ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သူ့ကိုမုန်းလို့

လူတစ်ယောက်ဟာ သူမွေးထားတဲ့ခွေးကြီးကို ခေါ်ပြီး သူ့မိတ်ဆွေ တိရစ္ဆာန် ဆရာဝန်ဆီခေါ်သွားပါတယ်။ သူ့ခွေးကြီးက အဖိုးတန်ထဲကဖြစ်ပြီး ခွေးထဲမှာ တော်တော့်ကိုလှတဲ့ကောင်လို့ ပြောလို့ရတယ်။ ဟိုရောက်တော့
ဆရာဝန်က . . . ခင်ဗျားခွေး ဘာဖြစ်လို့လဲ ၊ နေမကောင်းလို့လား ဆိုတော့
ခွေးရှင်က . .ဟင့်အင်း .သူ့အမြီးကိုဖြတ်ပစ်ချင်လို့ပါ၊ ကျေးဇူးပြုပြီးဗျာ အရင်းနားကနေ ဖြတ်ပေးစမ်းပါ.
ဆရာဝန်က ခွေးကိုတစ်လှည့် ခွေးပိုင်ရှင် မိတ်ဆွေကိုတစ်လှည့် တအံ့တသြနဲ့ ကြည့်မိတယ်။ ပြီးမှ…
ဆရာဝန်. . .ဘာလို့ဖြတ်ပြစ်ချင်ရတာလဲခင်ဗျာ၊ သူ့ခမျာ သနားစရာ။ ခင်ဗျားခွေး က ဒေါင်းတင်မောင်းတင်နဲ့ ခန့်ညားတဲ့ကောင်ကြီး၊ အမြီးဖြတ်ပစ်လိုက်ရင် ဘယ်လောက်ရုပ်ဆိုး သွားမလဲ မလုပ်ပါနဲ့ဗျာ ..
ခွေးရှင်က. . . မရဘူးဗျာ၊ ဒီကောင့်အမြီးကို ဖြတ်ကိုဖြတ်ရတော့မယ်၊ မဖြတ်လို့မဖြစ်ဘူး..
ဆရာဝန် . . . ဘာလို့ ဒီလောက်အသည်းအသန်ဖြတ်ချင်ရနေရတာလဲ..
အဲဒီမှာ ခွေးပိုင်ရှင်ပြောလိုက်တဲ့စကားကတော့
မနက်ကျရင် ကျွန်တော့ယောက္ခမကြီး အလည်ရောက်တော့မှာဗျ. ။ အဲဒီအခါကျရင် ကျွန်တော့ခွေးက အမြီးတနန့်နန့်နဲ့ ကြိုဆိုနေမှာကို မကြည့်ချင်လို့ဗျ။ ရှင်းပြီလား။

5 comments:

  1. ယောက္ခမကြီးကို တော်တော်ချစ်ပုံရတယ်။

    http://winzaw-mdy.blogspot.com

    ReplyDelete
  2. ဒါများ အသေသတ်လိုက်ပိုတောင်ကောင်းသေး
    ဟင်းစားတောင် ရတယ် ဟိဟိ

    ReplyDelete
  3. ယောက္ခမကြီးကိုတော်တော်ချစ်ပုံရတယ်နော်။ ပျော်ရွှင်ပါစေဗျာ။

    ReplyDelete
  4. ကျွန်တော်လည်း ဒီနည်းကို သုံးမှဖြစ်မယ် ဟိ။

    ReplyDelete
  5. ကွိကွိ.. ကောင်းရော။းD

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။