ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ငါးမိနစ်နှိပ်နယ်နည်း

ခုတစ်လော မေ16 တစ်ယောက် ခြေဖ၀ါးတွေနာ၊ လက်တွေ ကိုက်ပြီး ကွန်ပျူတာရှေ့မှာ အထိုင်များလို့လား မသိဘူး ခါးတွေ၊ ကျောတွေပါ အောင့် နေပါတယ် ဆရာဝန်ဆီသွားရမှာလည်း တီကောင် ဆားနဲ့တို့သလို တွန့်ပါတယ်. . . ဒါနဲ့ သက်သာအောင် လုပ်ဖို့နည်းလမ်းတွေကို လိုက်ရှာလိုက်တော့ ကျန်းမာရေး ဆောင်းပါးထဲမှာ နည်းလမ်းကောင်းလေး တွေကို တွေ့တာနဲ့ ကိုယ်တိုင်လည်း လုပ် စာဖတ်သူများကို လည်း ဗဟုသုတ အဖြစ်မျှဝေလိုက်ပါတယ်. . .


၁။ ခြေသလုံး ကြွက်သားတွေ တောင့်တင်းတာ သက်သာအောင် ကြမ်းပြင်ပေါ်မှာ ခြေထောက်ဆင်းထိုင်ပါ. . လက်သီးဆုပ်ကာ လက်ဆစ်ထိပ်တွေနဲ့ ပေါင်ပေါ်ဖိပြီး ဒူးခေါင်းဆီသို့ တဖြည်းဖြည်းရွေ့သွားပါ. လက်ဆစ်ထိပ်တွေကို ဖိပြီး နဂိုနေရာသို့ ပြန်ရွှေ့ပါ. . . မိမိနာကျင်ကိုက်ခဲ့တဲ့နေရာတွေကို အာရုံထားပြီး တစ်မိနစ်ခန့် နှိပ်သွားပါ. . . . .


၂။ လက်ဖျံကိုက်ခဲတာ သက်သာအောင် ဘယ်ဘက်လက်သီးဆုတ်ကာ ပုံမှာ ပြထားတဲ့အတိုင်း တံတောင်ဆစ်ကို ကွေးထားပါ. . ညဘက်လက်မကို အပေါ်ဘက်ထားပြီး ညာဘက်လက်မှ ဘယ်ဘက်လက်ဖျံကို ဆုပ်ကိုင်ပါ. . ဘယ်ဘက်လက်ဖျံကို လှည့်ပေးပါ. . . လက်ဖ၀ါးကြမ်းပြင်ဘက် လှည့်သွားပြီး နဂိုနေရာပြန်ထားပါ. . စက္ကန့်၃၀ ခန့် ဆက်လုပ်ပါ. .. နာကျင်တဲ့နေရာတွေဆီ ညာဘက်လှည့်ရွှေ့သွားပါ. . နောက်တစ်ဖက်ကိုပြောင်းလုပ်ပါ.


၃။ ခါးနာတာသက်သာအောင် ထိုင်ခုံ တစ်ခုပေါ်ထိုင်ပြီး ခြေဖ၀ါး ကိုကြမ်းပြင်နဲ့ ထိထားပါ. . လက်မောင်းကို နောက်ဘက်ကွေးကာ လက်သီးဆုပ်ပြီး ပုံမှာပြထားတဲ့အတိုင်း နောက်ကျော်နေရာမှာထားပါ.. ခါးရိုးတစ်ဖက်တစ်ချက် ခါးအောက်ပိုင်းနေရာကို လက်သီးနဲ့ စက်ဝန်းပုံနှိပ်နယ်ပါ. . တစ်မိနစ်ခန့် နေရာရွှေ့ပြီး လုပ်ပေးပါ. .



