ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဝက်သတ်သမား


ဗုဒ္ဓဘုရားရှင် လက်ထက်တွင် ရာဇဂြိုလ်မြို့၊ဝေဠုဝန်ကျောင်းတော် အနီး၌ စုန္ဒအမည်ရှိသော ယောကျာ်း တစ်ယောက် သည် ၀က်သတ်သော အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်. . . စုန္ဒသည် ၀က်ပေါက်စများကို ၀ယ်သည် သူ့အိမ်၏ နောက်ဖေးဘက်၌ ၀က်ခြံကြီး တစ်ခုကိ ဆောက်၍ ထိုဝက်ပေါက်စတို့ကိုမွေးမြူထားသည်. . ၀က်များ သက်ဖြတ်သင့်သော အရွယ်သို့ရောက်သော အခါ သတ်ဖြတ်၍ ရောင်းချသည် . .

သတ်သည့် အခါ ရက်ရက်စက်စက် သတ်ဖြတ်သည်. . . သူသည် သတ်မည့် ၀က်ကို တိုင်၌ ချည်နှောင်သည်. . မရုန်းနိုအောင် ကြိုးဖြင့် တုတ်နှောင်သည်. . .မရုန်းနိုင်အောင် ကြိုးဖြင့် တုတ်နှောင်သည်. . အသားများ ကြွတက်လာစေရန် တင်းပုတ်ဖြင့် ထောင်းထုသည်. . . ထို့နောက် ၀က်ပါးစပ်ကို ဖွင့်၍ တုတ်ဖြင့် ထောက်ထားသည်. . . ကျိုက်ကျိုက်ဆူနေသော ရေနွေးကို သံခွက်ဖြင့် ခပ်ကာ ၀က်ပါးစပ်ထဲသို့ လောင်းထည့်သည်. . ၀က်၏ ခန္ဓာတွင်းမှာ မစင်များ အရည်ပျော်၍ ထွက်သွားအောင် လုပ်သည်. . .

ဤသို့လျှင် ရေနွေးကျိုက်ကျိုက်ဆူကို အကြိမ်များစွာ လောင်းထည့်သည်. . ၀က်၏ အူအတွင်းမှ ကျဆင်းလာသော အရည်များ ဖြူလာသောအခါမှ ရေနွေးလောင်းထည့်ခြင်းကို ရပ်သည် . . တဖန်ကျိုက်ကျိုက်ဆူ သောရေနွေးကို ၀က်၏ ကျောပေါ်သို့လောင်းချပြန်သည်. . ရေနွေးပူကြောင့် ၀က်၏ ကျောမည်းမည်းကြီး ဖြူဖွေးလာသည်. . . ကြွင်းကျန်သော အမွေးများကို မီးမြိုက်ပစ်သည်. . နောက်ဆုံးတွင် ဓားထက်ထက်ဖြင့် ၀က်၏ လည်ပင်းကို ပိုင်းဖြတ်လေသည်. . .

စုန္ဒသည် ၀က်သွေးဝက်သားကို သားမယားနှင့် အတူ မြိန်ရှက်စွာ ချက်ပြုတ်စားသောက်သည်. . ထို့နောက် ကျန်သမျှကို ရောင်းချသည်. . . ဝေဠုဝန်ကျောင်းအနီးတွင်နေသော်လည်း . . မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်ခြင်း မပြု . . . ပန်းတစ်ဆုပ်မျှ မကပ် . . . ဆွမ်းတစ်ထုပ်မျှမလှူ. . .

