ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဈေးကွက်ကိုဝင်ရော



အနောက်ဘက် တောင်တန်းဒေသတစ်နေရာမှာ ယာသမားတစ်ယောက်ရဲ့ မြင်းကြီးက မြင်းပိုင်ရှင် ယာသမားရဲ့ ယောက္ခမကြီးကို ကန်မိလို့ သေဆုံးသွားခဲ့ပါတယ်.. .

ဈာပနချတဲ့နေ့မှာ အလွန်ကြီးမား များပြားလှတဲ့ တက်ရောက်သူ ပရိသတ်လူအုပ်ကြီးနဲ့ စည်ကားနေတာပေါ့ . . ထူးဆန်းနေတာက ပရိသတ်အားလု့း က ယောကျာ်းသားတွေချည်း ဖြစ်နေတာပါပဲ. . . ဒီတော့ တရားဟော ဓမ္မဆရာ ဘုန်းတော်ကြီးက ယာသမားကြီးကို တအံ့တသြနဲ့ မေးရပါတော့တယ်.

"ခု . . . ကွယ်လွန်သွားတဲ့ အဘွားကြီးက အတော်ကို ထင်ရှား ကျော်ကြားလို့ပဲဖြစ်ရမယ်. . ကြည့်စမ်း လူတွေ သူတို့ အလုပ်ကို ပစ်ထားခဲ့ပြီး ဒီဈာပနပွဲကို လာကြတယ်လေ. . . . ဟုတ်တယ်မို့လား . . . ."

"ဒီလူတွေ ဈာပနပွဲကို လာကြတာမဟုတ်ဘူး . . .ဖာသာကြီးရဲ့ . . ကျွန်တော့ရဲ့မြင်းကြီးကို ၀ယ်ချင်လို့လာကြ တာပါတဲ့. . . . "

အားလုံးကိုချစ်ခင်လေးစားလျှက်...

4 comments:

  1. အခု မြင်းဈေးက ကျနေတယ်
    ဈေးကွက်ဝင်တယ်ဆိုတော့ ဇျာပနာပွဲ သွားတက်လိုက်ဦးမယ်

    ReplyDelete
  2. ယောက္ခမရှိသူများသတိထားရန်..
    အဲမှားလို့..သမက်ရှိသူများသတိထားရန်

    ReplyDelete
  3. ဟားဟား တကယ်ရယ်ရတဲ့ ဟာသပဲဗျ..။
    ဘဏ်တိုက်ဖောက်ပြီး ယောက္ခမ လက်ဗွေရာ ထားခဲ့တယ် ဆိုတာထက် ပိုဆိုးနေပြီ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။