါပဲ. . .
ဒီလိုနဲ့တစ်နေ့တော့ ဒေါ်ကျေးဇူး နေမကောင်းဖြစ်ပါလေရော . . . . ကျောက်ကပ် အားနည်းတဲ့ရောဂါဖြစ်ပြီး ခြေလက်တွေမသယ်နိုင်လို့ အိပ်ရာထဲဗုန်းဗုန်း လဲတော့တယ်. . . ဒါနဲ့ဒေါ်ကျေးဇူးက သူ့အိမ်နားက ဘမောင်ဆိုတဲ့ လူတစ်ယောက်ကို ဆေးဆရာသွားပင့်ပေးဖို့ အကူအညီတောင်းတယ် . . .
ဘမောင်က "ဆေးဆရာက ဘယ်ရွာမှာနေမှန်းမသိသေးဘူး ကြီးဒေါ်ရဲ့ ရွာထဲက ငတိုးက ဟိုစပ်စပ် ဒီစပ်စပ်ဆိုတော့ သူ့ကိုမေးကြည့်ပြီး မရရအောင် စုံစမ်းပေးမယ်" လို့ပြော သတဲ့. . .
ဒေါ်ကျေးဇူးလည်း "အေးကွယ် ၊ ကျေးဇူးပါပဲ ငါနေကောင်းရင် မင်းနဲ့ငတိုးကို မုန့်ဟင်းခါး ချက်ကျွေးမယ် "လို့ ပြောသတဲ့ . . . .
တော်၂ကြာတော့ ငတိုးရောက်လာပြီး . . . "ဆေးဆရာနေတဲ့ နေရာကို သူမလို့ စိန်လှဆိုသူကို လှည်းနဲ့ တစ်ဆင့်ခိုင်းထားတယ် ဒေါ်ကြီးစိတ်အေးအေးသာနေလို့ "ပြောပြန်တယ်.
ဒေါ်ကျေးဇူးလည်း "အေးကွယ် ၊ ကျေးဇူးပါပဲ ငါနေကောင်းရင် ဘမောင်ရယ် ၊ နင်ရယ်၊ စိန်လှရယ်ကို မုန့်ဟင်းခါး ချက်ကျွေးမယ် "လို့ ပြောပြန်သတဲ့ . . . .
တော်၂ကြာတော့ စိန်လှဟာ လှည်းနဲ့ရောက်လာပြီး "ကြီးဒေါ်ရေ ကျုပ်တော့ ဟိုဘက်ရွာကပြန်လာခဲ့ပြီ ဆေးဆရာ မတွေ့လို့ ဟိုဘက်ရွာက အောင်ဘုကို လှည်းပေးပြီး ဆက်ရှာခိုင်းထားတယ် ခုကျုပ် သူကြီးကိုပြောပြီး ကျန်တဲ့ရွာသားတွေအားလုံးကို ပါ လှည်းနဲ့ထွက်ရှာဖို့ နှိုးဆော်ခိုင်းထားတယ် " လို့ပြောသတဲ့ . . .
ဒေါ်ကျေးဇူးလည်း "အေး. . ကျေးဇူးပါပဲ ငါနေကောင်းလာမှ သူကြီးရော ရွာသားတွေရာ အားလုံးဖိတ်ပြီး မုန့်ဟင်းခါး ချက်ကျွေးမယ် "လို့ ပြန်ပြောသတဲ့ . . . .
ခဏကြာတော့ သူကြီးကိုယ်တိုင်ရောက်လာတယ် . . . "ကဲ ကျုပ်နှမကြီးရေ ဘာမှမပူနဲ့က . . . . ဟိုဘက်ရွာက သူကြီးတွေအားလုံးကို ကျုပ်စာပို့ပြီး အကူအညီတောင်းထားတယ် ဆေးဆရာကို တွေ့မှာပါ "လို့ပြောသတဲ့.
ဒေါ်ကျေးဇူးလည်း " ဟုတ်ကဲ့သူကြီး . . ကျွန်မ နေကောင်းလာမှပဲ သူကြီးရော၊ ရွာသားအားလုံးရော ဟိုဘက်ရွာက သူကြိးတွေကိုရော မုန့်ဟင်းခါး ချက်ကျွေးရမယ် " လို့ ပြောပြန်သတဲ့ . . . .
ညနေစောင်းတော့ ရွာတန်းရှည်တစ်ခုလုံးက သူကြီးတွေအားလုံး ဒေါ်ကျေးဇူးအိမ်ကို ရောက်လာကြတယ် . . .အားလုံးက "ကျုပ်တို့ရွာတိုင်းက ရွာသားတွေကို ဆေးဆရာရှာပြီး . . ပင့်ခိုင်းလိုက်ပြီ မကြာခင်ရောက်လာပါလိမ့်မယ် "လို့ပြောတော့ . . . .
