ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
အာလူးကြော်စားရင်
ကျွန်မသည် အာလူး၊ အာလူးကြော်များကို အရမ်းကြိုက်ပါသည်. . အာလူး ဆိုလျှင် မည်သည့် ပုံစံဖြင့် ချက်ထားပစေ ကျွန်မအကုန်စားပါသည်. . .
မနေ့ က ကျန်းမာရေး စာစောင်ထဲတွင် အာလူးကြော်၏ အကျိုးအပြစ်များကို ရေးထားတာကို တွေ့ပါသဖြင့် စာဖတ်ပရိသတ်များကို ပြန်လည်မျှဝေပေးလိုက်ပါတယ်. . . .
အာလူးကြော်ကို မည်သည့် ပုံစံဖြင့် ကြော်ထားသည် ဖြစ်ပါစေ အာလူးကြော်မှန်သမျှသည် Junk Food ဟုခေါ်သော အမှိုက်သရိုက် အစားအစာထဲတွင် ပါဝင်ပါသည်. . . အာလူးသည် အာဟာရဓာတ် များစွာပါရှိသော အသီးအနှံတစ်မျိုးဖြစ်ပါသည်. . .
အာလူးကို ဆီဖြင့်ကြော်လိုက်မည် ဆိုပါက အာလူးထဲမှရသည့် ကယ်လိုရီရော ကြော်သည့်ဆီမှ ရသည့်  ကယ်လိုရီပါ ပေါင်းလိုက်ပါ က ကယ်လိုရီ အတော်များသွားပါသည်. . . အာလူးကြော်ကို အရသာရှိအောင် ဆိုပြီး ဆား၊ အရွမှုန့် အစရှိသည်တို့ကို ထပ်ထည့်လိုက်သည့် အခါတွင် အငန်ဓာတ်ရော၊ ကယ်လိုရီပါ ပိုများသွားစေပါသည်. . .
အဆိုးဆုံးကတော့ အာလူးချောင်း ကြော်ဘ၀ရောက်သွားတဲ့အခါ အဲဒီအာလူးထဲမှာ ခန္ဓာကိုယ်ကျန်းမာရေး အတွက် ထိခိုက်စေနိုင်သော ဒြပ်ပေါင်းတစ်မျိုး ပေါ်ထွက်လာခြင်းပဲ ဖြစ်ပါသည်. . .
အာလူးကြော်ထဲတွင် ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းတစ်ခု ဖြစ်သည့် အခရလစ်လမိုက် (Acrylamides ) များ ပါဝင်နေခြင်းဖြစ်သည်. .
အာလူးချောင်းကြော်တစ်နေ့လျှင် ၁၆၀ ဂရမ် (၁၅ကျပ်သား ရှိအာလူးကြော် အထုပ်ကြီးတစ်ထုပ်) ကို နေ့စဉ် ၂၈ ရက်တိတိစားလျှင် သွေးတွင်း အခရစ်လမိုက် ပမာဏနှစ်ဆ အထိတက်သွားကြောင်း တွေ့ရှိထားပါသည်. . . ဤ တွေ့ရှိချက်အရ အာလူးကြော်ကို နေ့စဉ်စားတဲ့ အလေ့အထ ရှိတဲ့ လူတစ်ယောက်သည် ကင်ဆာရောဂါ ဖြစ်ရန် အခွင့်အလမ်း ပိုများနိုင်ပါသည်. . .
ဒါ့ကြောင့် အာလူးကြော်ကို အလွန်အကျွံ့စားသူများ သတိထားရမှာဖြစ်ပါတယ်. . . . အာလူးကြော်အစား ကျန်းမာရေးနှင့် ညီညွတ်သည့် အခြား အစားအစာများ၊ သစ်သီးဝလံများ၊ သရေစာများကို အစားထိုး စားသုံးသင့်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်. . .
