ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပြုံးပါ



တကယ်လို့ သင်ဟာ လူတွေ ပျော်ရွှင်သွားအောင် လုပ်နိုင်တယ်. . . အဲဒီလိုလုပ်ပေးတဲ့ အတွက်. . . သင့်မှာ ငွေလည်းမပေးရ ၊ အချိန်လည်း . . . .ကုန်သွားစရာ မရှိဘူးဆိုရင် သင်လုပ်ပေးမှာလည်း. . . .အဲသည်လို လုပ်ပေးတာကြောင့်ပဲ သင့်မှာ ပျော်ရွှင်ရမယ် ဆိုရင်ရော သင်လုပ်ပေးမှာလား . . .

သင့်အတွက်ရော သင့်အနီးပတ်ဝန်းကျင် မှာရှိနေတဲ့ သူတွေအတွက်ပါ ပျော်ရွှင်ကြည်နူးဖွယ်ရာ တောက်ပတဲ့ နေ့ရက်တွေ ဖြစ်သွားစေနိုင်တယ်. . . . ငွေလည်း တစ်ပြားမှ မကုန်ဘူးဆိုတော့ . . . . အဲဒီ ပဉ္စလက် ဆန်ဆန် အရာက ဘာများပါလိမ့်. . . . အပြုံးတစ်ချက်ပဲ ပေါ့ . . . အဲဒီလို အပြုံးမျိုးကို တစ်ဖက်ကို နှစ်သက်စဖွယ် အချက်ပေးလိုက်တာကြောင့် အပြန်အလှန် အနေနဲ့ အပြုံးကိုပဲ ပြန်ရရှိနိုင်ပါတယ်. . . .

အသက် အပိုင်းအခြား အသီးသီးမှာ ရှိတဲ့ အရွယ်ရောက်ပြီးသူ လူကြီးတွေကို လေ့လာကြည့်တဲ့ အခါ. . . . လေ့လာခံရသူတွေဟာ သူတို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေ ရဲ့ အပြုအမူအတိုင်း ပြန်လည် တုံ့ပြန်ကြတာကို တွေ့ရပါတယ်. . .. ရှင်းအောင် ပြောရမယ်ဆိုရင် . . . ၀မ်းနည်းနေတဲ့ မျက်နှာတွေဟာ ပိုပြီး ၀မ်းနည်းနေတဲ့ မျက်နှာတွေကို ဖြစ်ပေါ်စေပြီး ပြုံးနေတဲ့ မျက်နှာတွေကတော့ အပြုံးနဲ့ ပျော်ရွှင်ချမ်းမြေ့မှုတွေကို ဖြစ်ပေါ်စေပါတယ်. . . . .

သင့်အပြုံးကြောင့် တစ်ခြားသူတွေ ပျော်ရွင်သွားစေပါတယ်..
အတုံ့အပြန်အနေနဲ့ သင်လည်း ပျော်ရွှင်သွားမှာ ပါ..


ကြည်ရွှန်း

အားလုံးကိုချစ်ခင်လေးစားလျှက်...

6 comments:

  1. ပြုံးတတ်အောင် ကြိုးစားတော့မယ်။ :D

    ReplyDelete
  2. အမြဲတမ်းပြုံးနေချင်ပေမဲ့
    ဘ၀ရဲက အထုအထောင်းတွေကြောင့် ထင်ပါရဲ့
    တစ်ခါတစ်လေတော့ ပြုံးတောင် မပြုံးနိုင်ဖြစ်မိတယ်..
    ဘာဘဲဖြစ်ဖြစ် များများပြုံးနိုင်အောင် ကြိုးစားပါဦးမယ်..

    ReplyDelete
  3. ဟုတ်တယ်.. ပြုံးမယ်.. ပြုံးမယ်.. ဟဲဟဲ...:))))))


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  4.ဲပြုံးပြနေပါတယ်ခင်ဗျာ...အမြဲတမ်းပြုံးနေပါမယ် ...

    ReplyDelete
  5. ပြုံးပါကို ဖတ်ပြီး ပြုံးမိတယ်ဗျ ပြုံးဖို့ မေ့နေတာ ကြာပြီမို့။။

    ReplyDelete
  6. တစ်နေ့က ဂန်မလေးချောချောလေးကို သဘောကျလို့ ပြုံးပြလိုက်တယ်၊ ဂန်မလေးက သူ့လက်ထဲကိုင်ထားတဲ့ ကောက်ညင်းကျည်ထောက်နဲ့ ပြန်ထောင်ပြလို့ ကျွန်တော် တွန့်သွားရတယ် ...း}
    သိပ်တော့ မနှိပ်သေးသလိုပဲ ...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။