ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကလေးအတွေး



ငယ်စဉ်ကလေးဘ၀က အတွေးလေးတွေ သတိ တရရှိချိန် ကတ်သီးကတ်သတ်တွေးတတ် မေးတတ်ခဲ့တာလေး ကို သတိရသွားပါတယ်။ ငယ်စဉ်က အမြဲတမ်း တရားပြတတ်သော အဘိုးဖြစ်သူအား ပြန်လည်မေးခွန်းထုတ်လေ့ရှိပါတယ်။

အဂုင်္လိမာလဟာ လက်ညှိုးတစ်ချောင်းတည်းလိုတော့တာ သူ့လက်ညှိုးဖြတ်လိုက်ရော့ပေါ့။

ထိုအခါ အဘိုးက လူသတ်ပြီးမှ လက်ညှိုးဖြတ်ရတာဟု ရှင်းပြပါသည်။ လက်ညှိုးတစ်ချောင်းပြတ်နေသော အိမ်နီးချင်းအား မြင်ဘူးနေသောကြောင့် လူမသတ်ဘဲလည်း လက်ညှိုးဖြတ် လိုရသည်ဟုသာ ထင်ပါသည်။

ဆက်မေးပြန်ပါတယ်။ ဘိုး...အဂုင်္လိမာလ ဟာ လူ၉၉၉ယောက်ကို သတ်ခဲ့တာ ဘာကြောင့် နောက်ဘ၀ ငရဲမကျဘဲ နိဗ္ဗာန်ရောက်သွားရသလဲ။

သူသတ်တဲ့လူတွေက ဟိုအရင်ဘ၀မှာ သူ့ကိုသတ်ခဲ့ကြလို့ ကျေသွားပြီပေါ့။ ပြီးတော့ သူက ရဟန္တာဖြစ်သွားပြီလေ။ ဒီတော့ ငရဲမကျတော့ဘူး။

အဲဒီလိုနဲ့ရိုးစင်းသော ကိစ္စများကို အကျယ်ချဲ့တွေးနေတတ်ပါတယ်။ အဲဒီ အတွေးလေးတွေကို လည်း အတွေးမှန်လေးတွေ ဖြစ်အောင် အဘိုးက လမ်းပြပေးခဲ့ပါတယ်။ နောက်ထပ် အတွေးလေးပါတဲ့ ပုံပြင်လေး လည်း ပြောပြအုန်းမယ်......

ဟိုးရှေးရှေးတုန်းက လူနှစ်ယောက်ခရီးသွားကြတယ်။ လမ်းမှာ ဗောဓိပင်တစ်ပင် တွေ့ရတယ်။ ရှေ့ကသွားတဲ့သူက ဗောဓိပင် အကိုင်းကို ချိုးပစ်လိုက်ကရော၊ မကောင်းမှုပြုတာပေါ့လေ။ အဲဒီလူဟာ ခရီးဆက်ရင်း လမ်းမှာ ရွှေအိုးတစ်လုံးကောက်ရသတဲ့...။

ဘုရားပွင့်တဲ့ အပင်ကို ချိုးပစ်တာ ရွှေအိုးတောင်ရသလား။

အေး...ဆက်နားထောင် ဒုတိယလူကတော့ ရှေ့က ချိုးပစ်လိုက်တဲ့ ဗောဓိပင်အကိုင်းကို ပြန်ပြီး ပျိုးလိုက်တယ်။ ပြန်စိုက်လိုက်တယ်ပေါ့၊ ဒါပေမဲ့ အဲဒီလူကျတော့ ခရီးဆက်သွားရင်း ပေါင်ကျိုးသွားသတဲ့။

ဟင်...ကောင်းတာလုပ်တဲ့သူက ပေါင်ကျိုးသတဲ့လား..။

အေး...ဒီပုံပြင် အဆုံးသတ်က သိပ်လှတယ်...။ ဒီလိုကွဲ့ တကယ်တော့ ဗောဓိကိုင်းချိုးတဲ့သူဟာ တကယ်လို့သာ ဗောဓိကိုင်းကို မချိုးခဲ့ရင် ခရီးဆက်ရင်း မြို့ရောက်တဲ့အခါ အဲဒီမြို့မှာ မင်းလောင်း ရှာနေတဲ့ ပရောဟိတ်တွေနဲ့ ဆုံပြီး ရှင်ဘုရင်ဖြစ်ရမှာ၊ မကောင်းမှုပြုမိတော့ ရွှေအိုး ကလေးပဲရတာပေါ့။

သိပြီ ...သိပြီ အဘိုး... ဒုတိယလူကတော့ ဗောဓိ ကိုင်းပျိုးလိုက်တဲ့ ကုသိုလ်ကြောင့် ပေါင်ပဲကျိုးတာ၊ တကယ်ဆို သူသာ ကုသိုလ်မပြုရင် သေမှာ မဟုတ်လား။

သာဓု....သာဓု...သာဓု ပါ...ငါ့မြေးရယ်။

အားလုံးကိုချစ်ခင်လေးစားလျှက်...

7 comments:

  1. ပုံလေးတွေ နားထောင်လို့ ကောင်းတယ်
    (ကြားတော့မကြားရဘူး ဖတ်တာပေါ့နော် .. :D)

    ReplyDelete
  2. တစ်ခါတလေ ကိုယ်က ကောင်းတာလုပ်ရဲ့သားနဲ့ ဘာလို့ ကောင်းတာ မဖြစ်ရပါလိမ့်လို့ တွေးနေတတ်ကြတယ်နော်.. အမှန်တော့ ပိုဆိုးမယ့် အဆိုးကနေ သက်သာရာရတာကို တွေးတတ်ဖို့လိုမယ်..

    ReplyDelete
  3. ကောင်းတယ်ဗျာ... ဒီနေ့ရေးထားတဲ့ ကလေးအတွေး လေးကို ဖတ်ရတာ အရသာရှိလွန်းလှတယ်....း))...


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  4. ဒီပုံပြင်လေးတွေက ကောင်းမှုနဲ့ မကောင်းမှုရဲ့ နက်ရှိုင်းတဲ့ အဓိပယ်တစ်စုံတရာကို ညွှန်ပြနေသလိုပါပဲ။ အပေတေကောင်တွေများ ကုသိုလ်ကံကောင်းနေတာ၊ သူတော်ကောင်းတွေကျ ကျပ်တည်းလိုက်တာ..အဲဒီမေးခွန်းတွေ အလိုမကျမှုတွေ အဖြေဟာ ဒီပုံပြင်မှာ ကိန်းအောင်းနေတာပဲ။ ကျေးဇူးတင်ပါတယ်။ ပြန်ဖတ်ခွင့်ရတာ။

    ReplyDelete
  5. အဓိပ္ပါယ် လေးနက်ပြီး အတွေးအမြင် တိုးစေတဲ့ ပို့စ်ကောင်းလေးပါပဲ။

    ReplyDelete
  6. သာဓု သာဓု သာဓု။ ကုသိုလ်က ဘယ်တော့မှ မကောင်းကျိုးမပေးပါဘူး။

    ReplyDelete
  7. ကလေးအတွေးက အသိဥာဏ်ပေးလို့ 
    ကုသိုလ်ရရေးသာ လုပ်တော့ မယ်ဗျာ ...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။