ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဟန်

လူတွေဟာ အချင်းချင်း ပေါင်းသင်းဆက်ဆံရာမှာ လိမ်ညာ ဖြီးဖြန်းပြီး ဆက်ဆံနေကြတာ. . . မဟုတ်တာကို အဟုတ်လုပ်ပြော ၊ မြှောက်ပင့်ပြီးလည်းပြောတယ်. . အလုပ်ဖြစ်အောင် ၊ ကိုယ့်အကျိုး ပြီးမြောက်အောင် လှည့်ပတ်ပြောတယ်. . .

လူဟာ ဟန်ဆောင်လည်းကောင်းတယ် ၊ ဟန်လုပ်လည်းပြောတယ်၊ စိတ်ထဲက လိမ်ညာပြီး ဖြီးဖြန်းနေပေမယ့် အပြင်ဟန်ပန်လေသံတွေက တည်ကြည်တဲ့ လူရိုးလူဖြောင့်လိုလို ၊ သူကောင်းလိုလို ပိပိရိရိဟန်ဆောင်တတ်၊ သရုပ်ဆောင်တတ်တယ်. .

"မုသားမပါ လင်္ကာမချော" ဆိုတဲ့ အဆိုအမိန့်အတိုင်း လိမ်ညာနေတာကိုပဲ လိမ်ညာနေတယ်လို့ မသိရအောင် အဖုံးအကွယ် အလှည့်အချိုးတွေနဲ့ လူလည်တွေဟာ ပြောတတ်ဆိုတတ်တယ်. . . . မှန်ကန်သော စကားတွေကို ဆိုနေတဲ့ လူမှန်လူဖြောင့် ပုံပေါ်အောင် ဖော်ဆောင်တတ်ကြတယ်. .

လူသည် လိမ်နိုင်ကောက်နိုင်မှာ ကိုယ်၏ချမ်းသာခြင်း ၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်သော သတ္တ၀ါဖြစ်၏ အမြင်ကပ်ရင်အမြင်ကပ်ကြောင်း၊ ကြည့်မရရင် ကြည့်မရကြောင်း ၊ အချိုးမပြေရင် အချိုးမပြေတဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံရင်လည်း တစ်ဦးနဲ့တစ်ဦး ခိုက်ရန်ဒေါသတွေ ဖြစ်ပွားပြီး သတ်ကြ ဖြတ်ကြလို့အသုဘချတာနဲ့ပဲ အချိန်ကုန်သွားနိုင်တယ်. ..လို့ ကာတွန်းဦးဘဂျမ်းကဆိုပါတယ်.. .

နန္ဒသိန်းဇံ

အားလုံးကိုချစ်ခင်လေးစားလျှက်...


4 comments:

  1. လရေးကို နှစ်ချောင်းငင်ထားလို့သာပဲ.. သုံးချောင်းသာ ငင်လိုက်ရင်တော့ မလွယ်ဘူး.. ဟူးးးးးးးးး

    ReplyDelete
  2. ဟုတ်တယ်ဗျ.. အဲတာကို ခဏခဏစဉ်းစားမိတယ်... မလိမ်ချင်ပါဘူး.. မညာချင်ပါဘူး.. ဒါပေမယ့် လူ့လောကမှာနေတော့ ဒါနဲ့ကင်းကွာသွားပြန်လို့မရဘူးဗျာ.... တခါတခါ အတော်စဉ်းစားရတယ်... ဘယ်လိုပြန်ပြောလိုက်ရ ကောင်းမလဲ ဘာလဲပေါ့... စိတ်ညစ်တယ်.. အဲဒီတစ်ချက်ကို.......

    ခင်မင်တဲ့
    ညီညီထွေး

    ReplyDelete
  3. ဟန်ဆောင်ကောင်းရင် သူတော်ကောင်းတစ်ဝက်ဖြစ်ပြီတဲ့။
    ဆိုလိုတာကတော့ မကောင်းတာကို လုပ်ချင်ပေမဲ့ မလုပ်ချင်ယောင်ဆောင်ပြီး မလုပ်ဘဲစောင့်ထိန်းလိုက်ရင် သူတော်ကောင်းဖြစ်ဖို့တစ်ဝက်သေချာတယ်တဲ့။

    စဉ်းစားကြည့်လိုက်တော့လဲဟုတ်တုတ်တုတ်ရယ်။းဝ)

    ReplyDelete
  4. အဲဒါတွေဖြစ်တတ်လို့မြတ်စွာဘုရားသခင်က၊
    ပြေဆိုသူရောအပြောခံရသူ၊နှစ်ဦးစလုံးအကျိုးရှိ
    တဲ့စကားကိုပဲပြောတာပေါ့၊လူ့လောကထဲမှာ
    ပေါင်းသင်းဆက်ဆံရေးမှာတော့တော်တော်ံကိုမ
    လွယ်တာ.........

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။