ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကိုယ်တိုင်သက်သေ


တစ်ခါက ဘာသာရေး ပုဂ္ဂိုလ်တွေ အပါအ၀င် လူတစ်စုဟာ ဂျီးဇက် (Jesus Christ) ထံ ပြည့်တန်ဆာမတစ်ဦးကို ခေါ်လာကြတယ်. . . . ဒီအမျိုးသမီးဟာ မကောင်းတဲ့ အကျင့်ကို ပြုတဲ့အတွက် အပြစ်ရှိတယ်ဆိုပြီး ဒီလူတွေက ခေါ်လာကြတာ. . . ဂျီးဇက်ဆီကို ရောက်တဲ့အခါမှာ အဲဒီ ဘာသာရေး ပုဂ္ဂိုလ်တွေက ပြည့်တန်ဆာမကို ကျောက်ခဲနဲ့ ပစ်ပေါက် အပြစ်ပေးရမယ်လို့ မောရှေ (Moses) က အမိန့်ချတဲ့ အကြောင်း ၊ ဒီကိစ္စမှာ အသင်က ဘယ်လိုပြောဆို မိန့်မြွက်မလဲလို့ ဂျီးဇက်ကို မေးကြတယ်. . . .

ဂျီးဇက်ဟာ သူတို့ကို မော်မကြည့်ဘဲ သူ့လက်ချောင်းနဲ့ မြေကြီးပေါ်မှာ စာရေးနေတယ်တဲ့. . . . တစ်စုံတစ်ခု မပြောမချင်း ဒီလူတွေက မေးနေကြတယ်. . . . ဒီအခါမှာ ဂျီးဇက်က သူတို့ကို မော်ကြည့်ပြီးတော့. . "သင်တို့ အထဲ က အပြစ်ကင်းတယ်ဆိုတဲ့ သူဟာ. . ရှေးဦးစွာပဲ အဲဒီအမျိုးသမီးကို ခဲနဲ့ ပစ်လို့. . . . " ပြောလိုက်တယ်. . . .

ဂျီးဇက်ရဲ့ စကားကို ကြားရတဲ့အခါမှာ အဲဒီလူတွေဟာ ထိတ်လန့်သွားပါလိမ့်မယ်. . . လူ့စိတ်ဟာ နာရီပိုင်း၊ မိနစ်ပိုင်းအတွင်း ဘာတွေ တွေးနေသလဲ၊ စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို အသေအချာမညှာမတာ ကြည့်လိုက်ရင် အလိုလေး . . . ကောင်းတာ လုပ်တာကနည်းနည်းရယ်. . . မကောင်းတဲ့ ၊ မသန့်ရှင်းတဲ့ စိတ်တွေ၊ အပြစ်တွေရှိနေပုံကို အဲဒီလူတွေ သိမြင်သွားပုံပေါ်ပါတယ်. . . ဒါကြောင့် ပြည့်တန်ဆာမကို ခဲနဲ့ မပေါက်ဖြစ်တော့ဘဲ တစ်ယောက်နောက် တစ်ယောက်လိုက်ပြီး ထွက်သွားလိုက်တာ . . . .ဘယ်သူမှ မကျန်ရစ်တော့ဘူးတဲ့. . . . . ဂျီးဇက်က ပြည့်တန်ဆာမကို နောင်ထပ် အပြစ်တွေ ၊ မကောင်းမှုတွေ မလုပ်နဲ့လို့ ဆုံးမပြီး သွားလိုရာ သွားဖို့ ခွင့်ပြုလိုက်ပါတယ်. .

ကျွန်မတို့ဟာ မကောင်းမှုကို လူတွေ မသိအောင် ခိုးကြောင် ခိုးဝှက်နဲ့ လုတ်တတ်ကြတယ်. . . အဲဒီလို လုပ်ပြီးတဲ့ အခါမှာ ငါလုပ်တာကို ဘယ်သူမှ မသိဘူးဆိုပြီး ကျေနပ်နေတတ်သေးတယ်. . .ရှက်ဖို့အကောင်းဆုံး ဟာ ဘာလဲဆိုတော့ ဘယ်သူမှ မသိဘူးလို့ ထင်ပြီး ကိုယ်လုပ်ခဲ့တဲ့ အလုပ်ကို ကိုယ်တိုင်ကတော့ အသေအချာ သိမြင်ခဲ့တာကြောင့် ကိုယ်တိုင် သက်သေ ဖြစ်နေတယ်ဆိုတဲ့ အချက် ပါပဲ. . .

မကောင်းမှု ပြုသူအတွက် ဆိတ်ကွယ်ရာ အရပ်သည် လောက၌မရှိ လို့ ဂေါတမဗုဒ္ဓကပြောခဲ့ပါတယ်. . . ကိုယ်တိုင် သက်သေဖြစ်နေလို့ မကောင်းမှုပြုခဲ့တဲ့ မိမိကိုယ်မိမိ ရှက်တတ်ရင်တော်ပါသေးတယ်. . ဒါပေမယ့် လူမှာ ဖြစ်တတ်တာ တစ်ခုက ကိုယ့် အပြစ်တွေ ၊ မကောင်းတာတွေ၊ မတော်မလျော်ပြုခဲ့မိတာတွေကို အပြစ်မရှိသလိုလို၊ မကောင်းစိတ်မမွေးသလိုလို၊ မတော်မလျော် မပြုသလိုလို ဖုံးကွယ်ရင်း ၊ဟန်ဆောင်ရင်းက ကြာရင် တကယ်ပဲ ကိုယ်ဟာ ကောင်းစိတ်မရှိသလိုလို ၊ အပြစ်ကင်းသူလိုလိုထင်သွားမိတတ်ပါတယ်. .

