ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ရေနတ်ဘီလူးနှင့် ပုလဲရတနာ


တစ်ခါ၍၌ လူတစ်ယောက်သည် ပင်လယ်ထဲ လှေနှင့် သွားရင်း အဖိုးတန်ပုလဲတစ်လုံး ရေထဲ မတော်တဆလွတ်ကျ သည်. . .
ကျသည်ဆိုလျှင်ပင် ကမ်းသို့ တရကြမ်း လှော်က ကမ်းစပ်ရောက်လျှင် ရောက်ခြင်း ပြေးဆင်းပြီး ရေပုံးတစ်လုံးယူ၍ ပင်လယ်ရေတွေ ခပ်ထုတ်သည်. . .
သုံးရက်လုံးလုံး ပင်လယ်ရေတွေ ခပ်လိုက် ကုန်းပေါ် ဝေးဝေးတစ်နေရာတွင် သွားသွန်လိုက် ဆက်တိုက်လုပ်ရာ လေးရက်မြောက်နေ့တွင် ပင်လယ်မှာနေသည့် ရေနတ်ဘီလူး ထွက်လာပြီး

"ဘာအတွက် ပင်လယ်ရေတွေ ခပ်ထုထ်နေရသနည်း . . . . "ဟု မေးလေသည်. .

"ကျွန်တော့ ပုလဲတစ်လုံး ရေထဲကျသွားလို့ပါ . . . "ဟု ပုဂ္ဂိုလ်က ဖြေသည်. . .

"ခင်ဗျားဘယ်တော့ရပ်မှာလဲ. . . "

"ရေခန်းလို့ ကျွန်တော့ပုလဲ ပြန်တွေ့မှပဲ ရပ်နိုင်မှာပေါ့ ဗျ. . . "

လို့ပုဂ္ဂိုလ်က ပြန်ဖြေသည့်အခါ ရေနတ်ဘီလူး ချာခနဲက လှည့်ပြီး ပင်လယ်ထဲ ဆင်းသွားသည်. . . ရေထဲကျသွားသည့် ပုလဲလုံးကို တွေ့အောင်ရှာခဲ့ ပြီး ပုဂ္ဂိုလ်လက်ထဲ ထည့်သည်. .

"ကဲ . . . . ကျေနပ်ပြီလား တဲ့ . . ."

ရေနတ်ဘီလူး ကဆိုလေသည်. .



ဖေမြင့် (ဂျီးနိယပ်(စ))

အားလုံးကိုချစ်ခင်လေးစားလျှက်...

4 comments:

  1. ဘယ်လိုကြီးပါလိမ့်။
    ဇွဲရှိတာတော့ ဟုတ်ပါရဲ့ ။ မလိုအပ်တဲ့နေရာမှာ အင်အားတွေ သုံးတာကိုတော့ အားမပေးချင်သလိုဘဲ။
    မဟာဇနကလို အနားသတ်ကမ်းရှိမှန်းသိလို့ ဇွဲစိုက်ထုတ်ရင်တော့ တစ်မျိုးပေါ့။

    ကံ ဥာဏ် ၀ီရိယ လိုအပ်မယ်ထင်ပါတယ်။

    ထင်တဲ့အတိုင်း မန့်သွားတာပါ။

    ပျော်ရွှင်ချမ်းမြေ့ပါစေ။

    ReplyDelete
  2. အတော် တုံးတဲ့သူဘဲ..
    ကိုလူထွေးဆို ပုလဲတလုံးအတွက် အဲလိုကြီး ခပ်မထုတ်ပါဘူး...
    တနေ့နည်းနည်းနည်းနည်း ခပ်သောက်မှာပေါ့...းP

းဝ)

    ReplyDelete
  3. ဘယ်လိုနားလည်ရမလဲ နော်..။ kokomaung.uk ပြောသလိုပဲပြောရမလားပဲ..။
    ဆိုလိုရင်းလေးရှင်းပြ ပါလား..။ နားမလည်တာကိုနားမလည်ဘူးလို့  မေးတာ အပစ်တော့မဖြစ်ဘူးထင်ပါတယ်နော်..။

    အောက်မှာကွန်းမန့် ပြန်ပေးပါလား မေ၁၆ ရဲ့ ။

    ဂျောင်ကွယ်က
    မောင်ငရ်

    ReplyDelete
  4. ဟုတ်ကဲ့ ကိုကိုမောင် ရော မောင်ငယ်ရော ဒီဘာသာပြန်လေးရဲ့ ဆိုလိုရင်း က ဇွဲသန်သန်ဖြင့် မိမိပန်းတိုင်ကို ရောက်အောင် လုပ်တယ်ဆိုတဲ့ ပညာလေးကို အဓိက ပေးချင်တာပါ.. စာဖတ်သူများအနေနဲ့ကတော့ ဒီလူ က မစဉ်းစားပဲ ပင်လယ်ရေကို ခတ်ထုတ်တာကို လည်း ပြောလို့ရပါတယ်. . . အဓိကတော့ သူ့ရဲ့ဇွဲကြောင့် ရေနတ်ဘီလူးက မနေနိုင်ဘဲ ၀င်ကယ်တယ်လို့ ဆိုလိုချင်တာပါ . .
    ခုလို ပြောပြပေးတာ ကျေးဇူးတင်ပါတယ်ရှင်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။