ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကွက်ပျောက်

အိုခြင်း၊နာခြင်း ၊ သေခြင်းဆိုတာ ဘယ်သူမှ ရှောင်လွဲလို့ မရဘူးဆိုတာတော့ တော်၂များ၂သိပြီးသားပါ . . . အိုခြင်းနဲ့ သေခြင်းအတွက်လည်း မစိုးရိမ်မိဘူး . . . အိုခြင်းနဲ့သေခြင်းနှစ်ခုကြားက နာခြင်းကိုတော့ ပိုပြီးစိတ်ဝင်စားတယ်. . .
စိတ်ဝင်စားလို့လည်း နေမကောင်းဖြစ်နေတဲ့သူတွေ မကျန်းမာလို့ ဆေးရုံတက်နေရတဲ့သူတွေကို နီးစပ်ရာ ကြုံရင် ကြုံသလို သွားကြည့်တယ်. . . အကဲခတ်တယ် . . . သုံးသပ်တယ် . . . နာမကျန်း ကြာရှည်မဖြစ်ဘဲ . . . ခဏအတွင်းမှာ သေခြင်းကို ကူးပြောင်းချင်စိတ်ပေါ်လာတယ်. . .
နာမကျန်းဖြစ်ခြင်း တာရှည်သည်နှင့်အမျှ မိမိခန္ဓာကိုယ်ကြီးက မိမိကို ဒုက္ခပေးနေသလို မိမိရဲ့စိတ်ကလည်း ရောဂါ ကုသဖို့၊ ငွေကြေးပြည့်စုံဖို့ ၊ ဆေးဝါးစုံလင်ဖို့၊သမားကောင်းနဲ့ တွေ့ခွင့်ရဖို့ဆိုတဲ့ သောကတွေဖိစီးနေမှာပါ. .
ဒီလိုပဲ မိမိနဲ့ပတ်သက်တဲ့ မိသားစု အသိုင်းအ၀ိုင်းကလည်း ဒီလူမမာကြီး ဘယ်တော့ဆေးရုံက ဆင်းရပါ့မလဲ . . ဆက်ပြီး ငွေတွေကုန်နေဦးမှာ လား ဆိုပြီး ငြီးငွေ့တုန်လှုပ်ချောက်ချား လာကြပေလိမ့်မယ်. . .
ဒါကြောင့် အိုခြင်းကို ကြိုဆိုတယ်. . . သေခြင်းကို ကြိုဆိုတယ် . . နာခြင်းဆိုတာကို စာရင်းဖျောက်လို့ရရင် ဖျောက်ပစ်ချင်တယ်. . . အိုခြင်းနဲ့ သေခြင်းကြားမှာ နာခြင်းဆိုတာကို လူဆိုးလူမိုက် လောင်းကစားသမားများ ကွက်ပျောက်ရိုက်သလိုမျိုး ကွက်ပျောက် ရိုက်ပစ်လိုက်ချင်တယ်. . . အိုခြင်းက တစ်ဆင့် သေခြင်းကို အဆင့်ကျော်ပြီး ရောက်သွားချင်ပါတယ် ဖြစ်နိုင်ခဲ့ရင်ပေါ့လေ. . . . .


ဆောင်းဝင်းလတ် (ရသအတွေး)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

13 comments:

  1. အဲလို မရဘူးလေ ညီမလေးရေ၊ ကွက်ပျောက်တော့ ရှိက်ချင်တာပေါ့

    ReplyDelete
  2. နာခြင်းကင်းမဲ့ချင်ပါတယ်။ (မမပန်းကဗျာတွေးသလိုလေး)

    နာမကျန်း ကြာရှည်မဖြစ်ဘဲ . . . ခဏအတွင်းမှာ သေခြင်းကို ကူးပြောင်းချင်စိတ်ပေါ်လာတယ်. . .(မှန်တယ်နော်)

