ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
Showing posts with label မြန်မာ့နေ့ကြီးရက်ကြီးများ. Show all posts
Showing posts with label မြန်မာ့နေ့ကြီးရက်ကြီးများ. Show all posts

အာဇာနည်နေ့



"ဆယ့်ကိုးဇူလိုင် မမေ့နိုင်"
"ဇူလိုင်ဆယ့်ကိုး တပ်လှန့်နှိုး"


ကဗျာဆရာအများပင် အာဇာနည်နေ့ကို စာဖွဲ့ခဲ့ကြသည်. . . ဇူလိုင် ဆယ့်ကိုးရက်နေ့ကား မမေ့နိုင်စရာပင်. . . ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ. . ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သောနေ့ ဖြစ်ပါသည်. . .

ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများသည် မြန်မာနိုင်ငံ သူ့ကျွန်ဘ၀ ကျရောက်နေသဖြင့် ကိုယ်ကျိုးစွန့် ကြိုးပမ်းခဲ့ကြသည်. . .လွပ်လပ်ရေးအတွက် စားလည်း သည်စိတ်၊ သွားလည်းသည်စိတ် ဖြင့် မိမိဘ၀ကို မြုပ်နှံလျက် တိုင်းပြည်နှင့် လူမျိုးအတွက် ဆောင်ရွက်ခဲ့သည်.. .

၁၉၄၇ ဇူလိုင်လ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များ ရုံးဟောင်း၌ ၀န်ကြီးများ အစည်းအဝေး ကျင်းပသည်. . .ဗိုလ်ချုပ်က သဘာပတိအဖြစ် ဆောင်ရွက်၍ ကက်ဘိနက် ၀န်ကြီးအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ဒီးဒုတ်ဦးဘချို ၊ ဦးဘ၀င်း ၊ဦးရာဇာတ်၊ သခင်မြ ၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား၊ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ ၊ ပျော်ဘွယ် ဦးမြ တို့ တက်ရောက်ကြသည်. . .

နံနက် (၁၀) နာရီ (၁၅) မိနစ်တွင် အစည်းအဝေးစ၏. . .

မိုးတဖွဲဖွဲရွာနေသည်. . . ရပ်ရှစ်ခွင်ဝယ် ဝေမှိုင်းနေသည်. . စနေမိုးသည် တဖွဲဖွဲနှင့် စွေနေသည်. .
လူငါးယောက် ၊ ဂျစ်ကားတစ်စီး ၊စစ်ယူနီဖောင်း နှင် အတွင်းဝန်ရုံးသို့ ချင်းနင်းဝင်ရောက်သွားသည်. . . မကြာမီ သေနတ်သံများ ကြားရသည်. .

ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံလိုက်၇သတဲ့. . . . ထိုသတင်းသည် ပြန့်သွားလေသည်. . . ကိုယ်ကျိုးစွန့်သူတို့က ရက်စက်လိုက်ကြပြီး တရားကို နတ်စောင့်သည် ဟု ဆိုကြသည်. . . တစ်တိုင်းပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ကြရသည်. . .

ဗိုလ်ချုပ်သည် ဆင်းရဲ ဒုက္ခ အမျိုးမျိုးခံ၍ တိုင်းပြည်အတွက်. . ဆောင်ရွက်ခဲ့သည်. . . အသက်ကို ပမာဏမထားဘဲ ရန်သူ့မျက်မှောက်တွင် လှို့ဝှက်စွန့်စားမှုများ ပြုခဲ့ရသည်. . . ဆင်းရဲ ပင်ပန်းခံ၍ ဂျပန်ပြည်သွား စစ်ပညာသင်ခဲ့သည်. . . . ဖက်ဆစ်ဆော်လှန်ရေး တိုက်ပွဲများ ကိုယ်တိုင် ဆင်နွဲခဲ့သည်. . ထိုစဉ် အသက်နှင့် ခန္ဓာမြဲခဲ့သည်. . .

လွပ်လပ်ရေးအတွက် ဘိလပ်သွား၍ အောင်ဆန်း အက်တလီ စာချုပ်ချုပ်ခဲ့သည်.. . .လွပ်လပ်ရေး ရရန် လပိုင်းသာ လိုတော့သည်. . . ပန်းကောင်း အညွန့်ကျိုးဖြစ်ရပြီ . . . အတွင်း သစ္စာဖောက် လောက်ကောင်တို့၏ သစ္စာမဲ့မှုကို ခံလိုက်ရသည်. . . ထိုနေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်. . .

အကြင်သူသည် မိမိတို့ကိုယ်ကျိုးကို စွန့်လွှတ်သည်. . ကိုယ့် ပုဂ္ဂလိက အကျိုးအတွက်. . . . အရေးမထား . . .အများ အကျိုးအတွက် ဆောင်ရွက်သည်. . . . .တိုင်းပြည်အတွက် ကြိုးပမ်းသည်. . . ထိုသူများကို အများက အလေးထားသည်. . . ကြည်ညိုသည်. . . . . . .


