ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
မရင့်ကျက်မီ
မရင့်ကျက်မီ
သူ၏အမှား၊ ငါ့အမှားနှင့်
စကားချင်းပြိုင်၊ ဓားချင်းဆိုင်၊
သူ၏မာန၊ ငါ့မာနနှင့်
ဒေါသပေါက်ကွဲ၊ မောဟကဲ။
သူ့ဘက်သူယက်၊ ငါ့ဘက်ငါယက်
ကောင်းကွက်တွေဖယ်၊ အားသွန်ဆွဲ၊
ချစ်ခြင်းကင်းမဲ့ ထိုလွန်ပွဲ။
အို - စေ့စေ့တွေးကာ၊ မြင်ကြည့်ပါမှ၊
ငါသည်လည်းရှူံး၊ သူလည်းရှူံးနှင့်၊
အမုန်းလှိုင်လှိုင်၊ မဆုံးနိုင်ဟု ၊
ဆုပ်ကိုင်ပါမိ၊ သိပင်သိငြား ၊
အသိနောက်ဝယ်၊ မာန်ကြိုးနွယ်ထဲ
နုနယ်သေးသည် မဟုတ်လား။
ဆရာမောင်စိမ်းနောင်(လယ်ဝေး)
အားလုံးကိုချစ်ခင်လေးစားလျှက်...
4 comments:
  1. အို - စေ့စေ့တွေးကာ၊ မြင်ကြည့်ပါမှ၊
    ငါသည်လည်းရှူံး၊ သူလည်းရှူံးနှင့်၊
    အမုန်းလှိုင်လှိုင်၊ မဆုံးနိုင်ဟု ၊
    ဆုပ်ကိုင်ပါမိ၊ သိပင်သိငြား ၊
    အသိနောက်ဝယ်၊ မာန်ကြိုးနွယ်ထဲ
    နုနယ်သေးသည် မဟုတ်လား။
    ဟုတ်တယ်အမရေ...
    အသိတစ်ခုတော့ရသွားတယ်ဗျာ..။
    ReplyDelete
  2. မမြဲ မာန၊ လွဲ အတ္တ ကြောင့်
    ဇွတ်တိုးကာ မိုက်ကြတယ် ရှုံးဘယ့် လူသား။
    အဟီး .. ဘာမှတော့ မဟုတ်ပါဘူး၊ လျှောက်စပ်ကြည့်တာ။ ကဗျာကောင်းလေး ကို ကော်ပီကူးသွားပါတယ်။
    ခင်မင်လျက်
    ReplyDelete
  3. ကဗျာကောင်းကလေးကို ဝေမျှပေးတဲ့အတွက်
    ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ
    ReplyDelete
  4. ကဗျာကောင်းလေးမို့  သိမ်းထားခွင့်ပြုပါနော်
    ညီမလေး
    ပန်းခင်း
    ReplyDelete
အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .
ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။