ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

နတ်တော်လဖွဲ့


နတ်တော်လဖွဲ့

ရှစ်ခွင်ကို မြူဆင်းလို့၊ ငွေနှင်းတဲ့နုစို
ဂမုန်းသဇင်တို့၊ စုံခွင်မှာ လေချို ညင်းက
သုတ်သွင်းဘယ်ညာ နှံ့၊ သင်းပျံ့ပျံ့ချို
ယုဂန္ဓိုရ် တောင်မိုထိပ်ဖျား
ရွှေလစန္ဒီနှင့် ၊ မိဂသီရောင် ခြည်ဖျန်းတယ်
မြန်းတူကြွသွား။

(ဖိုးသူတော် ဦးမင်း)

နတ်တော်လသည် မြန်မာလများတွင် ၉ လမြောက်ဖြစ်ပြီး ဟေမန္တ ဆောင်းရာသီသို့ ၀င်ရောက်စကာလဖြစ်၍ နံနက်ခင်းတွင် နေရာ အနှံ့အပြား ဆီးနှင်းများဖြင့် မှိုင်းဝေရီလျှက် နိုဝင်ဘာလ၊ ဒီဇင်ဘာလတွင် ကျရောက်ပါသည်.

ရှေးအခါက နတ်တော်လ၏ ရာသီပွဲမှာ နတ်ပူဇော်ပွဲဖြစ်ပြီး မြန်မာ သက္ကရာဇ် ၁၂၄၇ (၁၈၈၅) ခုနှစ်တွင် ပျောက်ကွယ်ခဲ့သည်. . . ထိုအချိန်မှစ၍ နတ်တော်လတွင် ရာသီပွဲတော် ဆိတ်သုဉ်းနေခဲ့သည်မှာ ၁၃၀၅ ခုနှစ်တိုင်အောင် ဖြစ်သည်.

၁၃၀၆ ခုနှစ်သို့ရောက်သော အခါ နတ်တော်လအတွက် ရာသီပွဲတော် တစ်ခု ထူးခြားစွာ ထွက်ပေါ်လာခဲ့သည်. . ယင်းပွဲတော်ကား မျက်မှောက်ခေတ်တွင် တစ်စ တစ်စ ထွန်းကားလာသည့် စာဆိုတော်ပွဲပင်ဖြစ်သည်. . . စာဆိုတော်ပွဲဆိုသည်မှာ ဘုရင့်ခေတ်က တွင်ကျယ်ခဲ့သော ထီးသုံးနန်းသုံး ဝေါဟာရတစ်ခုဖြစ်သည်. .

စာဆိုတော်ပွဲ မဖြစ်ထွန်းမီ မြန်မာစာပေနှင့် ပတ်သက်၍ အထိမ်းအမှတ် နေ့တစ်နေ့ရှိသည်. . ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် အလွန်ထင်ရှားသည့် စာဆိုတော်ကြီး ဦးပုညကို ချီးကျူးဂုဏ်ပြုသည့် ဦးပုည နေ့ ပင်ဖြစ်သည်. . . စာဆိုတော်နေ့ပွဲသည် ဦးပုညနေ့နှင့် ဆက်စပ် ဖြစ်ပေါ်လာသဖြင့် ဦးပုညနေ့ကို မြစ်ဖျားခံသည် ဟု ဆိုနိုင်ပါသည်. ပထမအကြိမ် စာဆိုတော်ပွဲကို ၁၉၄၄ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်. .

Nadaw

It is the ninth Myanmar month at the onset of the cool season, with misty mornings in November- December.
In ancient days the seasonal festival was for propitiation to nats, till it waned.
The 1300s saw the coming into vogue of a celebration in honour of the literati (Sarsodaw) at this time of the years.
It might perhaps have some connection with the day dedicated to writer, poet and playwright U Ponnya after Kongbaung period.
The first reconded celebration dedicated to the literati was found in 1944.
In the present day, it is time for presentation or National Literary Awards by the State.

အားလုံးကိုချစ်ခင်လေးစားလျှက်...

8 comments:

  1. ဗဟုသုတဝေမျှပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ...

    ReplyDelete
  2. ကူးစရာလေးတွေ ကူးယူသွားတယ်အစ်မရေ.. ကျေးဇူးပါပဲ..။

    ReplyDelete
  3. အလွန်လှပတဲ့ ချစ်စရာမြန်မာ့ဓလေ့တခုပါပဲ...

    ReplyDelete
  4. ဖိုးသူတော်ဦးမင်း လူဦးမင်း ကဗျာတွေကတော့
    တော်တော် ကောင်းတယ် အမရေ . . . အံ့သြချီးကျူး
    ဖို့ ကောင်းတယ် စာဆိုတွေဘဲ အမရေ . . . ခုလိုခေတ်မှာ
    နှုတ်က ရုတ်တရက် ကဗျာ တစ်ပုဒ်စပ်ဖို့ ဆိုတာ တော်
    တော်ခဲယဉ်းပါတယ်ဗျာ . . .

    ReplyDelete
  5. ကဗျာလေးတင်ပေးတာကျေးဇူးပါရှင်

    ReplyDelete
  6. မှတ်သားသွားတယ် မမရေ.....

    ReplyDelete
  7. မမရေ မြန်မာတို့ရဲ့ ၁၂ လရာသီ ချစ်စရာ ရိုးရာဓလေ့တွေကို အခုလို ဖေါ်ပြပေးတာ ကျေးဇူးတင်ပါတယ်။
    ဖိုးသူတော်ဦးမင်းရဲ့ ကဗျာတွေက အနှစ်သာရ အပြည့်အ၀ပဲနော်။

    ခင်မင်လေးစားလျှက်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။