ပုံကို ဒီလင့်က ယူပါတယ်


ကြည်နိုင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လွတ်လပ်ရေးနေ့



မြန်မာနိုင်ငံသည် ဗြိတိသျှ နယ်ချဲ့တို့၏ လက်အောက်ခံ ကိုလိုနီ ဘ၀မှ ၁၉၄၈ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်. . . မြန်မာနိုင်ငံသည် ကိုယ့်မင်းကိုယ့်ချင်း လွတ်လပ်သော နိုင်ငံအဖြစ် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်မှစ၍ ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်. . . သို့သော ၁၈၂၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၅၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၈၅ ခုနှစ်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် အင်္ဂလိပ်၏ နယ်ချဲ့စစ်ပွဲများကို ရင်ဆိုင်ခဲ့ရပြီး နောက် ကိုလိုနီဘ၀သို့ ကျရောက်ခဲ့ရသည်။

သူ့ကျွန်အဖြစ် မခံလိုသူ တိုင်းရင်းသားများသည် ရရာလက်နက် ၊ လူသူစုစည်း၍ နေရာအနှံ့မှာ ထကြွပုန်ကုန် ကြသည်. . သို့သော် မအောင်မြင်ခဲ့ပေ. . . ၁၉၀၀ ပြည့်နှစ် လွန်မြောက်ပြီးသည့်နောက် ၀ိုင်အမ်ဘီအေ။ ဂျီစီဘီအေ အသင်းများ တည်ထောင်ကာ အမျိုး၊ ဘာသာ၊ သာသနာ အတွက် စည်းရုံးလှုပ်ရှားခဲ့ကြသည်. . . ၁၉၂၀ပြည့်နှစ်တွင် ပထမတက္ကသိုလ် ကျောင်းသားသပိတ်၊ ၁၉၃၀ ပြည့်နှစ်တွင် ဆရာစံဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံ တို့ ဆင့်ကဲ ပေါ်ပေါက်ခဲ့သည်. . ထို့နောက် တို့ဗမာအစည်းအရုံး တည်ထောင်ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲကို ပြောင်ပြောင်တင်းတင်း လုပ်ကိုင် ဆောင်ရွက်ကြသည်. . .

ယင်းနောက်ပိုင်းတွင် လက်နက်ကိုင်တော်လှန်ရေး အဆင့်သို့ ကူးပြောင်းပြီး ဂျပန်၏ အကူအညီနှင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းခဲ့ပါသည်. . . ဂျပန်နှင့်ပူးပေါင်း၍ ဗြိတိသျှ တို့ကို တိုက်ခိုက်ခဲ့သည်. . သို့သော် ကျားကြောက်လို့ ရှင်ကြီးကိုး ၊ရှင်ကြီးကျားထက်ဆိုး ဆိုသကဲ့သို့ ဖက်ဆစ်ဂျပန်သည် နယ်ချဲ့အင်္ဂလိပ်ထက် ရက်စက် ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခဲ့သည်. .

၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်ထိ သုံးနှစ်တာ ဖက်ဆစ်တို့ နှိပ်စက်ညှဉ်းပန်းသည့် ဒဏ်ကို မြန်မာတို့ခံခဲ့ရသည်. . . ၁၉၄၅ခုနှစ် ၊မတ်လတွင် ပြည်သူတစ်ရပ်လုံး ပါဝင့်သည့် ဖက်ဆစ်တော်လှန်ရေးကို ဆင်နွဲခဲ့ကြသည်. . . ဖက်ဆစ်တို့ မြန်မာ့မြေပေါ် မှ မရှုမလှ ဆုတ်ခွာသွားကြရသည်. . ထိုအခါ ဗြိတိသျှ မဟာမိတ်တပ်များ ရောက်လာပြီး ဆက်လက် အုပ်ချုပ်ရန်ရည်ရွယ်ခဲ့သည်. . . သို့သော် မြန်မာပြည်သူလူထုသည် လုံးဝ လွတ်လပ်ရေးကိုသာ လိုချင်ကြသည်. . ကျွန်ဘ၀တွင် ဆက်လက် မနေလိုကြတော့ချေ။

ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအင်အား ကြီးမားမှု၊ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်မှုတို့ကြောင့် လွတ်လပ်ရေး ပန်းတိုင်သည်. . နီးသည်ထက် နီးကပ်လာခဲ့သည်. . . တစ်နှစ်အတွင်း လွတ်လပ်ရေး ရတော့မည်ဟု သိရှိထားချိန် ၁၉၄၇ ခုနှစ်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသည်. . မြန်မာပြည်သူတို့အတွက် အစားထိုး၍ မရနိုင်သော ဆုံးရှုံးမှု ကြီးဖြစ်ခဲ့ရသည်. .

သို့သော တိုင်းရင်းသား ပြည်သူအားလုံး၏ စည်းလုံး ညီညွတ်မှု အားမာန် ဖြင့် ဆက်လက်ကြိုးပမ်းခဲ့ရာ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့၊ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် မြန်မာပြည် လွတ်လပ်ရေး ရခဲ့သည်. . လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များစွာ စတေးခဲ့ရသည်. . . အမျိုးသား ခေါင်းဆောင်များ၏ အသက်ကို ပေးခဲ့ရသည်. . လွတ်လပ် ရေးအတွက် မြုပ်နှံခဲ့ရသော အရင်းအနှီးကား ကြီးမားလှပေသည်. .

လွတ်လပ်ရေးဆိုသည်မျာ လေနှင့်လည်းတူသည် ရေနှင့်လည်းတူသည်၊ ကျန်းမာခြင်းနှင့်လည်း တူသည် လေကို အလွယ်တကူ ရှုရှိုက်နေရစဉ်၌ လေ၏တန်ဖိုးကို မသိနိုင် ထိုနည်းတူပင် ရေ၏တန်ဖိုး၊ ကျန်းမာခြင်း၏ တန်ဖိုးတို့ကိုလည်း အဆင်သင့်ရနေချိန်နှင့် သွားလာ လုပ်ကိုင်နေရချိန်၌ အရေးမထားမိတတ်ကြချေ။

လွတ်လပ်ရေးသည်လည်း ထို့အတူပင်ဖြစ်သည် . . . လွတ်လပ်နေချိန်၌ လွတ်လပ်ခြင်း၏ တန်ဖိုးကို မသိနိုင် လွတ်လပ်ရေး ဆုံးရှုံးချိန်ကျမှသာလွတ်လပ်ခြင်း၏ အရသာနှင့် တန်ဖိုးကို ကောင်းစွာ သိရှိနိုင်သည်. . .

