ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဂရုဓမ္မအခါတော်နေ့

မနက်ဖြန်မှာကျရောက်မယ့် "တော်သလင်းလပြည့်ဂရုဓမ္မအခါတော်နေ့" ကျင်းပရခြင်း အကြောင်း ကို ရေးသားတင်ပြပါ့မယ်. . . .
ဂေါတမမြတ်စွာဘုရား နုစဉ်အခါက အိန္ဒိယနိုင်ငံ ကုရုတိုင်းမှာ နေကြတဲ့သူတွေဟာ လူတိုင်းကိုယ်စီ ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းကြတဲ့ အတွက် သူတို့တိုင်းပြည်မှာ မိုးလေ၀သမှန်ကန်ပြီး ကပ်ကြီးသုံးပါးမှ လွတ်မြောက်နေပါတယ်..
ကုရုတိုင်းမှာ မိုးလေ၀သ ညီမျှစွာ ရွာသွန်းနေချိန်မှာ ကာလိင်္ဂတိုင်းပြည်မှာတော့ မိုးခေါင်ပြီး ကပ်ကြီးသုံးပါး ဆိုက်ရောက်လို့ လူရော တိရစ္ဆာန်တွေပါ ဒုက္ခရောက်ကြရပါတယ်. . . ရှေးမင်းများ ထုံးစံအရ မိုးရွာအောင် အလှူပေးပြီး ဘုရင် ကိုယ်တိုင် ဥပုသ်ဆောင်ဝင်၍ ဥပုသ်သီလာစောင့်ပေမယ့် မိုးကမရွာဘဲနေပါတယ်. .
ကုရုတိုင်းမှာ မိုးရွာနေတာ အဉ္စန၀ဏ္ဏဆင်တော်ကြီးရှိလို့ရွာတာပဲလို့ အယူရှိကြပြီး ဆင်ကြီးကိုရရှိအောင် ကိုယ်စားလှယ်လွှတ်ပြီး ရွှေနှင့်လဲပါလို့ တောင်းဆိုပါတယ်..ဒီတော့ ကုရုဘုရင်က စာနာထောက်ထားပြီး သင်တို့တိုင်းပြည်မှာ မိုးရွာမယ်ဆိုလျှင် ငါ၏ ဆင်တော်ကြီးကို ရွှေနဲ့မရောင်းပဲ အခမဲ့ မေတ္တာလက်ဆောင် ပေးပါမယ် ဆိုပြီးပေးလိုက်ပါတယ်. . . ဆင်ကြီးရောက်တော့လည်း ကာလိင်္ဂတိုင်းမှာ မိုးကမရွာဘဲ ခေါင်မြဲခေါင်နေပြန်ပါတယ်...
ဒီတော့မိုးမရွာတာဟာ ဆင်နဲ့ ဘာမှ မပတ်သက်ဘူး၊ သူတို့ တိုင်းပြည်သားတွေ ကျင့်သုံးတဲ့ ကုရုဓမ္မကြောင့်သာ ဖြစ်တယ်လို့သဘောပေါက်ပြီး အဲဒီတရားကို ရွှေပြားပေါ်မှာကူးခဲ့ရမယ်လို့ ကိုယ်စားလှယ်တော်ကြီးများကို ထပ်မံစေလွှတ်ပြန်ပါတယ်...

ကုရုတိုင်းမှာ တစ်ပြည်လုံးငါးပါးသီလာမြဲကြတဲ့အနက်-
၁။ ဘုရင်ရယ်၊
၂။ မယ်တော်ကြီးရယ်၊
၃။ မိဖုရားကြီးရယ်၊
၎။အိမ်ရှေ့မင်းရယ်၊
၅။ပုရောဟိတ်ကြီးရယ်၊
၆။မြေတိုင်းအမတ်ရယ်၊
၇။ရထားထိန်းရယ်၊
၈။ လယ်ပိုင်ရှင်ကြီးရယ်၊
၉။ တင်ခြင်းအမတ် ၊
၁၀။တံခါးမှူးရယ်၊
၁၁။ပြည့်တန်ဆာမရယ်-

အဲဒီပုဂ္ဂိုလ် ၁၁ ဦးဟာ ငါးပါးသီလကို ထူးထူးခြားခြား စောင့်ကြတဲ့ အတွက် သူတို့ထံမှ ငါးပါးသီလကို ရွှေပြားပေါ်မှာ ရေးပြီးတောင်းလာခဲ့ပါတယ်..
ကုရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို ရှင်ဘုရင်ကစပြီး တစ်တိုင်းတစ်ပြည်လုံး ကျင့်သုံးကြတဲ့အခါမှာ မိုးတွေရွာသွန်းပြီး ကာလိင်္ဂတစ်တိုင်းလုံး ကပ်ကြီးသုံးပါးမှာ လွတ်ကင်းပြီး သာယာဝပြောတဲ့ နိုင်ငံဖြစ်လာပါတယ်. .
ဂရုဓမ္မဇာတ်တော် ပေါ်ပေါက်လာရခြင်းမှာ မိုးတွင်းကာလမှာဖြစ်၍ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ (ငါးပါးသီလ) အခါတော်နေ့အဖြစ် ကျင်းပရခြင်းဖြစ်ပါတယ်. . .
လူတိုင်းကိုယ်စီ ငါးပါးသီလ မြဲကြပါစေရှင်...

