ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

စိတ်နှလုံးလှပသူကိုရှာ



ရုပ်လှပြီး စိတ်မလှသူ.

စိတ်လှပြီး ရုပ်မလှသူ

စိတ်နှင့်ရုပ် နှစ်မျိုးစလုံးလှသူဟူ၍ (၃) မျိုးရှိ၏

"လောကီပုဂ္ဂိုလ်၊ လူဟုဆိုက၊ ရုပ်ကိုမကြည့်၊ စိတ်ကိုကြည့်လော့ "

ဟူသော လင်္ကာ ပိုဒ်ကလေးကို မှတ်သား သတိထားသင့်ပါသည်.

လူရည်ချောသည် မချောသည်ထက် တကယ်တမ်း မျက်နှာကိုကြည့်လျှင် သိသာပါသည်. .

ရုပ်ကြည်၍ စိတ်ကြည်သည်မဟုတ်

စိတ်ကြည်မှသာ ရုပ်ကြည်၏

လူတစ်ဦးတစ်ယောက်ကို ပေါင်းသင်းမည်ဟုဆိုလျှင် ရုပ်လှပမှုနှင့် အဆောင်အယောင်ကို မကြည့်နှင့်. . . ထိုအချက်ကို အဓိက ဂရုမစိုက်ထားဘဲ ထိုသူ၏ အဇ္ဈတ္တအတွင်းသဘောကို စောကြောစစ်ဆေးရန်လိုသည်.

စိတ်သဘော ဖြောင့်စင်းသူသည် ဒုက္ခမပေးတတ်. . . အသက်ထက်ဆုံး ခင်မင်စွာ ပေါင်းသင်း၍ ကောင်း၏. . . အပြင်ရူပကာယနှင့် အတွင်းနမကာယ နှစ်ခုစလုံးကောင်းသူနှင့် ပေါင်းရခြင်းကား အတိုင်းထက်အလွန်ပင် ကောင်းလှသည်. . .

သကြားရေ ဖုံးထားသော ဆေးပြားများပမာ အပြင်ချိုဟန်ရှိပြီး အတွင်းခါးလျှင် စိတ်ထား စက်ဆုပ်ဖွယ်ရာ ကောင်းလှသည်. .

တိုင်ပင်ဖော်၊ တိုင်ပင်ဖက်ဟူသည်. လူ့ဘ၀၌ ရှိသင့်သည်ဖြစ်ရာ စိတ်နှလုံးလှပသူနှင့် တွေ့ဖို့ အရေးကြီးလှပါ၏. . . ပေါင်းသင့်ပေါင်းထိုက်သည်ဟု ယူဆသော မိတ်ဆွေ သူငယ်ချင်းများနှင့်လည်း ပေါင်းရပါမည်. . .

ဘယ်ကိစ္စကို ဘယ်သူနှင့် ပူးတွဲဆောင်ရွက်ရန်ဟူသော ရည်ရွယ်ချက်နှင့် ပေါင်းသင်းသောအခါ. . စိတ်နှလုံးလှသူနှင့် တွေ့က အောင်မြင်ဖို့ တစ်ဝက်သေချာနေပြီဖြစ်၏. . .

ထို့ကြောင့် လည်း စိတ်နှလုံးလှပသူကို ရှာဖွေပြီး ပေါင်းသင်းကြရမည်ဖြစ်သည်. . . စိတ်နှလုံး လှ မလှ မှာ မိတ်ဆွေ၏ လုပ်ရပ်များအပေါ် အကဲဖြတ်ရမည်ဖြစ်၏. . .

စိတ်နှလုံးလှပသူနှင့်တွေ့၍ တိုးတက်သွားရသူများရှိသလို၊ စိတ်ယုတ်၊ နှလုံးယုတ်နှင့်တွေ့၍ စည်းစိမ်ပျက်၊ ဘ၀ပျက်သူများကိုလည်း တွေ့ဖူးကြမည်ဖြစ်သည်. . .

မိမိကိုယ်တိုင်လည်း ရုပ်အလှထက် စိတ်အလှကို ဖော်ကြူးနိုင်ပါစေလို့ . . .

သုတေသီဘုန်းမြင့်သွေး

အားလုံးကိုချစ်ခင်လေးစားလျှက်...

3 comments:

  1. မှန်လိုက်တာ မမရယ် .... ရုပ်အလှထက် စိတ်အလှက ပိုအရေးကြီးပါတယ်။ အဆင်းသာရှိပြီး အချင်းမရှိသူနဲ့
    အချင်းရှိပြီး အဆင်းမရှိသူဆိုရင်

    အချင်းရှိသူကိုသာ ပေါင်းသင်းအပ်၏လို့ ငယ်ငယ်က မြန်မာဖတ်စာမှ သင်ခဲ့ရဘူးတယ်။ ကြီးအာသီးလို လူမျိုးကို ရှောင်ရှားနိုင်ကြပါစေ။

    ခင်မင်လေးစားလျှက်

    ReplyDelete
  2. လာရောက် ဖတ်မှတ်သွားပါကြောင်း

    ReplyDelete
  3. အမရေလာပြီးတော့ဖတ်မှတ်သွားပါတယ်ခင်ဗျာ။ မှတ်သားစရာလေးတွေပါပဲခင်ဗျာ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။