မြန်မာတို့ လက်ဝယ်ရရှိပြီးသော လွတ်လပ်ရေးကို ထာဝစဉ် တည်တံ့အောင် ထိန်းသိမ်းထားဖို့ လိုသည်. . လွတ်လပ်သော လူမျိုးတစ်မျိုး၏ တာဝန်မှာ လွတ်လပ်ရေးနှင့် ထိုက်တန် အောင် နေတတ်ရသည်. . စည်းနှင့် ကမ်းနှင့် နေတတ်ရသည်. . လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိပါးလာမည့် ပြည်တွင်းပြည်ပ အဖျက်ရန်မှန်သမျှကိုလည်း အမြဲ တစေ သတိထား၍ ရှင်းလင်းသုတ်သင်နေရသည်. . . သို့မှာသာ လွတ်လပ်ရေး အဓွန့်ရှည်၍ ပြည်သူတို့၏ဘ၀ သာယာဝပြောမည် ဖြစ်ပေသည်. .


၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုလျှက်

ဒေါ်နုကြည်( မဟာဝိဇ္ဖာ)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အမျိုးသားနေ့

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်အမျိုးသားနေ့ကိုနှစ်စဉ်တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ တွင်ကျင်းပပြုလုပ်လေ့ရှိသည်။ နယ်ချဲ့လက်အောက်ခံ ကိုလိုနီဘ၀သို့ကျ ရောက်ခဲ့ရာ မှနယ်ချဲ့ဆန့်ကျင်ရေးနှင့်အမျိုးသား လွတ်မြောက် ရေးလှုပ်ရှားမှုအဖြစ် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်(၁၉၂၀ပြည့်နှစ်၊ဒီဇင်ဘာလ၅ရက်) နေ့တွင်ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက် ဆန့်ကျင်ခဲ့သည်။

နယ်ချဲ့အစိုးရ၏ ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်၍ သခင်ပညာ၊ အမျိုးသားပညာရေးကို တောင်းဆို ဖော်ပြသော တိုက်ပွဲဖြစ်၍ မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုသမိုင်း တွင်အရေးပါသော လှုပ်ရှားမှုကြီး ဖြစ်သည်။ ထို့ကြောင့် နှစ်စဉ် တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ကာ တစ်ပြည်လုံး အတိုင်းအတာ ဖြင့် ကျင်းပလေသည်။

မြန်မာနိုင်ငံသည် ၁၈၂၄ ခုနှစ်မှအစပြု၍ အင်္ဂလိပ်နယ်ချဲ့၏ ကျူးကျော် တိုက်ခိုက်ခြင်းခံခဲ့ရပြီး ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်ပြည်လုံး သူ့ကျွန်ဖြစ်ခဲ့ရသည်။

နယ်ချဲ့သည် မြန်မာတို့အား အမျိုးမျိုးဖိနှိပ်ခဲ့သည်။ တိုင်းရင်းသားပြည်သူ များ၏ အမျိုးသားရေးစိတ်ဓာတ် ဖြင့်ခုခံ တွန်းလှန်မှုများကို ရက်စက်စွာ နှိပ်ကွပ်ခဲ့ သည်။မြန်မာပြည်သူတို့အဖို့ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို စွှန့်လွှတ် လိုက်ရသကဲ့သို့ အမျိုးသားရေး အမွေအနှစ်များလည်း လက်လွှက်ဆုံးရှုံး ရတော့သည်။ နယ်ချဲ့အုပ်စိုးမှုနှင့်အတူ နယ်ချဲ့၏ ယဉ်ကျေးမှု၊ ပညာရေး အတွေး အခေါ်တို့လည်း စိမ့်ဝင် လွှမ်းမိုးလားသည်။ အမျိုးသားယဉ်ကျေးမှု၊ အမျိုးသား ပညာရေးနှင့် အမျိုးသားရေးအတွေးအခေါ်များမှာ အမိမဲ့သား၊ ရေနည်းငါးသဖွယ် တစ်နေ့တခြား အားနည်း ညှိုးငယ်လာခဲ့ရသည်။

ဤကဲ့သို့ အမျိုးသားရေးအင်အား ညှိုးမှိန်နေရာမှ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီးများက တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက် ကန့်ကွက်ခဲ့ကြသည်။ ကျွန်ပညာရေးစနစ်ကို အပြင်းအထန် ဆန့် ကျင်ခဲ့ကြသည်။ ပြာဖုံးနေသော မြန်မာတို့၏ မျိုးချစ်စိတ် မီးခဲကို ရဲရဲတောက်လာ အောင် လှုံဆော်လိုက်သည်။ ကျွန်ပညာသာ သင်ကြားပေးနေသော တက္ကသိုလ် မှ သပိတ်မှောက်၍ ထွက်ခွာလာသူ ကျောင်းသားကြီးများကို ပြင်ပမှ မျိုးချစ်စိတ်ဓာတ် မီးခဲကို ရဲရဲတောက်လာအောင် လှုံဆော်လိုက်သည်။ ကျွန်ပညာသာ သင်ကြားပေးနေသော တက္ကသိုလ်မှ သပိတ်မှောက်၍ ထွက်ခွာလာသူ ကျောင်းသားကြီးများကို ပြင်ပမှ မျိုးချစ်စိတ်ထက်သန်သူ ပညာရှင်ကြီးများက အားပေးကြသည်။

