ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ခွင့်လွှတ်ပါ

" ခွင့်လွှတ်ပါ "

အပြစ်ရှိက ၊ ခွင့်လွှတ်ပါ့ ဟု
ဖွင့်ဟ၀န်ခံ၊ ငါတောင်းပန်သည်
တစ်ရံခါက ၊ ကြုံခဲ့ကြသည့်
ဘ၀အဖော်၊ မိတ်ဆွေတို့။

အမှားရှိက၊ ကျေအေးပါ့ဟု
နှိမ့်ချအမှန်၊ ငါတောင်းပန်သည်
တစ်ရံခါက၊ ဆုံခဲ့သည့်
ဘ၀အဖော်၊ မိတ်ဆွေတို့။

ငါပြောလျှင် ဟုတ်၊
ငါလုပ်လျှင် မှန်၊
ငါကြံလျှင် မြတ်၊ ငါသာတတ်၍
ငါဖြတ်လေမှ ၊ ပြတ်လေစွဟု
ငါ့တစ်ကိုယ်လုံး၊ ငါတွေဖုံးကာ
ငါလုံး လှိုင်းထန်ခဲ့သည် အမှန်။

ငါလိုလျှင် ရ၊ ငါတ လျှင် ပိုင်
ငါပြိုင်လေက ၊ နိုင်လေစွဟု
ဘ၀ခရီး ၊ငါနှင့် ပြီးကာ
ငါမီး တောက်လျှံခဲ့သည်အမှန်။

အို. . . မိတ်ဆွေတို့၊
ငါ့ဘို့ငါ့ဘို့၊ တစ်ဖို့ဖို့နှင့်
ဘို့ကြီး ကြီးကာ၊ ပိ၍လာမှ
ခုခါသုံးသပ်၊ ငါမြင်တတ်ပြီ
အနတ္တ အစဉ်၊ အတ္တထင်ခဲ့
ကြင်နှင့် ကြဉ်အား ၊ အလိုက်မှားခဲ့
တရားလက်လွှတ်၊ ငှက်တောင်ကျွတ်နှယ်
မိုးလွတ်ရာကို
မခိုသာသေး ၊ အေးရိပ်ဝေးကာ
တုံ့နှေးနွှဲဖင့်၊ လွဲသဖြင့်လျှင်
ခွင့်လွှတ်ကြပါ မိတ်ဆွေတို့။
ဆုံရပ်ရောက်ချိန် နီးပြီမို့
ပြန်တွေးဆင်ခြင်ကြပါစို့။ ။

(မြင်းမူမောင်နိုင်မိုး)

အားလုံးကိုချစ်ခင်လေးစားလျှက်...





6 comments:

  1. ကောင်းလိုက်တာ ကောင်းလိုက်တဲ့ ကဗျာလေးဗျာ ငါနှင့်ငါသာ နှိုင်းစရာ ဆိုတဲ့စကားကို ဆုံးမထားတဲ့ပုံလေ ...ခွင့်လွှတ်ဖို့ တောင်း ပန်ပုံလေး က ပညာရှိပါဘိဗျာ..... ဆင်ခြင်စရာကောင်း လှပါတယ် ...
    မျှဝေတဲ့အတွက်ကျေးဇူးပါ :)

    ReplyDelete
  2. အရမ်းကောင်းပြီး သင်ခန်းစာတွေပေးတဲ့ ကဗျာလေးတစ်ပုဒ်ပါဘဲ။
    သယ်ရင်းက ရှာဖွေတတ်သားဘဲ။ ဒါကြောင့်မို့လဲ ဧရာဝတီစာကြည့်တိုက်ဆိုပြီး နာမည်ကြီးနေတာ ဖြစ်မယ်။

    ReplyDelete
  3. ကဗျာလေးက ကောင်းလိုက်တာ ...

    ReplyDelete
  4. ကဗျာကောင်းလေး လာဖတ်တယ်...
    မှတ်သားသွားပါတယ်။

    ReplyDelete
  5. ကဗျာကောင်းလေး လာဖတ်တယ်...
    မှတ်သားသွားပါတယ်။

    ReplyDelete
  6. အပြစ်ရှိက ခွင့်လွှတ်ပါဆိုလို့
    ဒီလိုတောင်းပန်မှတော့ ခွင့်လွှတ်ရမှာပေါ့ဆိုပြီး လာလိုက်တာ။ :D

    အတ္တကြီးတာမကောင်းဘူးနော်
    အသိလေးတွေ မျှဝေတာ ကျေးဇူးတင်ပါတယ်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။