ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

တောထွက်ခါနီး ယသော်ဓရာ နန်းဆောင်သို့ကြွ၍ သားတော်ကို ရှုစားပုံ



ဘုရားအလောင်းသည်. . သက်တော် ၂၉ နှစ်ရှိသောအခါ ဥယျာဉ်တော်သို့ ထွက်တော်မူရာဝယ် ဗြဟ္မာမင်းတို့ ဖန်ဆင်း ပြအပ်သော သူအို သူနာ သူသေ ရဟန်းအားဖြင့် ၄ပါးသော နိမိတ်ကြီးတို့ကို မြင်ရ၍ လောက၌ နေဘို့ရန် ထိတ်လန့် ကြောက်ရွံ့တော်မူရကား ယနေ့ပင် တောသို့မြန်း၍ ရဟန်းပြုမည်ဟု ကြံစည်တော်မူလေသည်. . . ထိုအချိန်မှာပင် သားတော် ဖွားမြင် ကြောင်းကိုလည်း သံတော်ဦးတင်လာလေသည်. .

ထို့နောက် နန်းတော်သို့ ပြန်ကြွ၍ ခေတ္တမျှ စက်တော်ခေါ်ကာ နိုးလာသည့် အခါဝယ် များစွာသော မောင်းမတို့ အိပ်ပျော်နေကြဟန်ကို သုဿန် လို ထင်လာသမြင့် လွန်စွာ ငြီးငွေ့ရကား ယခုပင် တောထွက်အံ့ ဟု ဆုံးဖြတ်တော်မူပြီးလျှင် ဆန္နအမတ်အား ကဏ္ဍက မြင်းတော်ကို ဆက်သဘို့ အမိန့်ပေး၍ တစ်ခါမျှမမြင်ရသေးသော သားတော်ကလေးကို ရှုစားတော်မူရန် ယသော်ဓရာ ဆောင်နန်းသို့ ကြွလှမ်းတော် မူလေသည်. .

Just Before his great renunciation, the future Buuha went to the chamber of princess Yasodhara to see his son

When the future Buddha was 29 years of age he went to the park and saw the Four Signs, namely an old man, a sick man, a dead man and monk, whom the higher gods had fashioned. He was afraid to continue to live a worldly life and his mind turned ardently to retiring from the world, He said to himself. " It behooves me to go forth on the Great Renunciation this very day" . At that very moment he received a message that a son had been born to him.

He then returned to the palace and lying on his couch, fell into a brief slumber. When he awoke he saw the female musicians sleeping round him in disgusting condition. The spectacle seemed like a cemetery, and fill with loathing for his worldly life, he made up his mind to renounce the world at once. He ordered his courtier Channa to saddle his horse Kanthaka. He then walked to the chamber of Yasodhara to look at his son for the first time.

အားလုံးကိုချစ်ခင်လေးစားလျှက်...

5 comments:

  1. ဘုရားဖြစ်တော်စဉ်ကို မျှဝေပေးတာ ကျေးဇူးပါဗျာ။ တစ်ခုမေးမလို့ပါ။ အင်္ဂလိပ်လိုဘာသာပြန်က ပန်းကဗျာကိုယ်တိုင်ပြန်ထားတာလား. မျှဝေတာလားဗျ။ ဘုရားလောင်းကို Future Buddha လို့ပဲ ပြန်သလား။ ဒီ့ထက် လှပအသုံးတင့်တဲ့ စကားလုံးမရှိဘူးလားခင်ဗျ။ မသိလို့မေးတာနော်....။ သိလျက်နဲ့မေးတာ မဟုတ်ပါ။ နောက် စာရိုက်ရင်းနဲ့ ဂရုမပြုမိပဲ မှားနေတဲ့ စာလုံးပေါင်းတွေ ၄ ၅ လုံးလောက်ရှိနေတယ်ခင်ဗျ။

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  2. သြော်.. မှားတယ်ဆိုတာ ဘာသာပြန်မှားတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး.. ကျွန်တော်လည်း မဝေဖန်တတ်ပါဘူး... ရိုက်တာ မှားတာကိုပြောတာပါ.. ဥပမာ He ဆိုတဲ့နေရာမှာ H ပဲဖြစ်နေတယ်၊ his worldly life မှာ hi ဖြစ်နေတာမျိုး၊ made up his mind မှာ mad up ဖြစ်နေတာတို့ပေါ့..။ ဘာသာပြန်ကတော့ ကျွန်တော်ဥာဏ်မီသလောက်တော့ တချို့ဟာတွေ သိပ်သဘောမတွေ့ပေမယ့် ကျွန်တော်လည်း အဲလောက် အဆင့်မရှိတာကြောင့်... စိတ်ထဲပဲထားလိုက်ပါတော့မယ်..။ နောင်ကြုံမှ ဆရာတွေဆီ မေးကြည့်လိုက်ပါ့မယ်။ ဘာပဲပြောပြော ကူးထားလိုက်တယ်ဗျို့..။ ကျေးဇူးပါ...။း))))


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  3. ဗုဒ္ဓ၀င်ကို အကျဉ်းချုပ် အစအဆုံးရေးဖော်ပြနိုင်ရင် ပိုကောင်းသား။

    ReplyDelete
  4. ဇာတ်တော်ကို ဆက်ရေးမှာမဟုတ်လား အမရေ စောင့်မျှော်နေတယ်နော် ပျော်ရွှင်ပါစေး)

    ReplyDelete
  5. ကိုနေ၀သန်......
    ဘုရားအလောင်းကို future Buddha လိုမသုံးပါဘူး။
    ဗောဓိသတ္တ-Bhodhisatta လို့ပဲသုံးပါတယ်။ များသေားအားဖြင့်ပေါ့။ ပြီးမှ အဲဒီဗောဓိသတ္တကို Bodhisatta - One who is cultivating and developing Ten Perfections to become a Buddha is called Bhodhisatta.ဆယ်ပါးသော ပါရမီတွေကို ဘုရားအဖြစ်ကိုရရှိရန်အတွက် ပါရမီဖြည့်ကျင့်နေတဲ့သူကို ဘုရားအလောင်း ဗောဓိသတ္တ-Bhodhisatta လို့ဆိုပါတယ်။
    Bodhisatta- English Pronunciation ကတော့ ဗောဓိဆတ်တ လို့ ပြောကြာ၊ ရေးကြပါတယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။