ဗဟန်းကောလိပ် ဟု အမည်တွင်သော အမျိုးသားကောလိပ် ကိုဝိုင်းဝန်းတည်ထောင် ဖွင့်လှစ်ကြသည်။ မြန်မာ့သမိုင်းနှင့် မြန်မာစာကို အလေးထား၍ သင်ကြားပေးသည်။ အမျိုးသားရေး အစဉ်အလာများ ကိုတန်ဖိုးထားတက်အောင်၊ ကျွမ်းကျင်တက်မြောက်အောင်ဖော်ထုတ်သင်ကြား ပေးသဖြင့် ယင်းပညာရေးကို သခင်ပညာရေး ဟုခေါ်ဝေါ်သုံးနှုန်းကြသည်။

အမျိုးသားရေး ဆိုသည်မှာ မျက်စိဖြင့် တပ်အပ်မြင်ရသောအရာ မဟုတ်သော်လည်း အလွန်တရာအင်အားကြီးမားသည်။ အဆိုပါအရာတို့သည် အင်အားကြီးမားသည်။ အဆိုပါအရာတို့သည် အင်အားကြီးသည် မှန်၏၊ သို့သော ဖြစ်ပေါ်ဆဲ ခဏမျှသာ တည်၏။ လေတိုက်ပြီးလျှင် မီးခိုးသာ ကျန်၏။ အမျိုးသားရေးကား ဤသို့မဟုတ်၊ အင်နှင့်အားနှင့် ရုန်းကန် လှုပ်ရှားပြီးသည့်တိုင် အမျိုးသားပြည်သူတစ်ရပ်လုံးနှင့် ယင်းတို့၏ သားစဉ်မြေးဆက်ထိ မျိုးဆက်အသီးသီး၏ နှလုံးသားထဲ၌ ထာဝရ အမြစ်တွယ် ရှင်သန်နေ လေ့ရှိသည်။် တစ်မျိုးသားလုံးနှင့်ဆိုင်သည့် အရေးအရာများ ပေါ်ပေါက်လာလျှင် ကြိုတင်တိုင်ပင် ညှိုနှိုင်းစရာမလိုလဲ အလိုလို တစ်ပြိုင်တည်းနိုးကြားလာလေ့ ရှိသည်။

ထိုသို့အင်အား စွမ်းသန်လှသော အမျိုးသားရေး စိတ်ဓာတ်ကို အသုံးချရာတွင် ရည်မှန်းချက်နှင့် အဓိဠာန်ရှိသင့်သည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှရရှိခဲ့သည့် အမျိုးသားစိတ်ဓာတ် ထာဝရရှင် သန်နေစေရန် ရည်မှန်းသင့်သည်။ ထိုနည်းတူ နိုင်ငံတော် သာယာဝပြောရေးနှင့် လွတ်လပ်ရေး အဓွန့်ရှည် တည်တံရေးအတွက် ပြည်သူတစ်ရပ်လုံးက အားကြိုးမာန်တက် လုပ်ကိုဆောင်ရွက် ကြမည်ဟု အဓိဠာန်ပြုသင့်ပေသည်။ သို့မှသာ အမျိုးသားရေးစိတ်ဓာတ်လည်းတန်ဖိုးရှိမည်။ အမျိုးသားနိုင်ငံတော်ကြီး လည်း အတိုင်းမသိ တန်ဖိုးရှိနေပေလိမ့်မည်။

ဒေါ်နုကြည် (မဟာဝိဇ္ဖာ)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အာဇာနည်နေ့



"ဆယ့်ကိုးဇူလိုင် မမေ့နိုင်"
"ဇူလိုင်ဆယ့်ကိုး တပ်လှန့်နှိုး"


ကဗျာဆရာအများပင် အာဇာနည်နေ့ကို စာဖွဲ့ခဲ့ကြသည်. . . ဇူလိုင် ဆယ့်ကိုးရက်နေ့ကား မမေ့နိုင်စရာပင်. . . ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ. . ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သောနေ့ ဖြစ်ပါသည်. . .

ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများသည် မြန်မာနိုင်ငံ သူ့ကျွန်ဘ၀ ကျရောက်နေသဖြင့် ကိုယ်ကျိုးစွန့် ကြိုးပမ်းခဲ့ကြသည်. . .လွပ်လပ်ရေးအတွက် စားလည်း သည်စိတ်၊ သွားလည်းသည်စိတ် ဖြင့် မိမိဘ၀ကို မြုပ်နှံလျက် တိုင်းပြည်နှင့် လူမျိုးအတွက် ဆောင်ရွက်ခဲ့သည်.. .

၁၉၄၇ ဇူလိုင်လ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များ ရုံးဟောင်း၌ ၀န်ကြီးများ အစည်းအဝေး ကျင်းပသည်. . .ဗိုလ်ချုပ်က သဘာပတိအဖြစ် ဆောင်ရွက်၍ ကက်ဘိနက် ၀န်ကြီးအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ဒီးဒုတ်ဦးဘချို ၊ ဦးဘ၀င်း ၊ဦးရာဇာတ်၊ သခင်မြ ၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား၊ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ ၊ ပျော်ဘွယ် ဦးမြ တို့ တက်ရောက်ကြသည်. . .

နံနက် (၁၀) နာရီ (၁၅) မိနစ်တွင် အစည်းအဝေးစ၏. . .

မိုးတဖွဲဖွဲရွာနေသည်. . . ရပ်ရှစ်ခွင်ဝယ် ဝေမှိုင်းနေသည်. . စနေမိုးသည် တဖွဲဖွဲနှင့် စွေနေသည်. .
လူငါးယောက် ၊ ဂျစ်ကားတစ်စီး ၊စစ်ယူနီဖောင်း နှင် အတွင်းဝန်ရုံးသို့ ချင်းနင်းဝင်ရောက်သွားသည်. . . မကြာမီ သေနတ်သံများ ကြားရသည်. .

ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံလိုက်၇သတဲ့. . . . ထိုသတင်းသည် ပြန့်သွားလေသည်. . . ကိုယ်ကျိုးစွန့်သူတို့က ရက်စက်လိုက်ကြပြီး တရားကို နတ်စောင့်သည် ဟု ဆိုကြသည်. . . တစ်တိုင်းပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ကြရသည်. . .

ဗိုလ်ချုပ်သည် ဆင်းရဲ ဒုက္ခ အမျိုးမျိုးခံ၍ တိုင်းပြည်အတွက်. . ဆောင်ရွက်ခဲ့သည်. . . အသက်ကို ပမာဏမထားဘဲ ရန်သူ့မျက်မှောက်တွင် လှို့ဝှက်စွန့်စားမှုများ ပြုခဲ့ရသည်. . . ဆင်းရဲ ပင်ပန်းခံ၍ ဂျပန်ပြည်သွား စစ်ပညာသင်ခဲ့သည်. . . . ဖက်ဆစ်ဆော်လှန်ရေး တိုက်ပွဲများ ကိုယ်တိုင် ဆင်နွဲခဲ့သည်. . ထိုစဉ် အသက်နှင့် ခန္ဓာမြဲခဲ့သည်. . .

လွပ်လပ်ရေးအတွက် ဘိလပ်သွား၍ အောင်ဆန်း အက်တလီ စာချုပ်ချုပ်ခဲ့သည်.. . .လွပ်လပ်ရေး ရရန် လပိုင်းသာ လိုတော့သည်. . . ပန်းကောင်း အညွန့်ကျိုးဖြစ်ရပြီ . . . အတွင်း သစ္စာဖောက် လောက်ကောင်တို့၏ သစ္စာမဲ့မှုကို ခံလိုက်ရသည်. . . ထိုနေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်. . .

အကြင်သူသည် မိမိတို့ကိုယ်ကျိုးကို စွန့်လွှတ်သည်. . ကိုယ့် ပုဂ္ဂလိက အကျိုးအတွက်. . . . အရေးမထား . . .အများ အကျိုးအတွက် ဆောင်ရွက်သည်. . . . .တိုင်းပြည်အတွက် ကြိုးပမ်းသည်. . . ထိုသူများကို အများက အလေးထားသည်. . . ကြည်ညိုသည်. . . . . . .


ပုံကို ဒီလင့်က ယူပါတယ်


ကြည်နိုင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

အလုပ်သမားနေ့


မေလ (၁) ရက်နေ့သည် ကမ္ဘာ့ အလုပ်သမားနေ့ ဖြစ်သည်. . ၁၈၈၆ ခုနှစ် မေလ (၁) ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု ရှိ စက်ရုံအလုပ်ရုံမှ အလုပ်သမားများသည် တစ်နေ့အလုပ်ချိန် (၈) နာရီ သတ်မှတ်ပေးရေးအတွက် အရင်းရှင်တို့အား ယင်းနေ့တွင် တညီတညွတ်တည်း သပိတ်မှောက်ခဲ့ ကြသည်. .

ဤသို့ သပိတ်မှောက်ရာတွင် အမေရိကန် ပြည်ထောင်စုရှိ ချီကာဂိုမြို့ ဆန္ဒပြပွဲ၎င်း၌ ပုလိပ်များက အကြမ်းဖက် နှိမ်နင်းရာ အလုပ်သမားများနှင့် ပုလိပ်အချို့သေကြေခဲ့ရသည်. . . . အလုပ်သမားခေါင်းဆောင် လေးဦး ကိုလည်း အစိုးရက ဖမ်းဆီးစစ်ဆေးပြီး ကြိုးပေးသတ်လိုက်သည်. . . သို့သော် အလုပ်သမားထုသည် အလျှော့မပေး ဆက်လက်တိုက်ပွဲဝင်ခဲ့သည်. . .နောက်ဆုံးတွင် အစိုးရကလျှော့ပေးပြီး အလုပ်ချိန်ကို တစ်နေ့ ၈ နာရီဟု တရားဝင် သတ်မှတ်လိုက်ရသည်. . .

ဤအရေးတော်ပုံကြီး ဖြစ်ပွားပြီးနောက် ၁၈၈၉ ခုနှစ် တွင် ပြင်သစ်နိုင်ငံ ၊ ပါရီမြို့၌ ကမ္ဘာ့အလုပ်သများ အသင်းချုပ်ကြီး ညီလာခံ ကျင်းပရာ ထိုညီလာခံကြီးမှ အမေရိကန် အလုပ်သများတို့၏ သွေးမြေကျ တိုက်ပွဲဝင်ခဲ့သော မေလ ၁ ရက်နေ့ကို "မေဒေး" ဟု အထိမ်းအမှတ်ပြုကာ ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်. .

အလုပ်သမားနေ့သည် လုပ်အားတန်ဖိုးမြှင့်တင်ပေးသောနေ့၊ တရားမျှတမှုအတွက် တော်လှန်ရုန်းကန်မှုများ ပေါ်ပေါက်အောင် တပ်လှန့်လိုက်သော နေ့ဖြစ်သည်. . . ထို့ကြောင့် မေဒေးသို့မဟုတ် အလုပ်သမားနေ့ကို အလုပ်လုပ်သော ပြည်သူတိုင်းက ထာဝစဉ်တန်ဖိုးထားအပ်ပေသည်. .

ဒေါ်နုကြည်

အားလုံးကိုချစ်ခင်လေးစားလျှက်...

