ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ညဏ်နှင့်ယှဉ်၍ကြိုးစားခြင်း



ဘ၀မှာ အောင်မြင်မှု ကို မုချလိုချင်ရင် ကံ၊ ညဏ်၊ ၀ီရိယ သုံးမျိုးပေါင်း ပြီးကြိုးစားရပါတယ်. . . ညဏ်ကို အရင်သုံး ၊ ဒုတိယ ၀ီရိယတွဲ၊ ညဏ်ရှိပြီး ၀ီရိယ မရှိလည်း အလကားပါ. . . . သုံးမျိုး စလုံးကို တွဲနိုင်ရင်တော့ မလွဲမသွေ အောင်မြင်မှုကို ရရှိမှာပါ.

ကံ၊ညဏ်၊၀ီရိယ သုံးမျိုးတွဲပြီး အသုံးပြုလို့ အောင်မြင်မှု ရရှိနိုင်ကြောင်းကို မုဆိုးသုံးယောက်ရဲ့ ပုံပြင်လေး တစ်ပုဒ်နဲ့ သာဓက ပြပါ့မယ်. .

မုဆိုးသုံးဦးမှာ တစ်ဦး က လုံ့လ၊ ၀ီရိယ၊ ဇွဲသမား ဇွဲကြောင့် သားကောင်ရတယ်. . တစ်ဦးက ကံသမားပဲ . . ဆယ်ခါတစ်ခါ သားကောင်ရတယ်. .. တစ်ယောက်ကတော့ ကံရော၊ လုံ့လ ၀ီရိယရော ၊ညဏ်ရော သုံးတယ်.

သူတို့ သုံးဦးကို ဘုရင်က သားကောင်အရ ပြိုင်ခိုင်းတယ်. .. ငါးရက်မှာ သားကောင်အရများသူကို အနိုင်ပေးမယ် လို့ ပြောပြီး တောနက်ထဲကို လွှတ်လိုက်တယ်. .

ဇွဲသမားက တောထဲရောက်တာနဲ့ မနားမနေ သားကောင်ရှာတာပဲ ၊ တောနက်ချုံနွယ်ကို မောကြီးပန်းကြီးတိုးတယ်. . သူဟာ တော်တော်နဲ့ သားကောင်မရဘူး . . . ဇွဲကြောင့် လမ်းမှာ သုံးရက်ကြာမှ သမင်တစ်ကောင်သာရတယ်. .

ကံသမားကတော့ အေးအေးပဲ၊ ကံကောင်းရင် ရမှာပဲ ဆိုပြီး ပါလာခဲ့တဲ့ သေရည်ကို မော့လိုက်. . သားကောင်သံ နားစွင့်လိုက် အနံ့ခံလိုက်နဲက လုပ်နေတာ လေးရက်မှာ ချေတစ်ကောင်ရတယ်. . .

ညဏ်သမားကတော့ သုံးရက်မှာ သားကောင် ကိုးကောင်ရနေပြီး ငါးရက်ပြည့တော့ နေပြည်တော်ကို အသီးသီးပြန်လာကြပါတယ်. .

ဘုရင်ကြီး က အကြောင်းစုံ ကို အသီးသီး မေးမြန်းပြီး သုံးတဲ့အခါမှာ အများဆုံးရတဲ့ မုဆိုးကို ရွာသုံးရွာစားခွင့် ပေးပြီး တိုင်းသူပြည်သားများကို ဆုံးမစကား တစ်ခွန်းပြောတယ်.. .

မုဆိုးကျော်ဟာ မြှားပစ်တော်ရုံသာမဟုတ် ညဏ်ပညာတော်သူလည်းဖြစ်တယ်. . . သူဟာ ညဏ်သုံးပြီး တိရစ္ဆာန် ရေသောက်ချိန်ကိုသိတယ်. . . ရေသောက်ချိန်မှာ ရေကန်ကနေ ချောင်းမြောင်းစောင့်တယ်. . .အစာရှာထွက်ချိန်၊ အိပ်တန်းပြန်ချိန် သူ့အချိန်နဲ့ သူနေရာဒေသာကို ညဏ်နဲ့ ယှဉ်သုံးတယ်. . ပြီးတော့ သူမကောင်းမှု လုပ်ပေမယ့် အဲသည် လုပ်ချိန်မှာ သေရည်ကို မသောက်သုံးဘူး. .

လူဆိုတာ ကံနဲ့ ၀ီရိယကို သာ သုံးနေလို့မဖြစ်ပါဘူး ၊ ညဏ်လည်းသုံးရတယ်. . ညဏ်မပါ ဘယ်ဟာမပြီးလို့ ပြောကြားလိုက်ပါတယ်. . . . အရာရာမှာ ညဏ်နဲ့ ယှဉ် ကြိုးစားရမယ်လေ. . အောင်မြင်မှု အပြည့်အ၀ ရအောင် ကြိုးစားခြင်တယ်ဆိုရင်တော့ ကံရယ်၊ ညဏ်ရယ်၊ ၀ီရိယရယ် ယှဉ်ပြီးတော့ ကြိုးစားရပါမယ်.

