ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဖြစ်ချင်တဲ့ရောဂါ



တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိတယ်တဲ့. . . အဲဒီဘုရာဟာ သူ့ဥယာဉ်ထဲမှာ ရှိတဲ့ ပန်းပင်တွေ ၊ သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ်. . . သူဟာ ဥယာဉ်ထဲရောက်တဲ့ အခါတိုင်း အပင်တွေကို အရမ်းပွင့် အရမ်းသီးခိုင်းလေ့ရှိတယ်..

တစ်နေ့မှာ သူဟာ ဥယာဉ်ကြီးထဲကို ရောက်သွားတော့ ၀က်သစ်ချပင်ကြီးဟာ ညှိုးပြီးခြောက်နေတယ်. . ဒီတော့ "ဘာဖြစ်တာလဲလို့ ဘုရင်ကြီးက မေးလိုက်တယ်. . . . ၀က်သစ်ချပင်ကြီးက "ဘယ်လိုဖြစ်ရမှာတုံး . . . ကျုပ်က ထင်းရှူးပင်ကို တုပြီး အပေါ်ကို တက်တော့ ထင်းရှူးပင်မဟုတ်လေတော့ အမြစ်အားက မခံနိုင်တော့ သေတာပေါ့ လို့ပြောတယ်. . . " ဒါနဲ့ ထင်းရှူးပင်ဆီကို သွားပြန်တော့. ထင်းရှူးပင်ကြီး ကကိုင်းပြီးကွေးကျနေတယ်. . . ဒီတော့ ထင်းရှူးပင်ကြီးက "ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျ ပြီး အသီးတွေ အရမ်းသီးလိုက်တယ် . . . စပျစ်ပင် မဟုတ်လေတော့ မခံနိုင်တော့ဘဲ ခုလို အရမ်းကွေးသွားတာပေါ့လို့ . . . "ပြောတယ်. . .

အဲဒီတော့ ဘုရင်ကြီးက စပျစ်ပင်ဆီ ကိုရောက်ပြန်ရော. . စပျစ်ပင်ကြီးကလည်း သေမလိုဖြစ်နေတာကို တွေ့တော့ "ဘယ်လိုဖြစ်တာလဲဆိုတော့ . . ." "ကျုပ်က နှင်းဆီပင်ကို အားကျပြီး သူ့လိုလိုက်ပြီးပွင့်တာဗျို့. . . အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး ၊ နှင်းဆီပန်းလည်း မပွင့်တော့ဘဲ ခုလို သေလုမျောပါးဖြစ်သွားရတာပါပဲလို့. . . . "ပြောတယ်..

အဲဒီမှာ ဘုရင်ကြီးက ဆက်လျှောက်သွားတော့ အပင်လေးတစ်ပင်ကိုတွေ့တယ်. . အပင်က သိပ်မကြီးပါဘူး အရွက်ကလေးတွေ ၊ အကိုင်းအခက်ကလေးတေါ လည်း စိုစိုပြေပြေနဲ့. . . အပွင့် က ရနံ့လေးတွေလည်း သင်းပျံ့လို့. . အဲဒီအပင်ရဲ့ အမည်က Heart-Ease နှလုံးအေးချမ်းပန်းလို့ခေါ်လေ့ရှိတဲ့ အပင်ကလေးပါ. . . ဘုရင်ကြိးဟာ အဲဒီအပင်လေးကို ကြည့်ပြီး "ငါ့ရဲ့ ဦးယာဉ်တစ်ခုလုံးမှာ ရှိတဲ့ အပင်တွေ သေတာတွေ သေကုန်ပြီ အချို့လည်း သေလုမျောပါး ဖြစ်နေပြီ . . .နှလုံးအေးချမ်းရယ် မင်းကတော့ ရှင်သန်စိုပြည်နေပါလား ဘာကြောင့်လဲ လို့မေးလိုက်တယ်. . . "