ဤသို့ဖြင့် ၅၅ နှစ်တိုင်တိုင် ၀က်များကို သက်ဖြတ်စားသောက်ရောင်းချလာခဲ့၏ . . . တစ်နေ့တွင် စုန္ဒသည် မကျန်းမမာ ဖြစ်လာ၏ ၀က်များကို အနိုင်ယူခဲ့သမျှ မကောင်းမှုဒဏ်ကို ခံရလေပြီ. . . ကိုယ်ပေါ်၌ အနာကြီးများ ပေါက်လာသည်. . . . အ၀ီစိမှာ ငရမီးလျှံသည် . စုန္ဒရှိရာသို့ တက်လာ၍ လောင်မြိုက် သူသည် ဝေဒနာကို ပြင်းစွာ ခံစားရ၏ အော်မြည်ကာ လေးဘက်ထောက်ကာ ပြေးနေရ၏. . . အိမ်သူအိမ်သားများ လည်းသူကို မည်သို့မျှ သက်သောအောင် မပြုနိုင်. . လေးဘက်ထောက်လျက် ၀က်ကဲ့သို့ အော်ပြေးနေသည်ကိုလည်း မထားနိုင် အိမ်ထဲမှ မထွက်နိုင်ရန် တံခါးများ ပိတ်ထားကြရ၏ . . ဤသို့ဖြင့် ၇ ရက်တိုက်တိုင် ခံစားရကာ ၈ ရက်မြောက်နေ့တွင် သေ၍ အ၀ီစိငရဲသို့ ကျရောက်သွားလေသည်. .

စုန္ဒအိမ်အနီးမှ ဖြတ်သွားကြသော ရဟန်းတို့က မြတ်စွာဘုရားအား . . အရှင်မြတ်ဘုရား ၊ စုန္ဒအိမ်၌ ၇ ရက် ပတ်လုံး ၀က်များ သတ်သံကို ကြားရပါသည်. . . . ဟုလျှောက်ထားကြ၏. . . . ထိုအခါ မြတ်စွာဘုရားသခင်က ချစ်သား ရဟန်းတို့ ၊ စုန္ဒသည် ၇ ရက်ပတ်လုံး ၀က်ကို သတ်နေသည် မဟုတ် ၅၅ နှစ်ကာလပတ်လုံး သူပြုခဲ့သော မကောင်းမှု အကုသိုလ်ကံသည် ဤပစ္စုပ္ပန်ဘ၀၌ပင် စုန္ဒအား ထူသော အကျိုးကို ပေးခြင်းဖြစ်၏ ယနေ့တွင် မှ စုန္ဒသည် ကွယ်လွန်၍ အ၀ီစိငရဲသို့ကျသွားခြင်းဖြစ်သည် ဟု မိန့်တော်မူက အောက်ပါ ဂါထာကို ဟောတော်မူ၏. .

"မကောင်းမှုကို ပြုသူသည် ဤပစ္စုပ္ပန်ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏ . နောင်တမလွန်ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏. . ပစ္စုပ္ပန် ၊ တမလွန် နှစ်ဘ၀လုံး၌ စိုးရိမ်ပူပန်ရ၏. .
ထိုသူသည် မိမိ၏ ညစ်ညူးသော အကုသိုလ်ကံကြမ္မာကိုမြင်၍ စိုးရိမ်ပူပန်ရ၏ . . . စိုးရိမ်ပူပန်ရသည်နှင့် အမျှ ပင်ပန်း ရ၏ "

ဓမ္မပဒ

အားလုံးကိုချစ်ခင်လေးစားလျှက်...


4 comments:

  1. အမလေး
    ဖတ်ရတာ အူတောင် ယားတယ်
    ဖတ်တော့ဖတ်ဖူးတယ် ..

    ReplyDelete
  2. ကြောက်စရာကြီးပါလား။ တကယ် အသဲယားစရာကြီး။

    ReplyDelete
  3. ကျွန်တော် ဗုဒ္ဓဘာ သာ အစစ် ပါ ဒါပေမဲ့ အန္ဒိယကလူတွေ ဝက် သတ် တာ စဉ်းစားစရာပါ နော်....ဟုတ်ဘူးလား..။

    ReplyDelete
  4. Anonymous မန့်တာကိုကြည့်ရတာ အိန္ဒိယ က ကုလားတွေဝက်မသတ်ဘူးဆိုပြီး ။ ကုလားဆိုတာနဲ့ မွတ်စလင် ကိုမြင်သွားလို့ဖြစ်ပါလိမ့်မယ်။ ဘုရားရှင်လက်ထက်ပါဆိုမှ .. မိုဟာမက်က ဘယ်ပေါ်ဦးမတုံးကိုယ့်လူရဲ့ .. ဟိန္ဒူကုလားတွေတော့ ၀က်သားစားတာတွေ့တာပဲလေ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။