ဒါကြောင့် နာရီပိုင်း၊ မိနစ်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ ကိုယ့်စိတ်ကို ပြန်ကြည့်ရင် . . . ကောင်းတာ ကနည်းနည်း ရယ် မကောင်းတာတွေ အပြစ်တွေက အများကြီးတွေ့နေရပါတယ်. . . ဒါတွေကလည်း ဘယ်သူမှ မသိပေမယ့် ကိုယ်တိုင်သက်သေဖြစ်နေတာကို . . . ကိုယ်တိုင် သတိထားမိနိုင်ကြပါစေလို့. .


နန္ဒာသိန်းဇံ

အားလုံးကိုချစ်ခင်လေးစားလျှက်...

7 comments:

  1. ဖတ်ဖူးတယ်။ အတော်ကောင်းတဲ့ ဥပမာလေးပါ။ မျှဝေပေးတာကို ပြန်ဖတ်ရင်း ပြန်သတိရသွားပါတယ်။

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  2. ဟုတ်တယ် သိပ်ကောင်းတာဘဲ
    သူများအပြစ်ကို အရင်ဆုံးမြင်တတ်တဲ့ လူတွေရဲ့ သဘောသဘာဝလေးပေါ့နော်..
    တကယ်တမ်းတော့ အပြစ်ကင်းတဲ့သူဆိုတာ မရှိပါဘူးနော်..
    ကိုယ်လုပ်တဲ့အပြစ်ကို သူများမသိတောင် ကိုယ်ကိုယ်တိုင် သိနေနိုင်တာပါဘဲ..
    မသိချင်ယောင်ဆောင်နေခဲ့ရင်သာ................

    ReplyDelete
  3. ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်တဲ့သူက လိပ်ပြာမလုံဘဲ ရှင်သန်ရမှာ ကြောက်ကြပါတယ်။ တောထဲမှာ ဖြစ်နေစေအုံး ကိုယ့်လုပ်ရပ်ကို ကိုယ်ကတော့ သိနေမှာပါပဲ။
    တကယ်တော့ မိမိကိုယ်တိုင် ကိုယ်စီ မှန်အောင် နေနိင်ရင် လူ့ဘောင်အဖွဲ့အစည်းက ပိုပြီး နေပျော်ဖွယ်ရာ ဖြစ်လာမယ်ထင်မိပါတယ်။

    ReplyDelete
  4. ကောင်းတယ်ဗျာ။
    နောက်ကွယ်က တိတ်တဆိတ် ချောင်းမြောင်း လုပ်ကြံတတ်သူများ အတွက်လည်း နမူနာလေးပါပဲ။
    သူတို့ ဖတ်မိရင် ပိုကောင်းမယ်။

    ReplyDelete
  5. ကျနော်သိသလောက်ကတော့ Jesus မြေကြီးပေါ်မှာ ရေးနေခဲ့တဲ့ စာတွေဟာ ခဲနဲ့ပေါက်ဖို့ လုပ်နေသူတွေရဲ့ ပြစ်ချက်တွေလို့ ဆိုပါတယ်။ ဒါကြောင့် ကိုယ့်အပြစ် ကိုယ်ဖတ်မိကြပြီး ပါးစပ်တောင်မဟနိုင်ပဲ ထွက်သွားကြရတာ ပါပါတယ်။

    “ကိုဇော်” ပြောတဲ့ ချောင်းမြောင်းလုပ်ကြံ တတ်သူများကတော့ ကိုယ်လုပ်တာကို ကြည်နူးနေကြသူတွေ များတာမို့ ကျွတ်သင့်၊ ကျွတ်နိုင်သူတွေထဲမှာ အပါနည်းတတ်တယ်လို့ နားလည်ရပါတယ်။ ဖတ်မိတာတော့ ကောင်းပါတယ်၊ စိတ်ကောင်းဝင်လာတတ်တဲ့ မတော်တဆမှုတွေလည်း ရှိပါတယ်။

    ReplyDelete
  6. ကိုယ့်အပြစ်ကို ကိုယ်မမြင်ဘဲ
    တစ်ပါးသူအပြစ်ကိုပဲ မြင်တတ်သူတွေအတွက်
    မှတ်လောက်စေတဲ့ ပို့စ်ကောင်းလေးပါပဲ
    ရှယ်ပေးတဲ့အတွက် ကျေးဇူး ...

    ReplyDelete
  7. ကြယ်ပြာJuly 8, 2010 at 4:02 PM

    ဟုတ်ကဲ့ သတိထားမိပါတယ် ...း)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။