တောင်သူလယ်သမားနေ့



မြန်မာနိုင်ငံတော်သည် နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်တွင် နှစ်ပေါင်းရာနှင့် ချီသော ညှိုးငယ်စွာ နေခဲ့ရသောကြောင့် တိုင်းပြည်၏ လူများစု ဖြစ်သော တောင်သူလယ်သမားများမှာ လူစဉ်မမှီဘဲ အောက်ကျနောက်ကျဖြစ်ခံရသည်။ ထိုအခြေအနေသည် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံတော် လွတ်လပ်ရေးရသည် အထိ ဆက်လက် တည်ရှိ ခဲ့ရသည်။လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရ လက်အောက်တွင် တောင်သူ လယ်သမား တို့ ဘ၀သည် ထူးခြားစွာ တိုးတက်ခြင်းမရှိဘဲ ဒုံဟောင်းဘ၀ထဲ၌ လည် ပတ်နေရသည်။

၁၉၆၂ ခုနှစ် မတ်လ( ၂ ) ရက် နေ့တွင် တော်လှန်ရေးကောင်စီ လက်ထက်သို့ ရောက်သောအခါ တောင်သူလယ်သမားတို့၏ ဘ၀သည် ပြောင်းလဲမှု အချိုးအကွေ့ ရောက်ရှိလာသည်။ တောင်သူလယ်သမားများသည် အဓိကကျသော အင်အားစုကြီးဖြစ်၍ ထိုတောင် သူလယ်သမားတို့အား အမှတ်တရ ဂုဏ်ပြုသော နေ့တစ်နေ့ သည် ထီးထီးထွက်ပေါ်လာရန် အရေးတကြီး လိုအပ်နေကြောင်း နှိးနှောဖလှယ်ပွဲများမှာ တောင်သူဦးကြီးများက ပြခဲ့သဖြင့် ၁၉၆၂ ခုနှစ် မှ စ၍ နှစ်စဉ် ဇန်န၀ါရီလ (၁)ရက် နေ့တွင် တောင်သူလယ်သမားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ဇန်န၀ါရီလသည် တောင်သူလယ်သမားများအနေဖြင့် လယ်ရာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေသဖြင့် လည်းကောင်း၊ ဇန်န၀ါရီလသည် အင်္ဂလိပ်နှစ်သစ်၏ အစလဖြစ်၍ နှစ်သစ်ကူးကာလကို ဂုဏ်ပြုသလိုဖြစ်နေခြင်း ကြောင့်လည်းကောင်း၊ ယင်းနေ့အစား တော်လှန်ရေးကောင်စီ သမိုင်းပေးတာဝန်အရ တိုင်းပြည်တာဝန်ကို စတင် ထမ်းဆောင်သောနေ့ဖြစ်သော မတ်လ(၂)ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲ ပေးသင့်ကြောင်း တင်ပြကြသဖြင့် မတ်လ(၂)ရက်နေ့ကို တောင်သူလယ်သမား နေ့ အဖြစ် သတ်မှတ်ရန် တညီတညွတ်တည်း သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်နှင့်ချီပြီး လယ်ယာစိုက်ပျိုးရေး နိုင်ငံအဖြစ် ရပ်တည်လာခဲ့သည့် အားလျော်စွာ မြန်မာတိုင်းရင်းသားတို့ အနက်အမျာစုမှာလည်း တောင်သူလယ်သမားများ ဖြစ်ကြသည်။ထို့ကြောင့် နိုင်ငံတော်တိုးတက် ဖွံ့ဖြိုးရေးနှင့် တောင်သူလယ်သမားတို့ အားတိုးတက်ဖွံဖြိုးရေးမှာ ခွဲ၍ မရနိုင်အောင် ဆက်စပ်နေပေသည်။

အခြားတစ်ဖက်တွင်လည်း တောင်သူလယ်သမားများသည် အသက်ရှင်ရေး အတွက် အဓိကဖြစ်သော ဆန်စပါးနှင့် အခြားသီးနှံများကို ဆင်းရဲပင်ပန်းစွာဖြင့် စိုက်ပျိုးထုတ်လုပ်နေသူများဖြစ်သောကြောင့် သူတို့သည် နိုင်ငံတော်၏ ကျေးဇူးရှင်များလည်း ဖြစ်ကြသည်။သူတို့၏ ကျေးဇူးတရားကို မမေ့ဘဲ သူတို့ဘ၀ ဖွံဖြိုးတိုးတက် သာယာလာအောင် ကြံဆောင် ကြိုးပမ်းပေးခြင်းဖြင့် ကျေးဇူးဆပ်သင့် ကြသည်။သို့သော် တောင်သူလယ်သမားတို့၏ ဘ၀နှင့် တိုးတက်ဖွံဖြိုးရေး ဘ၀သည် တစ်ဆက်တည်း ရှိနေသဖြင့် ကျေးဇူးဆပ်သင့်ကြသည်။

သို့သော် တောင်သူ လယ်သမားတို့၏ ဘ၀နှင့် တိုးတက်ဖွံဖြိုးရေးဘ၀သည် တစ်ဆက်တစ်စပ်တည်း ရှိနေသဖြင့် တောင်သူလယ်သမားတို့၏ ကျေးဇူးကို ပြန်လည်ပေးဆပ်လိုလျှင် နိုင်ငံတော်ဖွံဖြိုးရေးလုပ်ငန်းများ၌ ကျရာတာဝန် များကို ကျေပန်စွာ ထမ်းဆောင်ခြင်းသည်သာ အဓိပ္ပာယ် အရှိဆုံး၊အထိရောက်ဆုံးသော ပေးဆပ်ခြင်း ဖြစ်ကြောင်း သိရှိနားလည် သင့်ကြပေသည်။

"၂၀၁၀ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင်ကျရောက်မည့်
(၄၈) နှစ်မြောက် တောင်သူလယ်သမားနေ့ကိုဂုဏ်ပြု၍ ."



