ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လောကနီတိ

  • သစ်ပင်၏အရိပ်သည် အေးချမ်း၏
  • ထိုထက် ဆွေမျိုးမိဘအရိပ်က ပို၍ အေးချမ်း၏
  • ထိုထက် ဆရာသမားအရိပ်က ပို၍ အေးချမ်း၏
  • ထိုထက် မြတ်စွာဘုရား အရိပ်က အဆများစွာသာလွန် အေးချမ်း၏

  • The refuge of the tree is cool.
  • Even more is the refuge of parents and relatives.
  • Even more is the refuge of the teacher.
  • Far more is the refuge of Buddha.

  • ပျားပိတုန်းတို့သည် ပန်းကို အလိုရှိကုန်၏
  • သူတော်ကောင်းတို့သည် ဂုဏ်ကျေးဇူးကို အလိုရှိကုန်၏
  • ယင်ကောင်တို့သည် အပုပ်ကို အလိုရှိကုန်၏
  • သူယုတ်တို့သည် အမျက်ဒေါသကို အလိုရှိကုန်၏

  • Bees want flowers.
  • The virtuous want virtue.
  • Flies want the putrid.
  • The wicked want anger.

  • အမိအဘတို့၏ အဆုံးအမကို မရမူ ကိုနှုတ်အမူအရာ ကြမ်းတမ်း၏
  • အမိအဘတို့၏ အဆုံးအမကို ကောင်းစွာရမူ ကိုယ်နှုတ် အမူအရာ လိမ္မာယဉ်ကျေး၏

  • Deprives of parental teachings, one tends to be harsh in words and deeds.
  • Benefited by parental teachings one is gentle in words and deeds.

  • အမျက်ဒေါသကို ဖြေဖျောက်နိုင်လျှင် စိုးရိမ်ခြင်း ကင်းရ၏
  • သူ့ကျေးဇူးကို ဆိုတတ်လျှင် သူတော်ကောင်းတို့ ချီးမွမ်းကုန်၏
  • ကြမ်းကြုတ်သော စကားကို သည်းခံခြင်းသည် မြတ်၏

  • Dissolving anger frees one from worry.
  • Expressing one's gratitude is praised by the virtuous.
  • Tolerating rude words is virtuous.
အားလုံးကိုချစ်ခင်လေးစားလျှက်...





6 comments:

  1. လေ့လာစရာတွေ မကုန်နိုင်
    ကျင့်စရာတွေ မကုန်နိုင် ပါပဲလား

    လတ်တလော ဒါကိုအရင်ကျင့်ရမယ်
    * ကြမ်းကြုတ်သော စကားကို သည်းခံခြင်းသည် မြတ်၏

    ဧရာဝတီမိသားစု ကျန်းမာချမ်းသာပါစေ ဒီ

    ReplyDelete
  2. စာသားလေးတွေက မှတ်သားလောက်ပါပေတယ်

    ReplyDelete
  3. ထုံးစံအတိုင်း အင်္ဂလိပ်လိုလေးပါ မှတ်သားသွားပါတယ်ဗျာ

    ReplyDelete
  4. လောကနီတိလေးတွေ မှတ်သားသွားပါတယ်။

    ReplyDelete
  5. မှတ်သားစရာတွေ အတွက် ကျေးဇူးအနန္တပါ ...

    ReplyDelete
  6. သေချာ မှတ်သွားပါတယ်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။