    ReplyDelete
  3. မ(ပန်းကဗျာ)
    လောကကြီးမှာ ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့်ရှိရင် အတိုင်းထက်အလွန်ပါ။
    မလွန်ဆန်နိုင်တဲ့ လောကသဘာဝကို ခါးဆီးခံဖို့ လူဖြစ်လာတာမို့
    ပြုံးပြုံးလေး ကြိတ်ခံပေအုန်းပေါ့နော်။ မနာမကျင်ပဲ ငြင်ငြင်သာသာနဲ့ ကွက်ကျော်သွားတဲ့ သူတွေလည်း အများကြီး ကြုံခဲ့ဖူးပါတယ်။ သူတို့က တရားဓမ္မကို ယုံ၂ကြည်၂နဲ့ လုပ်လာတဲ့ သူတွေဖြစ်တယ်။
    သဘောပေါက်ပါတယ်နော်။

    လေးစားလျက်

    ReplyDelete
  4. ဘာသာတရားကို သက်ဝင်ယုံကြည်စွာ လေ့လာလိုက်စားရင်တော့ အဲဒီ့အဆင့် မပျောက်ရင်တောင် အသက်သာဆုံး နည်းနဲ့ သေဆုံးရတတ်တယ်။ နောင်သံသရာအတွက်လည်း အကြိုးရှိတယ်လေ။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  5. အတွေးလေးကတော့ ကောင်းပါတယ်..
    ဖော်ပြပေးတာ ကျေးဇူးပါ။

    ReplyDelete
  6. အင်း ..လောကဓံတရားကို ဘယ်သူမှ မကျော်လွန်နိုင်ကြတာဘဲ..ကိုယ့်အလှည့်ရောက်ရင်တာ ဘယ်လို ကောင်းအောင်ပြင်ဆင်ထားရမလဲဆိုတာဘဲ ကြိုးစားရမှာပေါ့
    မှတ်သားသွားပါတယ် အမရေ..
    အဆင်ပြေပျော်ရွှင်ပါစေဗျာ

    ReplyDelete
  7. ဆောင်းပါးရှင် (ဦး)ဆောင်းဝင်းလတ် ကိုရော
    ပြန်လည်ဖော်ပြပေးတဲ့ (မ)ပန်းကဗျာ ကိုရော
    ကျေးဇူးတင်တယ်။

    တလေးတစားဖတ်သွားပါတယ်။

    ReplyDelete
  8. ရပါတယ်ဗျာ.. နာခြင်းဆိုတဲ့ အကြောင်းလေးကို လက်ခံတတ်မယ်ဆိုရင် မနာတော့ပါဘူး.. ဆရာတော်တစ်ပါးဆုံးမသလိုပေါ့.. ဘာရောဂါတွေ ဆိုးဆိုးဝါးဝါးပဲဖြစ်နေပါစေပေါ့.. အမြဲနှလုံးသွင်းပါတဲ့..
    ကိုယ်မှာနာပါသော်လည်း စိတ်မှာမနာပါနဲ့...
    နောက်တစ်ခုက ဝေဒနာသည်ငါမဟုတ်.. ဝေဒနာသည်အနိစ္စ ဆိုတာလေးပါ.
    ဘာမှစိတ်မညစ်ပါနဲ့.. ကြိုက်တဲ့နာကြဉ်မှုတွေလာခဲ့ပါ..
    တရားသဘောလေးနားလည်ရင် အေးဆေးပါ...
    ဓမ္မနဲ့ အားလုံးကိုတိုက်လို့ရပါတယ်...
    မြန်မာ့နှစ်သစ်ကူးမှာ စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ...