ဦးဝမ်ထိန် (ကမ္ဘာ့နေ့ကြီးရက်ကြီးများ နှင့် မြန်မာ့နေ့ကြီးရက်ကြီးများ)

အားလုံးကိုချစ်ခင်လေးစားလျှက်...





တောင်သူလယ်သမားနေ့

မြန်မာနိုင်ငံတော်သည် နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်တွင် နှစ်ပေါင်းရာနှင့် ချီသော ညှိုးငယ်စွာ နေခဲ့ရသောကြောင့် တိုင်းပြည်၏ လူများစု ဖြစ်သော တောင်သူလယ်သမားများမှာ လူစဉ်မမှီဘဲ အောက်ကျနောက်ကျဖြစ်ခံရသည်။ထိုအခြေအနေသည် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံတော် လွတ်လပ်ရေးရသည် အထိ ဆက်လက် တည်ရှိ ခဲ့ရသည်။လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရ လက်အောက်တွင် တောင်သူ လယ်သမား တို့ ဘ၀သည် ထူးခြားစွာ တိုးတက်ခြင်းမရှိဘဲ ဒုံဟောင်းဘ၀ထဲ၌ လည် ပတ်နေရသည်။

၁၉၆၂ ခုနှစ် မတ်လ( ၂ ) ရက် နေ့တွင် တော်လှန်ရေးကောင်စီ လက်ထက်သို့ ရောက်သောအခါ တောင်သူလယ်သမားတို့၏ ဘ၀သည် ပြောင်းလဲမှု အချိုးအကွေ့ ရောက်ရှိလာသည်။

တောင်သူလယ်သမားများသည် အဓိကကျသော အင်အားစုကြီးဖြစ်၍ ထိုတောင် သူလယ်သမားတို့အား အမှတ်တရ ဂုဏ်ပြုသော နေ့တစ်နေ့ သည် ထီးထီးထွက်ပေါ်လာရန် အရေးတကြီး လိုအပ်နေကြောင်း နှိးနှောဖလှယ်ပွဲများမှာ တောင်သူဦးကြီးများက ပြခဲ့သဖြင့် ၁၉၆၂ ခုနှစ် မှ စ၍ နှစ်စဉ် ဇန်န၀ါရီလ (၁)ရက် နေ့တွင် တောင်သူလယ်သမားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

တောင်သူလယ်သမားကြီးများက ဇန်န၀ါရီလသည် တောင်သူလယ်သမားများအနေဖြင့် လယ်ရာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေသဖြင့် လည်းကောင်း၊ ဇန်န၀ါရီလသည် အင်္ဂလိပ်နှစ်သစ်၏ အစလဖြစ်၍ နှစ်သစ်ကူးကာလကို ဂုဏ်ပြုသလိုဖြစ်နေခြင်း ကြောင့်လည်းကောင်း၊ ယင်းနေ့အစား တော်လှန်ရေးကောင်စီ သမိုင်းပေးတာဝန်အရ တိုင်းပြည်တာဝန်ကို စတင် ထမ်းဆောင်သောနေ့ဖြစ်သော မတ်လ(၂)ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲ ပေးသင့်ကြောင်း တင်ပြကြသဖြင့် မတ်လ(၂)ရက်နေ့ကို တောင်သူလယ်သမား နေ့ အဖြစ် သတ်မှတ်ရန် တညီတညွတ်တည်း သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်နှင့်ချီပြီး လယ်ယာစိုက်ပျိုးရေး နိုင်ငံအဖြစ် ရပ်တည်လာခဲ့သည့် အားလျော်စွာ မြန်မာတိုင်းရင်းသားတို့ အနက်အမျာစုမှာလည်း တောင်သူလယ်သမားများ ဖြစ်ကြသည်။ထို့ကြောင့် နိုင်ငံတော်တိုးတက် ဖွံ့ဖြိုးရေးနှင့် တောင်သူလယ်သမားတို့ အားတိုးတက်ဖွံဖြိုးရေးမှာ ခွဲ၍ မရနိုင်အောင် ဆက်စပ်နေပေသည်။

အခြားတစ်ဖက်တွင်လည်း တောင်သူလယ်သမားများသည် အသက်ရှင်ရေး အတွက် အဓိကဖြစ်သော ဆန်စပါးနှင့် အခြားသီးနှံများကို ဆင်းရဲပင်ပန်းစွာဖြင့် စိုက်ပျိုးထုတ်လုပ်နေသူများဖြစ်သောကြောင့် သူတို့သည် နိုင်ငံတော်၏ ကျေးဇူးရှင်များလည်း ဖြစ်ကြသည်။သူတို့၏ ကျေးဇူးတရားကို မမေ့ဘဲ သူတို့ဘ၀ ဖွံဖြိုးတိုးတက် သာယာလာအောင် ကြံဆောင် ကြိုးပမ်းပေးခြင်းဖြင့် ကျေးဇူးဆပ်သင့် ကြသည်။သို့သော် တောင်သူလယ်သမားတို့၏ ဘ၀နှင့် တိုးတက်ဖွံဖြိုးရေး ဘ၀သည် တစ်ဆက်တည်း ရှိနေသဖြင့် ကျေးဇူးဆပ်သင့်ကြသည်။သို့သော် တောင်သူ လယ်သမားတို့၏ ဘ၀နှင့် တိုးတက်ဖွံဖြိုးရေးဘ၀သည် တစ်ဆက်တစ်စပ်တည်း ရှိနေသဖြင့် တောင်သူလယ်သမားတို့၏ ကျေးဇူးကို ပြန်လည်ပေးဆပ်လိုလျှင် နိုင်ငံတော်ဖွံဖြိုးရေးလုပ်ငန်းများ၌ ကျရာတာဝန် များကို ကျေပန်စွာ ထမ်းဆောင်ခြင်းသည်သာ အဓိပ္ပာယ် အရှိဆုံး၊အထိရောက်ဆုံးသော ပေးဆပ်ခြင်း ဖြစ်ကြောင်း သိရှိနားလည် သင့်ကြပေသည်။

