ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အောင်မြင်မှုကို သက်မဲ့ပစ္စည်းများနဲ့ မတိုင်းတာပါနဲ့



ကိုယ်စီးနေတဲ့ ကားအမျိုးအစား၊ ကိုယ်နေတဲ့ အိမ် ဘယ်လောက်ကျယ်သလဲ ဆိုတဲ့ ပမာဏ အတိုင်းအတာ ၊ကိုယ် ရင်းနှီးစုဆောင်းထားတဲ့ ငွေမမာဏတွေ တိုးပွားမှု စတာတွေကြောင့် ကိုယ်ဟာ ပိုပြီးကောင်းတဲ့ လူတစ်ယောက် ဒါမှ မဟုတ် ဆိုးတဲ့ လူတစ်ယောက် ဖြစ်သွားမှာ မဟုတ်ပါဘူး. . . ကိုယ့်ဘ၀မှာ ဘာအရေးပါသလဲ ဆိုတာကို သတိ မမေ့ဖို့က ပိုအရေးကြီးပါတယ်. .

ဒီကမ္ဘာပေါ်မှာ ငါနေရတဲ့နေ့ဟာ ဒီနေ့ နောက်ဆုံးနေ့ပဲ ဆိုပြီး ခဏလောက်တွေးကြည့်လိုက်စမ်းပါ . . . . ဒီကမ္ဘာပေါ်မှာ ကိုယ်ရှင်သန်နေထိုင်ခဲ့ရတဲ့ အတွက် ငါ ဘာတွေ ပြီးမြောက် အောင်မြင်ခဲ့ရပြီလဲ. . . ငါ့မှာ ဂုဏ်ယူစရာ ဘာတွေ ရှိပြီလဲ . . ငါ့ကို ပျော်ရွှင်ချမ်းမြေ့မှုပေးတာတွေက ဘာတွေလဲ ဆိုတာကို စာရင်းလေးတစ်ခု ချက်ချင်းပဲ ချရေးကြည့်လိုက်ပါ. . .

အဲဒီ စာရင်းထဲမှာ ကိုယ့်ကား ၊ ကိုယ်ကြည့်နေတဲ့ တယ်လီဗီးရှင်း ၊ ကက်ဆက်၊ ကိုယ်ရနေတဲ့ လစာ ၊ ၀င်ငွေ တွေ ဘယ်ပါပါ လိမ့်မလဲ. . . အဲဒီ စာရင်းထဲမှာ ကိုယ့်ဘ၀ကို စိတ်ချမ်းမြေ့ ပေးမယ့် အခြေခံ အချက်တွေပဲ ပါမှာပါ. . . ကိုယ်နဲ့ ကိုယ့် အသိမိတ်ဆွေတွေ ၊ ကိုယ်နဲ့ ကိုယ့်မိသားစုတွေရဲ့ ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေး ၊ သူများတွေ အတွက်ကိုယ် ဘာတွေ လုပ်ပေးခဲ့ပြီးပြီလဲ စတဲ့ ကိုယ့် ဘ၀မှာ ပျော်ရွင်ကျေနပ်စရာကောင်းတဲ့ အဖြစ်အပျက်တွေပဲ ပါမှာပါ. . . ဒါတွေဟာ ကိုယ့်ဘ၀မှာ ကိုယ် စာရင်းသွင်းရမယ့် မှတ်တိုင်တွေပါ.

အများစု ဟာ တစ်နေ့ တစ်နေ့ ကိုယ်နေရတဲ့ ဘ၀မှာ ဆန့်ကျင်ဘက် ဖြစ်နေတာတွေသာ မှန်လိမ့်မယ်လို့ ယူဆတတ်ကြတယ်. . . .ကိုယ့်ဘ၀မှာ ကိုယ်အစစ်အမှန် တန်ဖိုးထားရမယ့် အရာ၊ ကိုယ် တကယ်ပဲ ဦးစားပေးရမယ့် အရာတွေ အစား ကိုယ်က အောင်မြင်မှုရယ်လို့ မှတ်ယူတိုင်းတာထားတဲ့ အရာတွေ၊ ဥစ္စာပစ္စည်းတွေ တိုးပွားဖို့ကိုပဲ စုဆောင်းနေတတ်ကြတယ်. . . . သည်လိုနဲ့ အောင်မြင်မှု အစစ်အမှန်ဟာ ဘာလည်း ဆိုတာကို ပြန်ပြီး မဆန်းစစ်မိကြတော့ပါဘူး. . .

