ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပြုံးအလှပိုင်ရှင်


လောကမှာ ပြုံးနေတဲ့မျက်နှာပိုင်ရှင်ကို လူချစ်လူခင် ပေါတာတော့ သေချာပါတယ်... စကားမပြောတတ်တဲ့ ကလေးတောင် ပြုံးနေရင် ဟိုလူကခေါ်ချင် ဒီလူကခေါ်ချင်ပါပဲ. . . မှုန်ကုပ်ပြီး တင်းနေတဲ့မျက်နာပိုင်ရှင် ဆိုရင်တော့ မြင်တာနဲ့မျက်နှာလွှဲသွားကြမှာပေါ. . .
မျက်နှာကြောတင်းတာနဲ့ က္တုနြေ္ဒ ရှိတာကလည်း ကွဲလွဲပါသေးတယ်. . . အလကားနေရင်း မျက်နှာကြောတင်းနေလို့ " တစ်လောကလုံး သူ့လုပ်စာထိုင်စားနေတယ်များ မှတ်နေသလား မသိဘူး . . . "ဆိုတဲ့ မှတ်ချက်မျိုးပေါ်လာ ရတာပေါ. . .
အပြုံးမှာလည်း အမျိုးမျိုးရှိတာပါပဲ. . . စိတ်ကကြည်လင်သန့်ရှင်းနေရင် အဲဒီအပြုံးဟာလည်း ကြည်လင်သန့်ရှင်း နေတာပဲ. . . . စိတ်အပေါ်မှာလိုက်ပြီး အပြုံးတွေကို ခွဲခြားနိုင်တယ်. . . စိတ်ရဲ့ခံစားမှုဟာ အပြုံးပေါ်မှာ ထင်ဟပ်ပါတယ်. . .
" ရှက်ပြုံး "
" မလိုတမာအပြုံး "

" အောင့်သက်သက်အပြုံး "

" ပမာမခန့် အပြုံး "
"အားငယ်တဲ့ အပြုံး "

စသည်ဖြင့်ပေါ့. . ကြည်လင်တဲ့ အပြုံး ၊ သန့်ရှင်းတဲ့ အပြုံး ကတော့ လူတိုင်းရဲ့ အရည်အချင်း ၊ ရင်းနှီးမှုရဲ့ သော့ချက်လို့သတ်မှတ်ရမှာပါ. . . ဟာသဓာတ်ခံရှိမှ အပြုံးကလည်း ပိုပြီး အသက်ဝင်ပါတယ်. . . ဖုန်းလက်ခံစကားပြောရင်တောင် ပြုံးပြီးပြောဖို့လိုတယ် လို့ အကြံပေးတာဖတ်ဖူးပါတယ်. .. တစ်ဖက်လူမှမမြင်တာ ပြုံးပြီးပြောဖို့မလိုဘူးလို့မထင်ပါနဲ့ ပြုံးပြီးပြောကြည့်ပါ. . . အသံကချိုနေပါတယ် ဒါကြောင့်နားဝင်ချိုတယ်ဆိုတဲ့စကား ပေါ်လာတာပါ. . .
ဒီနေ့စီးပွားရေးနဲ့ပတ်သက်တဲ့စာအုပ်များတွင်လည်း . . . ခေါင်းဆောင်ကောင်း၏ အရည်အချင်းများတွင် "ဟာသနှင့်လက်ခံတတ်ခြင်း၊ ဟာသနှင့်ပေးအပ်တတ်ခြင်း " ဆိုတဲ့ သဘောတရားကို ထည့်ထားပါသည် . . ဟာသဦးဆောင်သူရဲ့ နောက်တွင် ၀န်ထမ်းများပျော်တဲ့အတွက် အလုပ်လည်း ပိုတွင်ကျယ်ပါတယ်. . .
ဟာသဟာ ဆက်ဆံရေးမှာ အရေးပါတယ်လို့ရှေးမြန်မာယောကျာ်းကောင်းတို့ တတ်အပ်သော အတတ် ၁၈ရပ်မှာ ဟာသကို ထည့်ခဲ့တာပါ.. ခရီးတစ်ခုသွားကြမယ်ဆိုရင်တောင် ကားနှစ်စီး ခွဲသွားရမယ်လို့ကြုံလာရင် ပျော်ပျော်နေတတ်သူ၊ ဟာသဖန်တီးတတ်သူပါတဲ့ ကားကိုစီးချင်သူတွေ များတာပါပဲ. . . ရန်သူများခြင်း၊ နည်းခြင်း ၊ မိတ်ဆွေနည်းခြင်း၊ များခြင်း ဆိုတာလည်း ကိုယ့်မျက်နှာပေါ်မှာ အတိုင်း အတာတစ်ခုအထိ အရေးပါပါတယ်. . .
"အလိုမကျမှု၊ စိတ်မရှည်မှု သည်းမခံနိုင်မှု" . . . စသည့် မလိုလားသော ခံစားမှုများရှိသူများ ရဲ့မျက်နှာပေါ်တွင် ကြည်လင်တဲ့ အပြုံးကိုမတွေ့နိုင်ပါဘူး. . . အဲလိုခံစားမှုတွေကြားက ကြည်လင်တဲ့ အပြုံးကို ပြုံးနိုင်ပြီဆိုရင်တော့ အကောင်းဆုံးပေါ့ရှင်. . .