မတ်လ(၂)ရက်နေ့တွင်ကျရောက်မည့် တောင်သူလယ်သမားနေ့ကိုဂုဏ်ပြု၍ ရေးသားဖော်ပြ လိုက်ပါတယ်..


ဦးဝမ်ထိန် (ကမ္ဘာ့နေ့ကြီးရက်ကြီးများ နှင့် မြန်မာ့နေ့ကြီးရက်ကြီးများ)


အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ


ပြည်ထောင်စုနေ့ ဆိုင်ရာအဆိုအမိန့်များ -

၁၂.၂.၂၀၀၉ ရက်နေ့တွင်ကျရောက်မည့် ( ၆၂ ) ကြိမ်မြောက်ပြည်ထောင်စုနေ့ ကိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့နှင့်ပတ်သက်သော အဆိုအမိန့်များ နှင့် အတွေးအမြင်များကို ဖော်ပြလိုက်ပါတယ်. . .

ပြည်ထောင်စုနေ့ ဆိုင်ရာအဆိုအမိန့်များ -

* ဘယ်သူခွဲခွဲ တို့မကွဲအမြဲစည်းလုံးမည်။ (မြန်မာ ဆောင်ပုဒ်)
* နွားကွဲလျှင် ကျားဆွဲမည်။ (မြန်မာစကားပုံ)
* တစ်ယောက်အားနှင့်ယူသော်မရ ၊ တစ်သောင်းအားနှင့် ယူသော်ရ၏။ (မြန်မာစကားပုံ)
* ညီညွတ်ခြင်းသည် အင်အား။ (မြန်မာစကားပုံ)
* တစ်ယောက်အတွက်အများ ၊ အများအတွက်တစ်ယောက်။ ( ဒူးမတ်စ်)
* အင်အားရှိသမျှစုစည်းထား၊ အန္တာရယ်ဟူသမျှဘေးဖယ်သွား။ ( လောင်းဖဲလိုး )
* စည်းလုံးနေသမျှ ဘယ်တော့မှ မကျဆုံးနိုင် ။ ( အမေရိကန်ဆိုရိုးစကား)
* စည်းလုံးခြင်းဆိုတာ ရင်ချင်းအပ်၊ နှလုံးချင်းထပ်ထားတာ ကိုဆိုလိုတယ်။ ( ဂျီရယ်မီတေလာ)

ခံယူကျင့်သုံးအပ်သည့် အတွေးအမြင်များ

လူသည် ဗီဖအားဖြင့် တစ်ဦးတစ်ယောက်တည်း နေ၍မရ။ အပေါင်းအသင်း၊ အစုအဖွဲ့နှင့်နေရသော သတ္တ၀ါမျိုးဖြစ်သည်။ အပေါင်းအစုအင်အားရှိနေသရွေ့ မိမိ (သို့) မိမိအမျိုးအနွယ်၏ ဘ၀သည်လုံခြုံစိတ်ချမှုကို ဧကန်ရနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူလောက၌ အိမ်ထောင်စုတစ်စုချင်း၊ လူမျိုးတစ်မျိုးချင်း၊ တိုင်းပြည်တစ်ပြည်ချင်းသည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေထိုင် ကြရန် အရေးကြီးလှသည်။
စညးလုံးညီညွတ်ခြင်းဟူသည်ကား ပါးစပ်က ပြောနေရုံနှင့် ဖြစ်မလာနိုင်ချေ။ အလုပ်နှင့်လက်တွေ့ အကောင်အထည်ဖော်နိုင်ရမည်။ ကွဲပြားခြားနားခြင်း၊ အပေးအယူမမျှတခြင်း၊ အနိုင် ကျင့်ဗိုလ်ကျခြင်း၊ အထင်အမြင်သေးခြင်းစသည်တို့သည် စည်းလုံးညီညွတ်ခြင်း ၏ ရန်သူများဖြစ်၍ ထိုသဘောထားများကို သတိပြုရှောင်ကြဉ်လျှင် စည်းလုံးညီညွတ်ခြင်းကို မုချရရှိနိုင်မည်သာဖြစ်သည်။
စည်းလုံးခြင်းလောက် ကြီးမားခိုင်ခံ့သော အားသည်မရှိချေ။ မိမိတို့အမျိုး၊ မိမိတို့နိုင်ငံအပေါ်ကျရောက်လာမည့် အန္တရယ်ဟူသမျှကို စည်းလုံးခြင်းအားနှင့် ဟန့်တားချေမှုန်းနိုင်သည်။ ထို့ကြောင့်မိမိအကျိုး၊ မိမိတိုင်းပြည် အဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲသွားစေလို လျှင် စည်းလုံးညီညွတ်ရေးကို မဖြစ်မနေ တည်ဆောက်ထား နိုင်ရမည် ဖြစ်ပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16
ဦးဝမ်ထိန် (ကမ္ဘာ့နေ့ကြီးရက်ကြီးများ နှင့် မြန်မာ့နေ့ကြီးရက်ကြီးများ)

ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။