ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

တစ်စုံတစ်ခု စူးရှမိခြင်း


နှင်းဆီဆူး(သို့) သစ်ကိုင်းစ စသည့် စူး သွားလျှင်ကို ဆူးကို ညှပ်ခပ်သေးသေးဖြင့် ခပ်ဖြည်းဖြည်း ဆွဲထုတ်ယူပါ. . အလွန်သေးငယ်သော ဆူးများထွင်ဖို့ ပင်အပ်ဟာ အကောင်းဆုံး တန်ဆာပလာပဲ ဖြစ်ပါတယ်. .

အသားထဲ အတော် နစ်မြုပ်ဝင်နေသော အစအနများကို ထုတ်ယူဖို့အတွက် ကြက်သွန်နီ အကွင်းတစ်ကွင်း (သို့) ခရမ်းချဉ်သီး တစ်ကွင်းကို သုံးပါ. . . အခြားပစ္စည်းများ အနေဖြင့် ပျားရည်ကို လည်း သုံးနိုင်ပြီး တတိယနည်း အနေဖြင့် ပေါင်မုန့် တစ်ချပ် ၊ နို့အနည်းငယ်ကို သုံးပါ. . .

၎င်းပစ္စည်းများထဲမှ ရရာ တစ်မျိုးမျိုးကို အနာပေါ်တည့်တည့် အုံပေးရပါတယ်. . (သို့) အနာတစ်ဝိုက်မှာ သုတ်လိမ်းပေးရပါမယ်. .. . သုံး၊လေးကြိမ်ခန့် အကြိမ်ကြိမ် လိမ်းပေးပြီးနောက် အကျိုးအပဲ့ ၊ အစအနများသည် အရေပြား အပေါ်ယံသို့ ကြွတက်လာပါလိမ့်မယ်. . .

ထိုအချိန်တွင် အနာတစ်ဝိုက်ရှိ နာ့ဗ်ကြောများ ထုံသွားစေရန် ရေခဲအုပ်ပေး၍ ပိုးသတ်ထားသော အပ်၊ ပင်အပ်၊ ဇာဂနာ စသည်များနှင့် အစအနများကို ဆွဲထုတ်ယူနိုင်ပါသည်. . .

လွပ်လပ်စိုး

အားလုံးကိုချစ်ခင်လေးစားလျှက်...

4 comments:

  1. တော်တော်ကောင်းတဲ့ နည်းဘဲ။ မှတ်သားထားမှ။

    ReplyDelete
  2. ဒီနည်းလေးကိုမှတ်သွားပါတယ်..

    ReplyDelete
  3. မှတ်ထားမယ်.. သားသားက ဖြစ်နေကျ.. ဟိုဖြစ် ဒီဖြစ်.. မနေ့ကတောင် အသစ်ဝယ်လာတဲ့ဓါးက ဟင်းမလှီးရသေးခင် သားသားလက်ကိုလှီးမိသွားတယ်.. အားယားယား....း((


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  4. မှတ်သားသွားပါ၏
    ကျေးဇူးပါနော်
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။