မိတ်ဆွေတွေ ၊ မိသားစုတွေ စတဲ့ ကိုယ့်စိတ်ချမ်းသာမှုကို ဖြည့်ဆည်းပေးမယ့် သူတွေနဲ့ ပြည့်စုံနေသူတွေဟာ ဥစ္စာပစ္စည်း တွေ ချည်းသက်သက် ပြည့်စုံ့နေသူတွေထက် စိတ်ချမ်းသာမှု ကိုးဆလောက် ပိုမိုရရှိမှာ ဖြစ်ပါတယ်. .

ဒါကြောင့် မိမိရဲ့ အောင်မြင်မှုကို သက်မဲ့ ပစ္စည်းများနဲ့ မတိုင်းတာ ကြပါနဲ့ လို့. . . .

ကြည်ရွှန်း

အားလုံးကိုချစ်ခင်လေးစားလျှက်..

7 comments:

  1. အောင်မြင်မှုအစစ်အမှန်ဆိုတာဘာလဲဆိုတာ
    တွေးတောသွားပါတယ်.။သက်မဲ့ပစ္စည်းဆိုတာ
    အချိန်တန်တော့ထားသွားခဲ့ရတာပါပဲ..။

    ခင်တဲ့
    မသဒ္ဓါ

    ReplyDelete
  2. ဟုတ်တယ်။ အောင်မြင်မှုကို သက်မဲ့ပစ္စည်းသက်သက်နဲ့ တိုင်းတာဖို့ ခက်တယ်။ ဒါပေမဲ့ များသောအားဖြင့် အဲဒီလိုဘဲ တိုင်းတာနေကြတယ်။ တစ်စိပ်တစ်ဒေသတော့ မှန်ကောင်းမှန်နိုင်တာပေါ့လေ။
    ဒါပေမဲ့ အားလုံးတော့ ပြည့်စုံမှာ မဟုတ်ပါဘူး။

    ပျော်ရွှင်ပါစေ။

    ReplyDelete
  3. သိပ်မှန်တယ်ဗျာ။ အဲဒီ စကားတွေကို လူတိုင်းလိုလို သိဖို့ တော်တော်အရေးကြီးတယ်ဗျ။ ဘာမဟုတ်တာတွေနဲ့ လူတွေကို ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်နေတာ။ အဲ့လိုမျိုးလေးတွေ များများ တင်ပေးပါ အစ်မ၊ ညီမ တို့ရေ။

    ReplyDelete
  4. အမှန်ပဲညီမရေ..။ ပစ္စည်းဥစ္စာထက် စိတ်ချမ်းသာမှုကိုပဲ အဓိကထားရမယ်။
    အဆင်ပြေပျော်ရွှင်ကြပါစေ။

    ReplyDelete
  5. ဟုတ်ပါတယ်ဗျာ... မှန်ပါတယ်... ဒါပေမယ့် လူ့အတ္တအရတော့ ဆက်ပြီးတော့ ပစ္စည်းနဲ့ တိုင်းနေကြဦးမယ်ထင်ပါတယ်ဗျာ....


    ခင်မင်တဲ့
    ညီညီထွေး

    ReplyDelete
  6. အမှန်တရားလေးပါဘဲ
    ဒါပေမဲ့ လူတော်တော်များများကတော့
    ပစ္စည်းဥစ္စာနဲ့ တိုင်းတာနေကြတုန်းပါဘဲ
    သေရင်ထားခဲ့ရမဲ့ ဒီပစ္စည်းတွေကိုဘဲ တပ်မက်နေကြတုန်းပါ..
    ဒါပေမဲ့ ပျော်ရွှင်စိတ်ချမ်းသာမှုမရှိတဲ့
    အောင်မြင်မှုဟာ တကယ်တမ်းတော့ မက်မောစရာ မရှိလှပါဘူး...

    ReplyDelete
  7. ဒါပေမဲ့ အပြန်အလှန်လိုအပ်တယ်လေ၊ ရှိမှချမ်းသာတာတဲ့၊

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။