ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ထုတ်ခွင့်ပြုသည်



ဦးငြိမ်းအောင်သည် မြို့နယ် သမ၀ါယမ အသင်း ဥက္ကဋ္ဌ အဖြစ် လွန်ခဲ့သော နှစ်အနည်းငယ်က တာဝန်ထမ်းခဲ့စဉ်က ဖြစ်ပါသည်။ မြို့နယ် အသင်းသို့ ရောက်ရှိလာသော ပစ္စည်းစုံ

အားလုံးကို ရပ်ကွက်၊ကျေးရွာ သ/မ အသင်း များသို့ ညီညီမျှမျှ အချိုးကျ ခွဲဝေ ပေးပါသည်။

ရပ်ကွက်၊ ကျေးရွာ အသင်းများကလည်း မိမိတို့၏ အသင်း ဆိုင်အတွက် ခွဲတမ်း ပစ္စည်းများ ထုတ်ယူခွင့်ကို မြို့နယ် အသင်း ဥက္ကဋ္ဌ ဦးငြိမ်းအောင်ထံ လျှောက်လွှာများ တင်ကြရသည်။ ထိုလျှောက်လွှာများကို ဦးငြိမ်းအောင်က လုပ်ထုံး လုပ်နည်း အရ ဖတ်ရှု စစ်ဆေးပြီး၊ လျှောက်လွှာများပေါ်၌ “ထုတ်ခွင့်ပြုသည်”၊ “ထုတ်ခွင့်ပြုသည်” ဟူသောစာကို လက်မှတ်ရေးထိုးလျက် ခွင့်ပြုလိုက်ပါသည်။

တစ်နေ့တွင် အသင်းဝန်ထမ်း အမျိုးသမီးက မီးဖွားခွင့် လျှောက်လွှာကို ဥက္ကဋ္ဌထံ တင်လိုက်သည်။ မကြာမီ လျှောက်လွှာ ပြန်ကျလာသည်။ လျှောက်လွှာပေါ်မှ ဥက္ကဋ္ဌ၏ လက်မှတ် အပေါ်မှ ဥက္ကဋ္ဌ လက်ရေး စာကြောင်းလေးကို ကာယကံရှင် အမျိုးသမီးနှင့် အခြားနီးစပ်ရာ လူများပါ ဖက်ပြီး တချို့လည်း ပြုံးစိစိ၊ တချို့လည်း မပြုံးဘဲ ၀ါးလုံးကွဲ ရယ်လိုက်ကြလေ၏။ ဥက္ကဋ္ဌ ဦးငြိမ်းအောင် မှတ်ချက်ချ ခွင့်ပြုလိုက်ပုံက “ထုတ်ခွင့်ပြုသည်” ဟူသတည်း။

မြတ်မွန်ကြော့ဆွေ(ပေဖူးလွာမဂ္ဂဇင်း)

အားလုံးကိုချစ်ခင်လေးစားလျှက်...

4 comments:

  1. တော်သေးတာပေါ့
    ပါမစ်မရရင် ဒုက္ခဖြစ်ဦးမှာ :P

    ReplyDelete
  2. ဥက္ကဋ္ဌကြီး ပါမစ်...ဟိဟိ

    ဒီမှာ အမေကြီးကတော့ ဆီတစ်ပုံးနဲ့ ပြန်သွင်းချင်တယ်တဲ့။ စိုးလွန်းလို့တဲ့။

    ပါမစ် ပြန်တင်ရမယ်ထင်တယ်နော်။

    ReplyDelete
  3.း).... ဖြစ်ရလေ.. ဟားဟား... ပြုံးသွားတယ်ဗျို့...


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  4. ဟီးဟီး. .ကျနော်ကလည်း ထုတ်ဝေခွင့် ပြုပါသည်။
    ဆက်ထုတ်. . အဲလေ. . ဆက်ရေးပါဦး။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။