အာလူးစားသုံးခြင်း ၏ ကောင်းကျိုး၊ဆိုးကျိုးများကို နောက်ပို့စ်တွင် ဆက်လက် ရေးသား ဖော်ပြပါမည်. .
အားလုံးကိုချစ်ခင်လေးစားလျှက်...
12 comments:
  1. ဒါဆိုရင် အာလူးကို ရေလုံပြုတ်ပြီးပဲစားတော့မယ်....
းဝ)
    ReplyDelete
  2. ပြုတ်စားရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆို...
    ReplyDelete
  3. ဒါပေမယ့် ကြိုက်တယ်..စားမှာပဲ...း)
    ReplyDelete
  4. အဲဒါမှ ဒုက်ခဘဲ။
    ဒီမှာက အာလူးကြောက်က ဇာတ်လိုက်ရယ်။
    ReplyDelete
  5. မနှစ်တုန်းက ဘလော့ဂ်စရေးခါစတုန်းကပေါ့။
    ကျနော်လဲ အာလူးကြော်လေးအကြောင်းကို ရေးခဲ့ဖူးတယ်။
    ဒီလိုလေးပါ။
    http://kokomaunguk.blogspot.com/2008/10/blog-post_27.html
    ပန်းကဗျာပို့စ်နှင့် နဲနဲတော့ ကွဲမယ်ထင်တယ်။
    ReplyDelete
  6. မမရေ...... ညီမလည်း အာလူးကြော်ဆို အရမ်းကြိုက်တယ်။ အာလူးချောင်းဆို အထုပ်အကြီး ၀ယ်ထားပြီး အားတိုင်းကြော်စားနေတာ။ ကျန်းမာရေးနဲ့ မညီဘူးဆိုတာ သိပေမယ့် မရှောင်ဖြစ်ဘူး။ ဒီလောက်ကြောက်စရာ ကောင်းမယ်လို့ မထင်မိဘူးလေ။ ကင်ဆာ ဖြစ်စေတဲ့ ဓါတ်တွေ ပါတယ်ဆိုတော့ ကြောက်သွားပြီ။ စားပေမယ့် လျှော့ပြီး စားတော့မယ်။
    ကျေးဇူးနော် မမ......
    ခင်မင်လေးစားလျှက်
    ReplyDelete
  7. တီချယ်ရေ ကျွန်တော်လည်း အာလူးကြော် အရမ်းကြိုက်တာ။ ဒီလို ဆိုရင်တော့ ဆင်ခြင်ရမှာဗျာ။
    လေးစားလျက်
    ReplyDelete
  8. အားပေးလိုက်ပါသည် ဧရာဝတီ
    ခုတော့ကြောက်သွားပြီ စားတော့ဘူး
    ReplyDelete
  9. အာလူးကြော်ကို ငယ်ငယ်ကတည်းက ကြိုက်တယ်လေ ကြက်သားအာလူးဟင်းဆီပြန်ဆို တစ်ပတ်တစ်ခါလောက် ချက်စားနေကျပဲ
    တန်ဆေးလွန်ဘေးဆိုသလို အလွန်အကျွံမစားမိတာ အကောင်းဆုံးပေါ့
    အခုလို အာလူးအကြောင်း ဆင်ခြင်စရာတွေ ပြောပြတာ ကျေးဇူးပါနော်
    ReplyDelete
  10. အမြဲတမ်း မဟုတ်ပေမယ့် အာလူးကြော်ကတော့ စားဖြစ်နေတာပဲ.. ခက်ပြီ
    ReplyDelete
  11. ဟင်..ဟုတ်လား..
    အာလူးကြော်ကြိုက်တတ်တော့ နဲနဲလျှော့မှဖြစ်မယ်ထင်တယ်..
    မှတ်သားထားပါတယ်ခင်ဗျာ
    ပျော်ပါစေ
    ReplyDelete
  12. လာဖတ်ပါတယ်ဗျာ
    ReplyDelete
အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .
ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။