ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပြဿနာများကို အလုပ်ဖြင့် တွန်းထုတ်ပါ



လူတိုင်းမှာ ပြဿနာဆိုတာ အနည်းနဲ့ အများ ရှိစမြဲပါ. . . ပြဿနာရှိပြီဆိုရင် စိတ်ဆင်းရဲရတော့မှာပါပဲ. . . စိတ်ဆင်းရဲတာကို မခံစားရဖူးတဲ့သူမရှိပါဘူး. . . . . စိတ်ဆင်းရဲတာကို မှန်မှန်ကန်ကန် ဖြေဖျောက်တတ်တဲ့သူဟာ အမြန် စိတ်ချမ်းသာနိုင်ပါတယ်. . . . ပြဿနာတစ်ခုကြောင့် စိတ်ဆင်းရဲရပြီဆိုရင် နောက်ထပ် ပြဿနာများ မရှိအောင် သတိထားနေခြင်းဖြင့် ဆိုးဝါးတဲ့ အခြေအနေကို ရှောင်ပြီးသား ဖြစ်သွားနိုင်ပါတယ်. . .

စိတ်ဆင်းရဲရတဲ့ အကြောင်းအရာကို သတိထားကာ စေ့စေ့စပ်စပ် လေ့လာလိုက်ပါ. . . . အဲသည်လို လေ့လာလိုက်တော့ ပြဿနာလို့ ထင်ထားတာက ဘာမှ မဟုတ်တာကိုတွေ့ရတတ်ပါတယ်. . . တစ်ခါတစ်ရံမှာ မှာ ချက်ခြင်းဖြေရှင်းရမယ့် ပြဿနာမျိုးနဲ့ ကြုံရင် အချိန်မဆွဲပဲ ဖြေရှင်းလိုက်ပါ. . . .ကြောက်လို့ရှောင်ရင် ပြဿနာ က ပိုမို ကြီးထွားလာတတ်ပါတယ် . . .မည်မျှကြီးမားသော ပြဿနာဖြစ်နေပါစေ. . . သတိထား ကိုင်တွယ်ပြီး သတ္တိမွေးကာ ရင်ဆိုင်လိုက်ပါက. . .အဆင်ပြေသွားပါလိမ့်မည်. . . . .

ဘယ်လိုပြဿနာကြောင့်ပဲ စိတ်ဆင်းရဲရသည်ဖြစ်စေ စိတ်မလေပါစေနဲ့. . . မှန်ကန်သော သစ္စာတရားကို ကိုးကွယ်ရာ အဖြစ်ထားပါ . . ၀ီရိယကို မြှင့်ထားပါ. . . သတိအားကို တင်ထားပါ. . အဲသည်လို မိမိစိတ်ကို မလေအောင် စောင့်ရှောက်ခြင်းသည်.. နောက်ထပ် ဖြစ်ပွားမည့် ပြဿနာများကို တားဆီးရာမှာ အထိရောက်ဆုံးဖြစ်ပါသည်. . . . သူတစ်ပါးကို မှီခိုဖို့မလိုပါ. . . အလုပ်လုပ်ရင်း အလုပ်ရဲ့ ဆွဲအားကြောင့် ကိုယ်ရော စိတ်ပါ တည်ငြိမ်လာရင် ကိုယ်တိုင် မသိလိုက်ခင်မှာပဲ စိတ်အေးချမ်းသာရှိတဲ့သူ ဖြစ်သွားပါလိမ့်မည်. . .

ဒေါက်တာမတင်ဝင်း

အားလုံးကိုချစ်ခင်လေးစားလျှက်..

5 comments:

  1. စိတ်ဆင်းရဲတာကို အလုပ်နဲ့တွန်းထုတ်တာနဲ့
    ပြဿနာတွေကို သတ္တိမွေး ရင်ဆိုင်တာမျိုးတွေဟာ သဘာဝကျပါတယ်။

    ဒါပေမယ့် ပြဿနာတွေကို အလုပ်နဲ့တွန်းထုတ်ဖို့ကတော့ logic အရ ဘယ်လိုမှ ကောက်ချက်ဆွဲမတတ်လို့ အခန့်သင့်ရင် ရှင်းပြစေလိုပါတယ်။

    ReplyDelete
  2. ဟုတ်တယ် ပန်းကဗျာရေ....
    အလုပ်ရှိနေရင် စိတ်က ငြိမ်နေတာဘဲ။ အလုပ်မရှိတော့ဘူးဆိုရင်တော့ စိတ်က ဟိုရောက်ဒီရောက်။ တော်တော်ထိန်းသိမ်းရခက်တဲ့စိတ်။
    ဒါနဲ့ ပြဿနာဘက်ရောက်သွားရော။။။
    မဖြစ်ချေဖူး စိတ်ကိုအအားထားလို့ အဆင်မပြေဘူး။ တစ်ခုခုလုပ်ဦးမှဘဲ။

    ပျော်ရွှင်ပါစေ။

    ReplyDelete
  3. ပြဿနာကို ကြောက်လို့ရှောင်ရင် ပိုကြီးလာ တတ်တာ အမှန်ပဲ.။ ကြုံလာမှတော့ အကောင်းဆုံး ရင်ဆိုင်ရမှာပေါ့လေ။ အခက်အခဲ ကြုံနေသူတွေအတွက် အားတက်စေမယ့် စာစုလေးပါပဲ။

    ReplyDelete
  4. မှတ်သားစရာမို့ သေချာဖတ်သွားပါတယ်..
    ကျေးဇူးပါနော်

    ReplyDelete
  5. စိတ်ညစ်လို့ ဆိုပြီး အရက်သောက်တာ စိတ်နောက်ကိုယ်ပါ လျှောက်လုပ်တာတွေ မလုပ်ပဲ အလုပ်များများ လုပ်ပြီး စိတ်နှစ်ထားတတ်တာက ပိုကောင်းမှာ အမှန်ပါပဲ..

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။