ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဆောင်းတွင်းကာလ ကျန်းမာလှပစေဖို့ နည်းလမ်းများ

ဆောင်းတွင်းကာလ ကျန်းမာလှပစေဖို့ နည်းလမ်းများ
မြန်မာနိုင်ငံရဲ့ ဆောင်းတွင်းဟာ အနောက်နိုင်ငံတွေလောက် ခိုက်ခိုက်တုန် အောင် ချမ်းနေတာမျိုးမဖြစ်ပေမယ့် တခြားရာသီတွေထက်စာရင်အေးကာ ဆောင်း အငွေ့အသက်လေးတွေ လွမ်းခြုံနေပါတယ်။ မနက်အစောပိုင်း နဲ့ ညပိုင်းတွေမှာ ရာသီဥတုချမ်းစိမ့်စိမ့်ဖြစ်နေတတ်ပြီး တိုက်ခတ်တဲ့လေတွေက လည်း အေးနေတတ်ကာ နေလို့ထိုင်လို့ ကောင်းလှပါတယ်။ ဒီလိုရာသီ ဥတုမျိုးမှာ အအေးမိ၊ နှာစေး၊ ချောင်းဆိုး ၊ တုတ်ကွေး၊ လည်ချောင်းနာ အဖြစ်များ တတ်ကြတဲ့အတွက် ရောဂါပိုးမကူးစက်အောင် ကာကွယ်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အသားအရေခြောက်သွေ့အသားပပ်ကာ နှုတ်ခမ်းကွဲတတ်တဲ့ အတွက်လည်း ဂရုစိုက်သင့်ပါတယ်။

ကျန်းမာဖို့အတွက် ဆောင်းတွင်းမှာ ဂရုစိုက်သင့်တဲ့အချက်တွေကတော့
(၁) ရောဂါကူးစက်နေသူနှင့် ဝေးဝေးမှာနေပါ။
(၂) လက်ကို စင်ကြယ်စွာဆေးပါ။
(၃) မိမိနေမကောင်းဖြစ်နေလျင် တခြားသူများကို ရောဂါပိုးမဖြန့်ဝေပါနဲ့။
(၄) နေမကောင်းဖြစ်လျှင် စိတ်ရောကိုယ်ပါ ကောင်းကောင်းအနားယူလိုက်ပါ။
(၅) အရက်အလွန်အကျွံ့မသောက်ပါနဲ့။
(၆) ဆားရည်နဲ့ပလုတ်ကျင်းပါ။
(ရ) ဗီတာမင် စီသုံးဆောင်ပါ။
(၈) ဗီတာမင် အီးသုံးဆောင်ပါ။
(၉) အသားအရေကို မခြောက်သွေ့အောင် ရေများများသောက်ပါ။
(၁၀) နှုတ်ခမ်းသားခြောက်သွေ့ခြင်း ကို ကာကွယ်ရန် နှုတ်ခမ်းဆီကို ပုံမှန် အသုံးပြုပါ။
(၁၁) ပရိုတင်းဓာတ်များများပါသောကြက်သား၊ကြက်ဥ စသည်တို့ကို များများစားပါ။
(၁၂) အအေးမမိစေရန်နွေးနွေးထွေးထွေးနေပါ။
(၁၃) ဆေးလိပ်သောက်သူများ ဆေးလိပ်ဖြတ်ပါ။
(၁၄) အအေးမိ၊ နှာစေး၊ ချောင်းဆိုး ၊ တုတ်ကွေး၊ လည်ချောင်းနာ ခြင်းကို သက်သာစေရန် ကြက်စွတ်ပြုတ် အရည် သောက်ပါ။
(၁၅) လေ့ကျင့်ခန်းများများလုပ်ပါ။
(၁၆) အိပ်ရေး၀၀အိပ်ပါ။
(၁၇) ထောပတ်သီး၊ အသီးအနှံဖျော်ရည်၊ သီဟိုဠ်စေ့၊ ဗာဒံစေ့၊ မြေပဲစေ့၊ ချင်း ၊ ကြက်သွန်ဖြူ၊ အဆီရှိတဲ့ငါး အစရှိသည်တို့ကို များများစားပါ။
(၁၈) အားဆေးသောက်ပါ။
(၁၉) သက်ကြီးရွယ် အိုများကို အထူးဂရုစိုက်ပါ။
(၂၀) တစ်နှစ်တာလုံးပင်ပန်းသမျှပြေပျောက်စေဖို့ အပန်းဖြေခရီးထွက်ပါ။

ဒေါက်တာနုမြတ် (အာရောဂျံ၊ ဒီဇင်ဘာလ)

1 comment:

  1. ကျနော်ကတော့ ဆောင်းတွင်းဆိုရင်နေ့လည်
    ၁၂နာရီ၊၁နာရိလောက်ထတာဟိဟိ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။