ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သမီးလေးဖတ်ဖို့



သမီး. . .

တစ်နေ့မှာ စားဝတ်နေရေးအတွက်
အလုပ်တစ်ခုခုကို သမီးလုပ်ရမှာပဲ
အဲဒီအခါမှာ သမီးအတွက်
စီးပွားပြိုင်ဘက်၊ လုပ်ငန်းပြိုင်ဘက်ဆိုတာ
မလွဲမသွေ ပေါ်ပေါက်လာလိမ့်မယ်။

အဲ့ဒီလို ပြိုင်ဘက်တွေပေါ်လာတဲ့အတွက်
သူတို့ကို အနိုင်ယူချင်တဲ့ စိတ်နဲ့
သူ့အားနည်းချက်ကို တွေ့အောင်ရှာပြီး
နည်းမျိုးစုံနဲ့ ဒုက္ခမပေးမိစေနဲ့နော်။

သူများ အကျိုးစီးပွား ပျက်ဆီးအောင်
ဖျက်ဆီးတာဟာ မကောင်းတဲ့ စိတ်ပဲ
ကိုယ်ကြီးပွား ချမ်းသာဖို့အရေး
သူတစ်ပါးပေါ် မကောင်းစိတ် မမွေးပါနဲ့ကွယ်။

သူတစ်ပါးက ကိုယ့်အပေါ်
မကောင်းကြံရင်လည်း
မခံချင်စိတ်နဲ့ လက်တုန့်မပြန်နဲ့နော်။
သူတော်ကောင်းတရား ၊ လက်ကိုင်ထားပြီး
သည်းခံပါ၊ မေတ္တာထားပါ.
ကိုယ့်လမ်း၊ ကိုယ်သွားပါ . . . ကွယ်။

ဖေဖေ

အားလုံးကိုချစ်ခင်လေးစားလျှက်...

12 comments:

  1. သမီးလေးဖတ်ဖို့ အဖေတစ်ယောက်ရဲ့တန်းဖိုး
    ရှိတဲ့ဆုံးမစာလေးကိုလာဖတ်သွားပါတယ်
    ခင်ဗျာ။ အဆင်ပြေကျန်းမာပျော်ရွင်ကြပါစေ။
    ခင်မင်လျှက်
    တောသားလေး

    ReplyDelete
  2. တကယ်ကောင်းတဲ့ အဆုံးအမပါဘဲ။

    ReplyDelete
  3. ကိုယ့်လမ်းကိုယ် သွားပါ ... အဲဒီလူက ကိုယ့်လမ်းကို ပိတ်ထားရင် .......?

    ReplyDelete
  4. တကယ့်ကို စိတ်ထဲမှာ ခံယူသင့်တဲ့ ကဗျာလေးပါဘဲ..
    သည်းခံနေရတာ များတဲ့အချိန်မှာ လာဖတ်မိတာ အဖိုးတန်လိုက်တာ
    ကျေးဇူး

    ReplyDelete
  5. မုဒိတာတရားထားပြီး
    ကိုယ့်လမ်းကိုယ်သွားနိုင်တာ
    အကောင်းဆုံးပါဘဲနော်..

    ReplyDelete
  6. မှတ်သားဖွယ်ရာ စကားလေးတွေပါပဲ...


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  7. ကိုယ့်လမ်း ကိုယ်သွားပါ... ဆိုတာလေး ရေရွတ်မိတယ်..

    ReplyDelete
  8. ကဗျာလေးအရမ်းကောင်းတယ် ကူးထားမယ်။သမီးလေးမွေးရင်ဖတ်ပြဖို့

    ReplyDelete
  9. ကဗျာလေးအရမ်းကောင်းတယ် ကူးထားမယ်။သမီးလေးမွေးရင်ဖတ်ပြဖို့

    ReplyDelete
  10. အင်းစိတ်တိုနေတဲ့အချိန် စိတ်ငြိမ်းအောင်
    ဒီလိုကဗျာမျိုးလေးဖတ်သင့်တာပေါ့ တကယ်
    လောဘ ဒေါသ မောဘ တွေဖုံးနေတဲ့အချိန်
    ဒီကဗျာလေးဖတ်ပြီး အေးချမ်းကြပါစေဗျာ

    ReplyDelete
  11. Enter your comment...သိပ်ကောင်း

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။