ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ညစ်နေတာတွေသစ်သွားအောင်



အလုပ်ကြောင့်၊ မိသားစုကြောင့်၊ မိတ်ဆွေတွေကြောင့်၊ ချစ်သူကြောင့် စိတ်ရှုပ် နေသူတွေအတွက် အောက်ပါနည်းလေးတွေကို အသုံးချပြီး လူသစ်၊ စိတ်သစ်နဲ့ သောကတွေကို ဖျောက်ကြည့်ဖို့ ကြိုးစား ကြည့်ပါနော်. . .

- စောစောထ၊ ရေချိုး ၊ စတိုင်ကျပြီး ဆွဲဆောင်မှုရှိမယ့် ၀တ်စုံကို စမတ်ကျကျ ၀တ်ဆင်ပါ.

- လေ့ကျင့်ခန်းလုပ်ခြင်းသည် စိတ်ညစ်တာတွေ၊ ဒေါသထွက်တာ၊ အလိုမကျတာ ၊ မကောင်းမြင်တာ၊ အဖျက်စိတ်တွေကို အားပေးတဲ့ ဟော်မုန်းတွေကို လျော့ပါးစေပါတယ်. (လေ့ကျင့်ခန်းလုပ်နည်းလည်း တင်ထားပါတယ် တစ်ခါတည်းဖတ်သွားပါနော် )

- သင့်ရဲ့စိတ်အာရုံတွေကို စာပေထဲမှာ နှစ်မြုတ်ပြီး စိတ်ညစ်စရာတွေ မစဉ်းစားမိအောင် နေကြည့်ပါ.

- တရားထိုင်ခြင်းကလည်း စိတ်ကို တည်ငြိမ်စေပါတယ်.

- မိတ်ဆွေသူငယ်ချင်းများနဲ့ ပျော်ပျော်ပါးပါး သွားလာပါ၊ ဈေးဝယ်ထွက်ပါ၊ ရုပ်ရှင်ကြည့်ပါ.

-ရယ်မောခြင်းဟာ လည်း စိတ်ကြည်လင် လန်းဆန်းစေပါတယ် . . .

စာဖတ်သူများ စိတ်ပေါ့ပါးပြီး လန်းဆန်းပါစေ..

အားလုံးကိုချစ်ခင်လေးစားလျှက်...





8 comments:

  1. အဲ ... စောစောထ၊ ရေချိုးပြီးပြီ၊ စတိုင်ကျပြီး ဆွဲဆောင်မှုရှိတဲ့ ၀တ်စုံ ရှိဝူးဗျ၊ ဒုက္ခပဲ။ (စိတ်ညစ်တဲ့ထဲမှာ အဲဒါလည်းပါတယ် :P)

    ဟုတ်၊ မှတ်သားသွားပါတယ်။ ဈေးဝယ်ထွက်၊ ရုပ်ရှင်ကြည့် စတဲ့ ပိုက်ပိုက်ကုန်တဲ့ နည်းတွေကလွဲလို့ ကျန်တာလေးတွေ လုပ်ကြည့်ပါ့မယ်။ အဟီး :D

    ခင်မင်လေးစားလျက်

    ReplyDelete
  2. စိတ်ညစ်သက်သာစေမဲ့ နည်းလမ်းလေးတွေ ညွန်ပြပေးတာ ကျေးဇူးပါ။
    အားလုံးလေ့ကျင့်သင့်တယ်နော်။

    ပျော်ရွှင်ပါစေ သယ်ရင်း

    ReplyDelete
  3. အဲပုံလေးက တူလိုက်တာ ညခင်းနဲ့
    ခွေလေးကို ကြိုးနဲ့ဆွဲခါ ခေါ်သွားမလား...အဟတ်
    shopping သွားဖို့ ပိုက်ပိုက်လိုပါတယ်။
    မပန်ကဗျာ ရှိသေးရင်နဲနဲပေးပါ။

    ReplyDelete
  4. အဲဒီထဲမှာ အရက်သောက်တာကော မပါဘူးလားဗျ။ သောက်လိုက်ရင်လည်း ညစ်နေတာတွေ သစ်သွားတတ်ပါတယ်ဗျ ဟီးဟီး။

    ReplyDelete
  5. ညစ်နေတာသစ်
    ပန်းနေတာလန်းစေဖို့ စာလေးဖတ်သွားပါတယ်

    ReplyDelete
  6. အမတို.ရေးတာလေး ဖတ်ရတာတော. ကောင်းတယ်ဗျာ ... ဒါပေမဲ.
    ခုအနော်က စောစောထ အိပ်ရေးပျက် ကျောင်းတက်ဖြစ်နေရတော.
    အော်တိုလန်းနေတယ် ဟဲဟဲ ...

    ReplyDelete
  7. ဟုတ်တယ် ညီမလေး... ဒီအချက်တွေက တကယ်လုပ်ကြည့်ရင် တကယ်အကျိုးရှိတာတွေပါ... စောစောထ ရေချိုး ကိုယ့်ဘာသာ ကျေနပ်စေမယ့် အဝတ်အစားလေးတွေ ဝတ်တာမျိုးတွေပေါ့ (အစ်မကတော့ စောစောထနိုင်ဖို့ တော်တော်ကို ကြိုးစားရပါတယ်း) တရားထိုင်တာကတော့ အထူးပြောစရာမလိုအောင် စိတ်ကို ငြိမ်းချမ်းတဲ့ ချမ်းသာအစစ်ကို ပေးပါတယ်။ ဝေမျှပေးတာ ကျေးဇူးတင်ပါတယ် ညီမလေး flowerpoem ရေ...

    ReplyDelete
  8. စိတ်ညစ်တာတွေ များများပျောက်စေချင်ရင်တော့ တရားနာတာအကောင်းဆုံးဖြစ်မယ်ထင်တယ်အစ်မ.. အစ်မပေးတဲ့ အကြံလေးတွေလည်း လိုက်လုပ်နိုင်ရင် အကျိုးများပါတယ်... ကျန်းမာပျော်ရွှင်ပါစေအစ်မ...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။