ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကျန်းမာချင်လို အာလူး စားပါဒီလို. . .



ကျွန်မတို့တတွေ မကြာခဏဆိုသလို စားသုံးနေကျဖြစ်ပြီး အိမ်ရှင်မ တွေရဲ့ အဓိက အသုံးပြုတဲ့ အစားအစာဖြစ်တဲ့ အာလူးကို လူမျိုးမရွေးဘာသာမရွေး နှစ်သက်စွာ စားသုံးကြပါတယ်. . လူတိုင်း စားသုံးကြတဲ့ အာလူးကို ကျန်းမာရေးနှင့်ညီအောင် ဘယ်လိုစားသုံးသင့်တယ် ဆိုတာ ကို အာလူး ကြိုက်နှစ်သက်သူတိုင်း သိသင့်ပါတယ်. .

အာလူးကို ချက်စားခြင်း၊ ပြုတ်စားခြင်း၊ မီးဖုတ်စားခြင်း ၊ ကြော်စားခြင်း များအနက်မှ ကျန်းမာရေးအတွက် ဘယ်ဟာ က အကောင်းဆုံးဆိုတာကို အကြံပြုရေးသားလိုပါတယ်. . .
မနေ့ကတော့ အာလူးကြော်စားရင် ဘယ်လို ဆိုးကျိုးတွေရတယ်ဆိုတာကို ဖော်ပြပြီး ဖြစ်ပါတယ်. . .

အာလူးမှာပါတဲ့ အာဟာရ တွေကတော့ ဘယ်လိုပဲ စားစား ဆုံးရှူံးမှုမရှိတော့ ကြိုက်သလိုစားလို့ရပါတယ်. . အာလူးစားတော့မယ်ဆိုရင် အောက်ပါအချက်များကို သတိထားစားသုံးပါ က ကျန်းမာရေးဖြင့် ညီညွတ် မည်ဖြစ် ပါ သည်. . .

၁. အာလူးစားရင် အခွံကို ခွာပြီးစားတာ အန္တာရာယ်ကင်းပါတယ် . . အထူးသဖြင့် အခွံစိမ်းနေရင် လုံးဝမစားသင့်ပါ. . ကလေးငယ်များကို ကျွေးလျှင် အခွံခွာပြီးသားကိုသာ ကျွေးရပါ့မယ်.

၂. အာလူးကို ဓားနဲ့လှီးပြီး မချက်ခင်မှာ သန့်ရှင်းတဲ့ရေနဲ့ဆေးရပါတယ် . . အဲဒီလိုဆေးလျှင် Saponin အဆိပ်တွေ ဖြစ်တဲ့ အကျိအချွဲတွေဟာ ရေနဲ့အတူ ပျော်ဝင်သွားမှာ ဖြစ်ပါတယ်. . ဆေးတဲ့အခါ ရေ ပျော်ဝင်မှု ပိုကောင်းအောင် လက်နဲ့လှုပ်ပေးဖို့လိုပါတယ်. . . ရေကို သုံး လေး ခါ လဲပေးရင် အဆိပ်တွေ ကင်းစင်သွားမှာ ဖြစ်ပါတယ်. .

၃. ကြော်ရင် တူးအောင် မကြော်ဖို့လိုပါတယ် . . ညိုတယ်ဆိုရင်တော်လောက်ပါပြီ၊ အဖြူထည်ကြော်တာထက် ခပ်ညိုညိုလေးက ပိုကောင်းပါတယ်. . ဆီပါဝင်မှုနည်းသွားအောင်လုပ်ခြင်း ဖြစ်ပါတယ်. . အဆိပ်တွေလဲ ပျယ်သွားပါတယ်.

၎. ပြုတ်စားရင် ပြုတ်ရေကို မသောက်ပဲ သွန်သင့်ပါတယ်. . . အာလူးသားကိုပဲ စားသင့်ါတယ်. . . ပြုတ်ရေထဲမှာ အဆိပ်တွေ ပျော်ဝင်နေလို့ ဖြစ်ပါတယ်. .

၅. သက်ကြီးရွယ်အိုများ၊ အစာအိမ် အချဉ်ရယ် Acid ထွက်တာနည်းသည့် အတွက် အာလူးကျွေးလျှင် တစ်ရက်ထဲ အများကြီး မကျွေးသင့်ပါ. . တစ်ကြိမ်စားလျှင် အနည်းငယ်သာ စားသင့်ပါတယ် . .

အာလူးကြိုက်သူများ ကျန်းမာမျှတစွာ စားသုံးနိုင်စေရန် ဆန္ဒပြုရေးသားအပ်ပါတယ်..

ဒေါက်တာခင်မောင်လွင် (FAME) (Health Talk Programme)

အားလုံးကိုချစ်ခင်လေးစားလျှက်...





10 comments:

  1. ဟုတ်ကဲ့ပါဗျာ
    အာလူးစားပါ့မယ်

    ReplyDelete
  2. ဟိ.. ကြိုက်တာနဲ့အတော်ပဲ.. .

    ReplyDelete
  3. အာလူးကို ကျန်းမာရေးနဲ့ညီအောင် စားတော့မယ်။

    လျောက်ရမ်းမစားတော့ဘူး။

    ReplyDelete
  4. အာလူးပြုတ်ပြီး အတုံးလေးတွေနဲ့ ကြော်စားရတာ အရမ်း စားလို့ကောင်းတယ် ကြိုက်မှကြိုက်ပဲလေ. အခုလို အာလူးနဲ့ပတ်သက်ပြီး သတိထားသင့်တဲ့ အချက်တွေ သိရတာ ကျေးဇူးပါ..

    ReplyDelete
  5. အာလူးကြိုက်တယ် ..း))

    ReplyDelete
  6. တစ်နေ့က မကောင်းတာ ဒီနေ့ကောင်းတာ


    အရာရာ ကောင်းဆိုး တွဲနေတယ်နော်

    အကောင်းကို ရွေးချယ်သုံးတတ်မှဖြစ်မယ်


    နောက်တစ်မျိုးကတော့ အားလူး ရေစိမ်သောက် ရှိသမျှပျောက်တဲ့
    လူပါပျောက်သွားရင်တော့ ဒို့ မပါဘူး။ ဒီ

    ReplyDelete
  7. အာလူးကို ၀က်သားလေးနဲ့ ရောချက်စားရရင် ကောင်းတယ်မဟုတ်လား

    အာလူးကို အိအိလေးချက်ထားရင် ကြိုက်တယ်း)

    ReplyDelete
  8. အစ်မရေ.. အာလူးစားတာဆင်ခြင်ရဦးမယ်...
    အားလူးကြော်လည်းစားတယ်.. အာလူးလည်းစားတယ်.. ကြိုက်လည်း ကြိုက်တယ်.. ဈေးလည်းသက်သာလို့ ပါအစ်မရေ.. အခုတော့ အစ်မပြောသလို ဆင်ခြင်ရအုံးမယ်. ကျေးဇူးပါအစ်မရေ..။ အဆင်ပြေပျော်ရွှင်ပါစေ..။

    ReplyDelete
  9. လာလည်ပါတယ်ရှင်
    လင့်ထားပါရစေ

    ReplyDelete
  10. ဒါဆို ကိုလူထွေးပြောတာ မှန်နေတာပေါ့...

းဝ)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။