ဒေါ်ကျေးဇူးလည်း "ဟုတ်ကဲ့ ၊ ကျွန်နေကောင်းလာမှပဲ ရွာတန်းရှည် တစ်ခုလုံးကို မုန့်ဟင်းခါး ချက်ကျွေးရဦးမယ်" လို့ ပြောပြန်သတဲ့ . . . .
ညဘက် မိုးစုံးစုံးချုပ်ခါနီးမျာ ပဲ ဆေးဆရာရောက်လာပါတယ် သူ့နောက်မျာ တော့ ဆေးဆရာပင့်လာတဲ့ . . ရွာသားတွေအုပ်စုလိုက်နဲ့ လှည်းတွေဆိုတာလည်း တန်းစီလို့တဲ့ . . .
ဆေးဆရာကဆေးကုပေးလိုက်တော့ ဒေါ်ကျေးဇူးလည်း နေကောင်းရော ဆိုပါတော့ . . . . နောက်တစ်နေ့မှာ တော့ ဒေါ်ကျေးဇူး ချွေးတစ်လုံးလုံးနဲ့ဟောဟဲလိုက်အောင် မုန့်ဟင်းခါး ချက်နေရပါပြီ . . .. ရွာတန်းရှည် တစ်ခုလုံးစားဖို့ ဆိုတော့ စဉ်းစားကြည့်ပေရော့ . . . .
မုန့်ဟင်းခါးကျွေးပွဲလည်း ပြီးရော ဒေါ်ကျေးဇူးခမျာ ပင်ပန်းတဲ့ ဒဏ်နဲ့ အိပ်ရာထဲ ဗုန်းဗုန်းလဲရော . . . ဒီတစ်ခါတော့ ဘယ်သူ့ကိုမှ အကူအညီမတောင်းတော့ပါဘူး . . . သူ့ဘာသူ တိတ်တိတ်လေး သေသွားသတဲ့ . . .
မင်းခိုက်စိုးစန်
အားလုံးကိုချစ်ခင်လေးစားလျှက်...
may16
21 comments:
  1. စကားလွန် ကျွန်ဖြစ်ဆိုတာ ဒီလိုမျိုးဖြစ်မယ်။
    ကတိတစ်လုံးပေးထားပြီ ဆိုတော့ ရာဝင်အိုးနဲ့ ချက်ပါလေ မုန့်ဟင်းခါးကို .. .. ဒေါ်ကျေးဇူးရေ့ ။
    နှစ်သစ်မှာ
    (၂)ယောက်လုံး
    စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ
    ခင်မင်လျက်
    ReplyDelete
  2. အင်း..မှတ်သားစရာတွေတော်တော်လေး ပါ.မှတ်သားသွားပါတယ် အမရေ
    နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ
    ReplyDelete
  3. အော်... ကျေးဇူးသိတတ်လိုက်တဲ့ဒေါ်ကျေးဇူး...
    အားတော့ကျမိပါရဲ့..
    ဒီနေ့ ကစပြီး တော်ရုံတန်ရုံပဲကျေးဇူးတင်တော့မယ်..
    မုန့်ဟင်းခါးချက်ကျွေးနေရဦးမယ်..း)း)
    နှစ်သစ်မှာကျမ်းမာပျော်ရွှင်ပါစေ...
    ReplyDelete
  4. အဲ့လို သာကျေးဇူးလိုက်ဆပ်နေရင် မလွယ်ဘူး ပဲ...။
    ReplyDelete
  5. ဒီနှစ် သင်္ကြန်မှာ မုန့်ဟင်းခါး ချက်မဲ့ လူ မရှိတော့ ဘူးပေါ့နော်
    ReplyDelete
  6. ကျေးဇူးတရား အကြောင်းလေး မှတ်သားသွားတယ်။ ကျေးဇူးရှိသူ အားလုံးကို တနည်းနည်းနဲ့တော့ တတ်နိုင်သမျှ ကျေးဇူး ပြန်ဆပ်ကြရမှာပဲ။ သံသရာ စက်ဝန်းကို မသိနိုင် မမြင်နိုင်တဲ့ ပုထုဇဉ်အဖြစ်ပဲ ရှိသေးတော့လဲ ခက်လှပါတယ်။ အသိစိတ်လေး တစ်ခုတော့ ရသွားပါတယ်။ အဆင်ပြေပါစေ။
    ReplyDelete
  7. အဲဒါပေါ့ဗျာ..... အာချောင်တယ်ဆိုတာ.. ပြိးတော့ ကိုယ့်အားကိုယ်မကိုးတော့လဲ ခံရပေတော့မပေါ့..။
    ReplyDelete
  8. ပုံပြင်လေး စိတ်ကြိုက်ဖတ်သွားတယ်နော်
    ReplyDelete
  9. ကောင်းတယ် အရမ်းကို သင်ခန်းစာယူသင့်ပါတယ်..
    ReplyDelete
အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .
ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။