ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
သီတင်းကျွတ်လ
သီတင်းကျွတ်လဖွဲ့
ကြာငါးမည် ကြိုင်သင်းလို့၊
လျှံဝင်းတဲ့ ပြောင်ထိန်။
ရွှေနန်းတောင်တော်ဦးမှာလ၊
ကွန့်မြူး မြင်းမိုရ်မီး ၊ညီးတဲ့ခါချိန်
ရှိခိုးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း။
သက္ကစ္စ ဂါရ၀နှင့် ၊ စဉ်အလာ ပူဇော်ပွဲကို
ခဲကြပေတောင်း။
(ဘိုးသူတော်ဦးမင်း)
သီတင်းကျွတ်လ
သီတင်းကျွတ်လသည် မြန်မာလများတွင် ခုနှစ်လမြောက်ဖြစ်ပြီး မိုးရာသီကုန်လုချိန်ဖြစ်ကာ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ကျရောက်သည်။
ဂေါတမရှင်တော်ဘုရားသည် မယ်တော်မိနတ်သားအား တာဝသိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ၀ါတွင်းသုံးလပတ် ဟောကြားတော်မူပြီး သီတင်းကျွတ်လပြည့်နေ့၌ လူ့ပြည်သို့ ပြန်လည်ကြွချီတော်မူ၏။ သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းတို့ကို ဖန်ဆင်းပူဇော်ပေသည်။ ဗုဒ္ဓရှင်တော်မြတ်သည် ရောင်ခြည်တော်ခြောက်သွယ်ဖြင့် တင့်တယ်စွာ အလယ်ဗဟိုပတ္တမြားစောင်းတန်းမှ သက်ဆင်းကြွမြန်းတော်မူလေသည်။ နတ်အပေါင်းက လက်ယာ ရွှေစောင်းတန်း၊ ဗြဟ္မာကြီးများက လက်ဝဲ ငွေစောင်းတန်းမှ သက်ဆင်းလိုက်ပါလာကြ၏။
ယင်းပူဇော်ပွဲကြီးကို အစွဲပြု၍ မြန်မာ့ယဉ်ကျေးမှု ရာသီပွဲတော်အဖြစ် သီတင်းကျွတ်လပြည့်နေ့ညတွင် ဘုရားရှင်ကို ရည်မှန်း၍ မီးရှူးမီးပန်းများ ၊ မီးပုံး၊ ဆီမီးရောင်စုံတို့ဖြင့် ပူဇော်မှုပြုလာခဲ့ခြင်းဖြစ်သည်။ဗုဒ္ဓမြတ်စွာ တာဝတိံသာမှ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ တာဝတိံသာပွဲတော် ၊ တာဝတိံသာနတ်ပြည်ရှိရာ မြင်းမိုရ်တောင်ထိပ်မှ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ မီးမြင်းမိုရ်ပွဲ ဟု ခေါ်ဝေါ်ကြသည်။
ရဟန်းတော်များသည် သီတင်းကျွတ်လပြည့်နေ့တွင် ၀ိနည်းဒေသနာတော်အရ ဥပုဒ်အစား "ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်း" ဟု အဓိပ္ပါယ်ရသော ပ၀ါရဏာပြုကြရ၏။ ဤပ၀ါရဏာပြုခြင်းသည် ဘုရားရှင် လက်ထက်ကပင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ သာဝတ္တိပြည်ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးဖော် ရဟန်းတစ်စု အချင်းချင်း မခေါ်မပြောနေထိုင်ကြသည်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုနည်းတူစွာပင် ဘုရားရှင်အား ဖူးမြှော်ကန်တော့သည့် အစဉ်အလာကို အစွဲပြု၍ မြန်မာ ဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်သည့်အခါ သက်ကြီးဝါကြီးများအား ပူဇော်ကန်တော့သည့် ဓလေ့ထုံးစံကောင်းတစ်ရပ်ပေါ်ပေါက်လာခဲ့သည်။
Thadingyut
Thadingyut is the seventh Myanmar month (in September-October) toward the end of the rainy season.
Lord Gautama Buddha preached The Abhidhamma to Maidawmi Nat ( reincarnate of His mother) in Tavatimasa Abode of celestial beings for three Lenten months and returned to the abode of men on the full-moon day of Thadingyut. The king of Celestials created gold, silver, ruby stairways for him. Buddha took the middle ruby one radiating six hues of aura. The nats came along by the right gold stairways and the brahmas by the left silver stairways.
On account of that , Myanmar Buddhists celebrate the full-moon day with multi-coloured illuminations. It is also called Tavatimsa Festival after the tavatimsa Abode of the nats and the Myintmo Lights Festival after the Mount Myinmo there.
For the Sangha it is the the time for what is known as Pawayana, which means inviting , entreating, urging. In practice since the times of Buddha, it is to beg on another for forgiveness of any action that might have displeased any other among Sangha. There is also the practice among laity of paying obeisance to parents and elders.
အားလုံးကိုချစ်ခင်လေးစားလျှက်...
6 comments:
  1. ပထမဆုံးရောက်လာပါတယ်။ ဟိဟိ
    ပျော်လိုက်တာ။ သီတင်းကျွတ်အကြောင်းလေး သေချာနားမလည်မသိပဲ ပျော်ပဲပျော်ခဲ့ရတာ ခုတော့ ကျေးဇူးတင်စွာ ဖတ်သွားပါကြောင်းးးးးးးးးးး
    ReplyDelete
  2. မပန်းကဗျာ မေ ၁၆ တို့ရေ
    သရုပ်ဖော်ပုံလေးကလှ စာလေးကလည်းတန်ဖိုးရှိတာဗျာ
    ကျေးဇူးပါ
    ခင်မင်စွာဖြင့်
    သီဟသစ်
    ReplyDelete
  3. ရှေးရှေးကဗျာကောင်းလေး တစ်ပုဒ်ဖတ်ရလို.ကျေးဇူးပါ အမတို.ရေ
    ReplyDelete
  4. သီတင်းကျွတ်ရာသီဖွဲ့လေးဖတ်ရတဲ့အတွက် သာယာကြည်နူးမိပါတယ်။
    ReplyDelete
  5. မှတ်သားဖွယ်ကောင်းပါတယ် လူကြီးသူမတွေကို ပူဇော်ကန်တော့တဲ့ပွဲတော်လေးအကြောင်းကို အခုမှ ပြည့်ပြည့်စုံစုံသိလိုက်ရလို့ ကျေးဇူးအထူးပင်တင်ရှိပါကြောင်း
    ခင်လျက်
    ReplyDelete
  6. သီတင်းတောင် ကျွတ်ပြီလား... မေ့တောင်နေပြီဗျာ...။
    ReplyDelete
အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .
ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။