ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

တန်ခူးလဖွဲ့

တန်ခူးလဖွဲ့

ဟောင်းရွက်ညှာ ခါလှစ်လို့၊
တာသစ်ကယ်တဲ့ နံ့ကြိုင်
သုတ်ဖြူးလေဆော်က၊ ပန်းကံ့ကော်
ဝတ်မှုန်ကျင်း၊ သင်းပျံ့လို့လှိုင်။
ကြယ်နှစ်ပြိုင်၊ သွယ်ဆိုင်ပ၀င်း။
စိတြငယ်နှင့်၊ ငွေလသော်တာတို့၊
ယုဂန်ချတောင်တော်စွန်းမှာ
ထွန်းထိန်လို့လင်း။
(ဘိုးသူတော်ဦးမင်း၏ ဆယ့်နှစ်လရာသီဖွဲ့ - သဖြန်)

တန်ခူးလသည် မြန်မာလများ၏ ပထမလဖြစ်ပြီး မတ်လနှင့် ဧပြီလတွင်ကျရောက်သည်။ မြန်မာလူမျိုးတို့၏ နှစ်ဟောင်းမှ နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်သည် သင်္ကြန်ဖြစ်၏ ။ သင်္ကြန်ပွဲတော်ကို နှစ်စဉ်တန်ခူးလတွင် ကျင်းပလေ့ရှိသည်။ နှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင် ရေပက်ကစားသည့် ယဉ်ကျေးမှုဓလေ့သည် တကောင်းခေတ်ကပင် စတင်ကျင်းပခဲ့ပြီး ပုဂံခေတ်တွင် ပိုမိုထင်ရှားလာခဲ့သည်။
ရေသည် အေးမြကြည်လင်ခြင်း၊ အညစ်အကြေးကို ဆေးကြောခြင်းနှင့် ရေကိုသား၍ အကြားမထင်ဘဲ ဆက်စပ် နေခြင်းဟူသော နိမိတ်သုံးပါးကို ဆောင်၏။ ထိုနိမိတ်သုံးပါးအရ နှစ်ဟောင်းမှာ အညစ်အကြေးများကို ဆေးကြောသန့်စင်သည့်သဘော၊ ပြည်သူအပေါင်းတို့၏ စိတ်ဓာတ်များကို နှစ်သစ်ကူးရေစင်ကဲ့သို့ အေးမြကြည်လင်စေသည့် အပြင် ပြည်သူအချင်းချင်းရေကိုသား၍ အကြားမထင်သကဲ့သို့ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေထိုင် ဆက်ဆံကြရန်ဟူသော မွန်မြတ်သည့် ရည်ရွယ်ချက်များဖြင့် သင်္ကြန်ပွဲတော်ကို ကျင်းပခြင်းဖြစ်သည်။
မြန်မာတို့သည် နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ဗုဒ္ဓဘာသာ တရားတော်အရ မွန်မြတ်သန့်စင်သော ကုသိုလ်ကောင်းမှုများကိုပါ ယှဉ်တွဲကာ ဆင်နွဲသည့် အစဉ်အလာကောင်းများကိုလည်း ဖန်တီးခဲ့ကြသည်။

Tagu

Tagu is the first month of the Myanmar Calendar. It falls in March and April on the Gregorian calendar. Myanmar new year festival is Thingyan Festival. It is held in the month of Tagu every year. That has been the tradition since Tagaung Period and it became prominent in Bagan Period.

Water is a symbol of coolness, clearness and cleansing fo dirt and grime. The festival of Thingyan that is made most merry and enjoyable with pouring or throwing water on one another is taken as one that cleanses one and all of all dirt and grime of the old year and cools and clears the minds of the people for the new year.

Merry-making at Thingyan festival is intermingled with noble and pure activities of doing meritorious religious deeds in accord with the teachings fo Buddha Dhamma.

မြတ်မင်းလှိုင် (မြန်မာ့ရိုးရာ (၁၂) လရာသီပွဲတော် )

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

8 comments:

  1. မြန်မာလူမျိုးတို့ရဲ့ စိတ်ပျော်ရွှင်စရာ အတာသင်္ကြန်ပေါ့။ သင်္ကြန်ကိုတောင် လွမ်းလာပြီ။ မလယ်ရတာ ကြာပြီ။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  2. လွမ်းမောစ ရာပါလား...။

    ကဲချင်လိုက်တာ သင်္ကြန် ကို ...။

    လာခေါ်ပါလား ဟင် ...။ မုန့် အ၀ ကြွေးမယ်..။

    ReplyDelete
  3. ဂုဏ်ယူစရာလေးပါ။ ကူးယူထားခွင့်ပေးပါ့လား ကဗျာလေးကို အရမ်းနှစ်သက်မိပါတယ်


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  4. ကဗျာလေး ဖတ်သွားတယ်။

    ReplyDelete
  5. နက်မကောင်းလို့ နေ့ဝက်လောက်ကုန်သွားတယ်။ လာရကြိုးနပ်ပါတယ်

    ReplyDelete
  6. သင်္ကြန်ရဲ့အဓိပ္ပါယ်ကို တွေးလေ ပိုချစ်မိလေပါပဲ။ လူမျိုးခြားတွေကိုလည်း စကားကြုံတိုင်း ပြောပြဖြစ်တယ်။ ပြောတိုင်းလည်း စိတ်ထဲက အမြဲဂုဏ်ယူနေမိပါတယ်... အခုလို သေချာပြန်ဖော်ပြပေးတာကို ကျေးဇူးတင်ပါတယ် ညီမလေး ပန်းကဗျာရေ...

    ReplyDelete
  7. တလေးတစား မှတ်သွားတယ်။
    နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ

    ReplyDelete
  8. သင်္ကြန်ကိုသတိရတယ်ဗျာ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။