    ReplyDelete
  9. အဘိုးနဲ့ အဘွားမဆုံးခင် ဆေးရုံမှာတက်နေတုန်းကလည်း ခုလိုပဲ တွေးခဲ့မိဖူးတယ် ဒါပေမယ့် လည်း ... ဒါပေမယ့် ပါပဲလေ ..... နာခြင်းဆိုတာကို မကြုံရပဲ တန်းကနဲ သေချင်ပြီကွာ ဆိုတဲ့ အချိန်မှာ သေသွားနိုင်ရင်ခဲ့မယ် ဆိုရင်တော့ အကောင်းဆုံးပေါ့ ... ဒါပေမယ့် အဲဒီ့စိတ်ကူးကြီးကလည်း သေသေချာချာ စဉ်းစားကြည့်တော့ ဒီလောက်မကောင်းသေးဘူး ... သေချင်ပြီဆိုပြီး သေလိုက်ပြီးတော့မှ နောက်ဘဝရောက်လို့ အခြေအနေမကောင်းရင် ဒုက္ခ ... အဲတော့ သေချင်ပြီဆိုတဲ့ အချိန်ကို နှစ်မျိုးနှစ်စား ထပ်ပြီး ကျွန်တော်ကတော့ခွဲထားချင်တယ် .. အစမ်းသေနဲ့ အစိန်သေဆိုပြီးတော့လေ :D ... သေချင်ပြီဆိုတဲ့ အချိန်မှာ ပထမဆုံး အစမ်းသေကြည့်မယ် ပြီးရင် နောက်ဘဝကို သွားကြည့်မယ် အခြေအနေကောင်းရင် အစိန်သေမယ်ဟေ့လို့ ပြောလိုက်မယ် ... အခြေအနေမကောင်းရင်တော့ ဒီဘဝလေးမှာပဲ ပြန်နေလိုက်ဦးမယ် :D

    ReplyDelete
  10. ဒီစာလေး ဖတ်ပြီးမှ ပဲ ကျွန်တော့သူငယ်ချင်းတစ်ယောက် ပြောတဲ့ 
    စကား ကို သွားသတိရတယ်..။

    ငါချစ်တဲ့ သူတွေ မသေခင် ငါအရင်သေချင်တယ်တဲ့...။

    သူ လည်း ကွက်ပျောက်ရိုက်ချင်ပုံရတယ်...နော်..။

    အမှည့်တ၀င်း ၀င်း အကင်းတစ်ဖုတ်ဖုတ်တဲ့...။
    အို မှမဟုတ်ပါဘူး..။ ငယ် ဘ၀နဲ့ လည်းသေနိုင်တာပဲ..။
    မိုးမြင့်တိမ်ေ ပြာသွားသလို ပဲ
    ဘာသာတရားကို သက်ဝင်ယုံကြည်စွာ လေ့လာလိုက်စားရင်တော့ အဲဒီ့အဆင့် မပျောက်ရင်တောင် အသက်သာဆုံး နည်းနဲ့ သေဆုံးရတတ်တယ်။ နောင်သံသရာအတွက်လည်း အကြိုးရှိတယ်လေ။

    ReplyDelete
  11. ကွက်ပျောက် ရိုက်ချင်တဲ့ နေရာတွေတော့ အများကြီးပဲ။ :P ဒါပေမယ့် သဘာဝကို ကျော်လွန်လို့ မရတော့လည်း ပုံမှန်ပဲ ရှင်သန်ကြရတာပေါ့။ သဘာဝကို ကျော်လွန်တာတွေကလည်း မကောင်းတာ များပါတယ်။ သဘာဝကိုပဲ ကြိုးစား ရင်ဆိုင်တာ အကောင်းဆုံး ဖြစ်မယ် ထင်ပါတယ် မပန်းကဗျာ။

    ReplyDelete
  12. မှတ်သားစရာတွေ ပြန်လည်ဖော်ပြပေးတာ ရှဲရှဲ ပါဗျာ။

    ReplyDelete
  13. ကွက်ပျောက် ရိုက်ပစ်လိုက်ချင်တယ်။ကွက်ပျောက်တော့ ရိုက်လို့ မရဘူး
    ကွက်ပျစ်တော့ ကြိုရိုက်ထားမှ...သေရင် အပုပ်ကောင်ကြီး နံတယ် ဆိုပြီး ကွက်ပျစ်နဲ့ အိမ်ပြင်ထုတ်ထားခံရမှာ။ အော်... အို နာ သေ မလွတ်ပါလား။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။