အဲဒီမှာ အပင်လေးက "အသင်မင်းကြီး ကျွန်ုပ်ကို ဒီဥယာဉ်ထဲမှာ စိုက်ကတည်းက နှလုံးအေးချမ်းကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ်. . . . ၀က်သစ်ချပင်လို မဖြစ်စေချင်ပါဘူး . . ဒါကြောင့် ၀က်သစ်ချပင်ကိုလည်း အားမကျခဲ့ပါဘူး. . . ထင်းရှူးပင် မြင့်မြင့် ကြီးကိုလည်း အားမကျခဲ့ပါဘူး. . အသီးတွေ ပြွတ်နေအောင် သီးတဲ့ စပျစ်ပင်ကို လည်း အားမကျခဲ့ပါဘူး. . . . အပွင့်ကြီးတွေ ဝေဆာနေတဲ့ နှင်းဆီပင်ကိုလည်း အားမကျခဲ့ပါဘူး. . . နှလုံးအေးချမ်းဟာ နှလုံးအေးချမ်းလိုပဲ ရှင်သန်ခဲ့တယ်. . . . ဒါကြောင့် နှလုံးအေးချမ်းအဖြစ် နဲ့ပဲ ရှင်သန်ရပ်တည်နေနိုင်တာပေါ့ လို့. . . . " ပြောလိုက်ပါတယ်..

ဒါကြောင့်လောကကြီးမှာ ဖြစ်ချင်တာတွေများနေမယ်ဆိုရင် အပေါ်က ပုံပြင်လေးလိုပဲ ဟိုမရောက်ဒီမရောက်နဲ့ လမ်းခုလတ်မှာတင် ကိုယ်လိုရာပန်းတိုင်ကို အရောက်မလှမ်းနိုင်ပဲ. . . . လှေလှော်ရင်း လှော်တက်ကျိုးမှာ ဖြစ်ပါတယ်. . . မိမိလုပ်ချင်တဲ့အရာ၊ မိမိဖြစ်ချင်တဲ့အရာတွေကို တစ်စိုက်မတ်မတ်နဲ့. . . လုပ်သွားမယ်ဆိုရင် ကိုယ့်ရဲ့ ရည်မှန်းချက်တွေပြည့်ဝမှာ ဖြစ်ပါတယ်...

အားလုံးကိုချစ်ခင်လေးစားလျှက်...

5 comments:

  1. လူတွေလည်း သူများကိုတုပြီး လိုက်လုပ်တတ်ကြတယ် နော်။ ညီမရဲ့ပုံလေးက အသိအလိမ္မာပေးလိုက်တာပဲ။
    မှတ်သားလိုက်နာသင့်ပါတယ်။

    ReplyDelete
  2. အတုယူသင့်တာမျိုးဆိုရင်တော့ ကိုယ့်အကျိုးရှိမယ်ဆိုရင် ယူသင့်ပါတယ်လေ ..

    ReplyDelete
  3. အရာအားလုံးကိုနည်းနည်းစီသိနေတာထက်
    တခုထဲကိုအပြည့်အဝ သိတာကပိုကောင်းပါတယ်
    ပုံပြင်လေးထဲကလို..မြင်တာနဲ့အားကျပြီး
    ဖြစ်ချင်နေမယ်ဆိုရင်တော့..
    ပုံပြင်ထဲကအပင်တွေလိုဘဲ
    ပျက်ဆီးသွားမှာပါ...
    ကိုယ့်အနေအထားနဲ့ကိုယ်ရှင်သန်တာ
    အကောင်းဆုံးပါဘဲ..

    ReplyDelete
  4. ဒီပုံဝတ္ထုလေးကနေအသိတရားများရရှိပါတယ်။
    မှတ်သားသွားပါတယ်

    ReplyDelete
  5. အဲဒါပဲဗျာ။ အဘမင်းသိင်္ခ ပြောပြတဲ့ စကားစုတွေထဲမှာ ဖတ်ဖူးတယ်။ စံပယ်ပန်းကလည်း နှင်းဆီပန်း မဖြစ်ချင်ဘူး။ နှင်းဆီပန်းကလည်း ကြာပန်း မဖြစ်ချင်ဘူး....ဆိုတာ။ ယောင်စိန်တွေကို သတိပေးတဲ့အပြင် ဒီထက်လေးနက်တဲ့ အကြောင်းကိုလည်း ညွှန်းထားသေးတယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။