ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အဖြည့်ခံ(သို့)ခံပွင့်



အဖြည့်ခံ(သို့)ခံပွင့်


ခံပွင့်ခိုင် နုနုထွေး
ပန်းမုလေး ပမာနှယ်
ပန်းနုသွေးခြယ်
သီးခိုင်လှ ပန်ချင်ဖွယ်
လုံမငယ် သူထင်ငြား၊
နံ့မကြွယ် ဆူးထောင်ကား
ဆွတ်ငင်သူရှား။

ပန်းစံပယ် အခါလင့်
နန်းမယ့်ခင့် ဗျာပါကြွယ်
ဖွေမော ရှာတယ်၊
အလိုက်သင့် ခံပွင့်ငယ်
ပန်းစံပယ် ပမာလား၊
ကေသာဝယ် ၀ိုးတ၀ါး
ထင်ယောင်ယိုးမှား။

ပန်းစံပယ် လှိုင်လှိုင်ဖွေး
ခံပွင့်ထွေး ငယ်မျက်နှာ
ရွေ့ဖယ်ရရှာ၊
အဆင်းက လှအားသာ
ပင်ကိုယ်မှာ ချွန်မြမြ
သင်းပြေပြေ ယဉ်စစ
ဖြည့်ခံဘ၀။

ကျော်စောဟန်

အားလုံးကိုချစ်ခင်လေးစားလျှက်...





12 comments:

  1. ကြိုက်လိုက်တာ ခံပွင့်ကဗျာလေး။ ကောင်းနေရော ။ ကူးသွားတယ်နော် ကိုယ်က ခံပွင့်ဖြစ်တဲ့ခါလည်းရှိ၊ ခံပွင့်လို သုံးလိုက်ရတာလည်းရှိ။။။ကျေးဇူးပါ ကိုယ်တော်တော်ကြိုက်တယ်။

    ReplyDelete
  2. လောကဓမ္မတာ သဘောတရားတွေနဲ့ ကဗျာချိုချိုလေးကို နှစ်သက်စွာဖတ်သွားပါတယ်။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  3. ကောင်းလိုက်တဲ့ ကဗျာလေး ခံပွင့် ရယ် စံပယ်ပွင့်ရယ်
    ကဗျာကိုတော့ ဘယ်လိုခေါ်ရမယ်မသိပါဗျာ အဲလို ကဗျာလေး
    တွေလွမ်းနေတာ ကောင်းချင်ကယ်
    ကျေးဇူး
    အေးမြသာယာပါစေ :D

    ReplyDelete
  4. ဖတ်ပြီးတော့ ဘာကိုမှန်းမသိ လွမ်းသလိုလို ဖြစ်သွားတယ်။ ကဗျာကောင်းလေး ပြန်ဝေမျှပေးလို့ ကျေးဇူးပါပဲ ညီမလေးရေ။ အစ်မကတော့ ခံပွင့်လေးတွေကို အမြဲချစ်တယ်...

    ReplyDelete
  5. ငယ်ငယ်တုန်းက စပယ်နဲ့ ခံပွင့်ကဗျာလေးကို သတိရသွားတယ်ဗျာ


    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  6. ဒန်ဒန် ကဗျာချည်း ဖတ်နေရလို့ အခုလို ကဗျာလေး ဖတ်လိုက်ရတာ အရသာတစ်မျိုးပါပဲ။ ပန်းစံပယ်နန်းလယ်.မပေါ်ခိုက်..လား ဘာလား မသိဘူး ရှေးကဗျာတစ်ပုဒ်နဲ့ ဆက်စပ် အရသာခံလိုက်ရင် တော်တော် နိပ်တယ်ဗျာ

    ReplyDelete
  7. အင်မတန်ကို ရသမြောက်တဲ့ ကဗျာလေးပါပဲခင်ဗျာ..
    ကဗျာဆရာကိုရော တင်ပြပေးသူကိုပါ ကျေးဇူးတင် လေးစားပါတယ်..
    ပျော်ပါစေ

    ReplyDelete
  8. ပန်းစံပယ်က တကယ်သနားစရာလေးနော်။
    အဖြည့်ခံရင်း အမွှေးရနံ့တွေ ထုံသင်းစေတယ်၊ ခရေပန်းလိုမျိုးပေါ့။

    ပန်းကဗျာလဲ ပန်းလို ခံစားတတ်နေပြီထင်တယ်။

    ပျော်ရွှင်ချမ်းမြေ့ပါစေ။

    ReplyDelete
  9. အလုံးစပ် ကဗျာလေးတွေ မဖတ်ရတာ တော်တော်ကြာခဲ့ပြီး ဖတ်လိုက်ရတာ အနှစ်သာရ ရှိလိုက်တာဗျာ . . . . ကောင်းလိုက်တဲ့ ကဗျာလေးပဲ ခံစားချက် အပြည့်အ၀ ခံစားလိုက်ရပါတယ်ဗျာ

    ReplyDelete
  10. ပန်းစံပယ်နန်းလယ်.မပေါ်ခိုက်ဟာမို့ 
    အလိုက်တော်တန် သင့်ရုံပ ခံပွင့် ကိုကုံး..
    နန်းရဝေ မန်းမြေ မှာ စပယ်လှိုင်တော့
    ခံပန်းခိုင် ယာယီ ရွှေ့ တယ် ..
    တောလေ့ရွာသုံး

    ReplyDelete
  11. ပန်းစံပယ်နန်းလယ်.မပေါ်ခိုက်ဟာမို့ 
    အလိုက်တော်တန် သင့်ရုံပ ခံပွင့် ကိုကုံး..ဟုတ်တယ်
    ဒီကဗျာလေးရဲ. ခံစားချက်ကို မော်ဒန်အဖြစ် ပြုပြင်
    ထားတယ်လို. ခံစားရပါတယ် ...

    ReplyDelete
  12. ကောင်းလိုက်တဲ့ကဗျာလေးဗျာ မြန်မာ့မူ မြန်မာ့ဟန်လေးနဲ့ ရှားရှားပါးပါး ကဗျာလေးပါပဲဗျာ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။