ငါးပါးသီလ အကျိုးနှင့်အပြစ်များကို ဖတ်ရှူလိုလျှင် ညခင်းနှင့်လမင်း မှာ ဆက်လက်ဖတ်ရှူနိုင်ပါတယ်ရှင်..

မာဂဓီ

အားလုံးကိုချစ်ခင်လေးစားလျှက်...





12 comments:

  1. ငါးပါးသီလကိုမြဲအောင်တော့ကျင့်ကြံနေတုန်းဘဲဗျာ ဗဟုသုတလေးအတွက်
    ကျေးဇူးပါဘဲ...

    ReplyDelete
  2. ခါးဝတ်ကဲ့သို့ မြဲသင့်သော သီလ၊ ဖြူဖြူမည်းမည်း နူနူဝဲဝဲစောင့်
    ထိန်းမရမည့်သီလ၊ လူဟု မှန်သောသူတိုင်း စောင့်ထိန်းရ မည့်
    သီလ၊ဖြစ်သော ငါးပါးသော သီလ တို့ ကို စောင့်ထိန်းကြလျှက်
    မြန်မာ အမျိုးကောင်းသား အမျိုးကောင်းသမီး တို့ သည် သုံးပါး
    သော ကာလတို့ တွင် ရောက်လေရာ အရပ်တိုင်း၌ ချမ်းသာ ခြင်းဖြင့်သာ ပြည့်စုံကြပါစေကုန်သော် .... သာဓု သာဓု သာဓု
    ခင်မင်လျှက်
    အေးမြသာယာပါစေ
    ရန်ကုန်သား

    ReplyDelete
  3. ဖတ်သွားပါပြီ ငါးပါးသီလပဲ စောင့်တော့မည်။

    ဒီ

    ReplyDelete
  4. မသိဘူးဗျ. အရင်က ..ဟီး... ခုမှသိတာ... မှတ်သားစရာပါပဲဗျာ..။

    ReplyDelete
  5. အခုလို ရေးသားတင်ပြပေးတာ ကျေးဇူးတင်ပါတယ် အစ်မတို့။

    ၉။စပါးချိန်တဲ့သူ

    ကျန်ခဲ့တယ် ထင်ပါတယ်။

    သီလတွေ စောင့်ထိန်းပြီး သီလ သမာဓိ ပညာဆိုတဲ့ ဒေသနာ အစဉ်အတိုင်း ကျင့်ကြံနိုင်၍ ကောင်းကျိုးချမ်းသာများ ရရှိခံစားနိုင်ပါစေ။

    ReplyDelete
  6. ဒီဇာတ်ကြောင်းလေးကို အရှင်ဆန္ဒာဓိကရေးတဲ့..လောကတွင်အကောင်းဆုံး
    သောအရာဆိုတဲ့စာအုပ်ထဲမှာဖတ်ဖူးတယ်...အခု ထပ်ပြီးဖတ်သွားပါတယ်...ဗျာ...

    ReplyDelete
  7. ဒါကြောင့် ထင်တယ် ရန်ကုန်မှာလည် ရွာလိုက်တဲ့မိုးး
    ပုသိမ်မှာလဲ ရွာလိုက်တဲမိုးးး

    မြန်မာတစ်ပြည်လုံး ရွာလိုက်တဲ့မိုးးး

    ReplyDelete
  8. ကိုကိုအောင်ဦးကြီးပြောတော့မှ
    သေသေချာချာပြန်ကြည့်ရတယ်
    ဒါပေမဲ့ တင်းခြင်သူနဲ့ စပါးချိန်သူ တူတူပဲထင်တယ်နော်။ ဟီး
    သိဘူး ရှာရှည်သွားပြီ။

    ကျေးဇူးတင်ပါတယ် မမပန်း
    ပိစိ အသေးလေး

    ReplyDelete
  9. ဂရုဓမ္မအခါတော်နေ့ပိုစ့်လေးအတွက်.. လာရောက် သာဓုခေါ်သွားပါတယ်.. နေ့ကောင်းနေ့မြတ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေအစ်မ...

    ReplyDelete
  10. ဂရုဓမ္မအခါတော်နေ့ဖြစ်ပေါ်ပုံလေး ဗဟုသုတရပါတယ်။
    လစဉ်ရဲ့  ရာသီအချိန်အခါလေးရောက်တိုင်း ပြည့်ပြည့်စုံစုံဖော်ပြပေးလို့ ကျေးဇူးတင်ပါတယ်။ နောက်ဆို နေ့ရက်ရက်ကြီးတွေအကြောင်းသိချင်ရင် ဧရာဝတီစာကြည့်တိုက်ကိုဘဲ လာခဲ့တော့မယ်။ အများပြည်သူတို့ကိုလဲ ဧရာဝတီကိုသွားကြပါလို့ ကြော်ငြာဝင်လိုက်ဦးမယ်။

    ရွှင်လန်းပါစေ။

    ReplyDelete
  11. နောက်ကျပေမယ့် ဗဟုသုတတိုးစေတဲ့ Post လေး ဖတ်သွားပါတယ်ဗျာ

    ReplyDelete
  12. By the way , how can be the Prostitute has maintained the 5 par thi la ???

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။