၎။ ခြေဖ၀ါးနာကျင်တာ သက်သာအောင် ထိုင်ခုံတစ်ခုပေါ်ထိုင်ပြီး ဘယ်ဘက် ခြေဖ၀ါးအောက်မှာ တင်းနစ်ဘောလုံးထားပြီး ခြေဖ၀ါးကို ကြမ်းပြင်ပေါ်ထားပါ. . ခြေဖ၀ါးကိုကြမ်းပြင်ပေါ် ရှေ့နောက် စက္ကန့် ၃၀ ခန့်လှည့်ပါ ခြေဖ၀ါးကို ပြောင်းလုပ်ပါ. . .

အချိန်မကုန် ငွေမကုန်ပဲ အထက်ပါနည်းလမ်းများဖြင့် ဝေဒနာများ သက်သာပျောက်ကင်း ကြပါစေရှင်.

ကျန်းမာရွှင်လန်းကြပါစေ. . .

အားလုံးကိုချစ်ခင်လေးစားလျှက်...

10 comments:

  1. ဒီလို စာလေးတွေကို တကူးတက ရိုက်တင်ပေးတာ ကျေးဇူးတင်ပါတယ် မမေလေးရေ...
    စာကြည့်တိုက်လေးက သုတရသအစုံစုံနဲ့ သဘောကျလိုက်မိပါတယ်။

    ReplyDelete
  2. ၀ါးးးးးးးးးး တန်ဖိုးရှိတယ်..မက်မက်တို့လို ကွန်ပြူတာရှေ့မှာ
    အချိန်ဖြုန်းနေတဲ့သူတွေအတွက်အဖိုးတန်တဲ့ ပို့စ်လေးတစ်ခုပဲ....
    ကျေးဇူးတီတီရေ

    လေ့ကျင့်ခန်း သွားလုပ်လိုက်ဦးမယ်...

    အာဝါးးးးးးးးးးးးးးးးးး

    ReplyDelete
  3. ကျေးဇူးဗျို့။ သမီးကော်ပီလုပ်သွားတယ်။ သမီးက အဲ့လိုပဲ ခြေတွေလက်တွေ အရမ်းနာတာဗျ။ ဒါပေမယ့် ပျင်းနေတာလေ လုပ်ရမှာကို အဲ့တော့ ဖြစ်မှပဲလုပ်တော့မယ် စိတ်ချရအောင် ကူးသွားတယ်။ ကျေဇူးဗျို့။
    ပျော်ရွှင်ပါစေ
    ခင်မင်လျှက်
    ညီမလေး ပါးလုံး

    ReplyDelete
  4. ကျွန်တော်တော့ တစ်ခုအကြံရသွားတယ် သိတယ်ဟုတ် :)))

    ReplyDelete
  5. ဟဲဟဲ ညီမလုပ်တာ ပြောပြမယ် အိပ်လိုက်လေ နိုးလာတော့ လန်းလန်းဆန်းဆန်းပဲ ဟိဟိ

    ReplyDelete
  6. တန်ဖိုး ရှိတဲ.ပို.စ် အမရေ ... စမ်းကြည်.အုံးမယ် ... :)

    ReplyDelete
  7. ကျနော်ကတော့ အက်ပရင်ကို ပဲလှော်စားသလို စားပြီး စက်ရှေ့က မထတမ်းထိုင်တာ အေးရော.. ဟိ

    ReplyDelete
  8. အခုလိုပြောပြတာ ကျေးဇူးမေလေးရေ ၀ိုင်းလည်း အချိန်ရရင် လေ့ကျင့်ခန်းလုပ်မှပဲ....

    ReplyDelete
  9. အမရေ... ထပ်ရောက်တော့လဲ လေ့ကျင့်ခန်းလေး ထပ်လုပ်ဖြစ်တာပေါ့

    ReplyDelete
  10. ဒီလိုပို့စ်တွေကျတော့ ကျနော်တို့လို အညောင်းထိုင်သမားတွေအတွက် အင်မတန်အသုံးတည့်စေပါတယ် နောင်လဲ ရေးသားပါဦး ဒီနည်းတွေကို အလွတ်ကို ကျက်မှတ်သွားပါတယ်ဗျာ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။