အားလုံး ကြည်ကြည်လင်လင်ပြုံးနိုင်ပါစေ...

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

15 comments:

  1. (ပန်းကဗျာ)
    အနော်က ပြုံးရင်တင် မကဘူး ပါးစပ်က နားရွက် တက်ချိတ်ထားတယ်။

    ကျေးဇူး၊ ပျော်ရွှင်ပါစေ
    သင်္ကြန် ရေလာလောင်းမယ်

    ReplyDelete
  2. :)
    ဒီလိုတော့ အမြဲပြုံးတယ်..။ ဒါပေမယ့် သူငယ်ချင်းတွေက ပြုံးပြတာ ကို
    မင်း ငါတို့ ကို သရဲကား လာပြနေတာလားတဲ့...။
း(

    ReplyDelete
  3. ကြည်လင်တဲ့ အပြုံးလေးရအောင် ကြိုးစားပါ့မယ်ဗျား..။

    ReplyDelete
  4. ဟုတ်ကဲ့ .. ကြိုးစားနေပါတယ်ရှင် .. :)

    ReplyDelete
  5. သိပ်ကောင်းပါတယ်
    လူတိုင်းအပြုံးတွေ ဆင်နိုင်ရင် အားလုံးစိတ်ချမ်းသာပါတယ်
    ကျွန်တော်လည်း အမြဲတမ်း ပြုံးနေနိုင်အောင် ကြိုးစားနေပါတယ်

    ReplyDelete
  6. ပြုံးအလှပိုင်ရှင် မက်မက်လေး .. ပြုံးပြုံးကြီးနဲ့ဖတ်သွားတယ်..ဟီး...:h
    ခစ်ခစ်။။။

    အာဝါးးးးးးးးးးးးး

    တန်ဖိုး ရှိတဲ့ ပို့စ်လေးကို မှတ်သားသွားပါတယ်..တီရေ..

    ReplyDelete
  7. ကိုယ်ကိုပြောသလားပဲ

    ပျော်ရွှင်ပါစေ

    ReplyDelete
  8. အပြုံးဆိုတာ လူတစ်ယောက်အတွက် လူမှုဆက်ဆံရေးနယ်ပယ်မှာ အရေးပါ အရာအရောက်ဆုံး ကူးလူးဆက်ဆံမှုတစ်ခုဆိုတာ သေချာပါတယ် ... နောက်ပြီး အပြုံးဆိုတာ လူတိုင်းလူတိုင်း အချိန်နာရီတိုင်းမှာ ဖန်ဆင်းထားနိုင်တာမျိုး မဟုတ်ဘူးလေ ... တကယ်လို့များ ဖန်ဆင်းလို့ ရနိုင်မယ်ဆိုရင်တော့ .... ဒီကမ္ဘာကြီးက ဒီ့ထက်ပို နေချင်စဖွယ်ဖြစ်လာမယ်ဆိုတာ သိပ်သေချာတာပေါ့ ( Post လေး ဖတ်ပြီး အတွေးပေါက်မိသည်များ ချရေးမိခဲ့ပါသည်။ )

    ReplyDelete
  9. အပြုံးဆိုတာ ကျနော်တို့ လမ်းထိပ်ကုန်စုံဆိုင်က အဒေါ်ကြီးဗျို့

    ReplyDelete
  10. ကျနော်ပြုံးရင် ခနဲ့တဲ့တဲ့ ပုံပေါက်တယ်လို့ ပြောကြတယ်... ဘယ်လိုလုပ်ရမလဲ သိဘူး... ဒီအတိုင်းပဲ ပြုံးတာကို....

    ReplyDelete
  11. Happy New Year....(with smile)

    ReplyDelete
  12. ကြည်လင်တဲ့ အပြုံးလေး အမြဲဆောင်ထားမယ်။

    ReplyDelete
  13. ပြုံးပြုံးလေးနဲ့ ဖတ်သွားတယ်...

    ReplyDelete
  14. အင်း စာဖတ်ပြီး ပြုံးမိပါတယ်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။