ထူးအောင်မြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

7 comments:

  1. ရှင်းလင်းနာလည်လွယ်တဲ့ ဥပမေယျပေမဲ့
    အလွန်တန်ဖိုးရှိပါတယ် ဇွဲသမား ချုံကိုမော
    ကြီးပန်းကြီးတိုးတာကိုတော့ သဘောကျမိပါရဲ့ 
    သူမှာဇွဲရှိရက်နဲ့ ထင်သလောက် ခရီးမပေါက်ဘူး
    ဖြစ်နေတယ် ဥာဏ်ကိုမစဉ်းစားတာလား အသုံး
    မချတတ်တာလားတော့ စဉ်းစားစရာဘဲဗျ . . .

    ReplyDelete
  2. တင်ပြတဲ့ရည်ရွယ်ချက်က ကောင်းပါတယ်။ ဒါပေမယ့် တင်ပြပုံက နည်းနည်းအကြမ်းထည်ဆန်နေသလားလို့ပါ။ နည်းနည်းလေး ဖွဲ့ ဖွဲ့ နွဲ့ နွဲ့ နဲ့ ရှည်ရှည်လေး စိတ်ဝင်စားအောင် ရေးမယ်ဆိုရင် ပိုကောင်းမယ်လို့ ယူဆပါတယ်ခင်ဗျာ။ မိမိရဲ့ အမြင်သာဖြစ်ပါတယ်။
    www.arakanarcher.blogspot.com

    ReplyDelete
  3. ကံ မရှိ၊ ဥာဏ်ရှိတိုင်း မွဲ..ဆိုတာကျ ဘယ်လိုလုပ်မလဲ မသိဘူးဗျာ။ ကံဆိုတာ အလုပ်တဲ့။ ဘာတွေမှန်းကို မသိတော့ပါဘူး။ သိထားတာကတော့ ပါရမီ၊ ဘဝအဆက်ဆက် အထုံအကျက်ရှိခဲ့သူကို ဥာဏ်သမားရော၊ ဝီရိယသမားပါ ဘယ်လိုမှ လိုက်မမီတာပါပဲ။

    ReplyDelete
  4. ဥာဏ် နဲ့ ယှဉ် ကာ ....ယူ သုံး သွား ပါတယ်..
    ကိုးကောင် + တစ်ကောင် + တစ်ကောင် = ?
    ငါးရက် + (ကံ၊ဥာဏ်၊ဝီရိယ) = ?

    ပျော်ရွှင်စွာဖြင့် စာ ကောင်းပေမွန် ဗဟုသုတ ရဖွယ် များ ဆက်လက် ရေး သား နိုင် ပါစေ။
    with reps;

    ReplyDelete
  5. ကံရယ်၊ဥာဏ်ရယ်၊၀ီရိယရယ်ကိုပူးပေါင်းအသုံး
    ချတာဖြစ်မယ်ထင်ပါတယ်၊ကံမရှိသေးတဲ့အချိန်
    မှာဝီရိယနဲ့ဥာဏ်ကိုသုံးပြီးအကျိုးကျေးဇူးများရနိုင်
    ပါလိမ့်မယ်ကံကောင်းတဲ့အချိန်မှာတော့ပိုရနိုင်၊ပို
    ကောင်းနိုင်တာပေါ့၊ရေဆန်ကိုလှေလှော်နေတဲ့
    လူလိုပေါ့၊ကံကောင်းမှာကိုစောင့်နေရင်နောက်
    ပြန်ရောက်သွားမှာပေါ့။ရေစီး၊ရေသာကိုဥာဏ်
    လေးနဲ့ကြည့်၊၀ီရိယလေးစိုက်ပြီးလှော်တော့
    ရှေ့ကိုရောက်တာနည်းပေမယ့်နောက်ကိုတော့
    ဆုတ်မသွားဘူး။ကံကောင်းတဲ့အချိန်လေးရောက်လာရင်ရေစီအားနည်းလာမယ်၊လေကလေး
    ကလည်းနောက်ကဖေးမပေးနေမယ်ဆိုရင်
    တော့လိုရာကိုလွယ်လွယ်ရောက်ရောပေါ့လေ။

    ReplyDelete
  6. ကံဥာဏ်ဝိရိယ ၃ခုပေါင်းရင်တော့ အောင်မြင်မှုရဖို့ သေချာမှာပါ။
    စာကောင်းလေးအတွက် ကျေးဇူးပါ.
    သေချာ ဖတ်သွားခဲ့ပါတယ်..

    ReplyDelete
  7. အားလုံး ပြည့်စုံရင်တော့ အကောင်းဆုံးပေါ့။
    အနည်းဆုံး ဝရိယနဲ့ ညဏ်ရှိရင်တောင် အဆိုးတော့ မဖြစ်လောက်ဘူး ထင်တယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။