ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

တော်သလင်းလဖွဲ့

" တော်သလင်းလဖွဲ့"

ရေယာဉ်စမ်းငယ်နှင့်၊ သောင်ကမ်းငယ်ပြည့်လျှံ၊
မြစ်လုံးငယ်ညံသည်၊ လှော်တက်သံ မြိုင်မြိုင်နှင့်၊
လှေပြိုင်ပွဲကျင်းတဲ့ လ ကိုလေး။
ကန်ရာသီငယ်၊ ခါမီသင့်စွာ၊
ဘွေအာကာမှာ၊ ပြုဗ္ဗာဘဒြပိုဒ်၊
ကြက်ညီနောင် တောင်တ၀ိုက်က၊
ရေလိုက်ကယ်သဘင်၊
စံစပယ်ရွှင်ညော့ခါ၊ မြိုင်ခွင့်လုံး ကန္တာမှာ၊
ရွှေယင်းမာ ပန်းတော်မင်းက၊
သင်းလှတယ်လေး။

(မဟာအတုလမင်းကြီး၏ ဆယ်နှစ်လရာသီဖွဲ့လွမ်းချင်း)

တော်သလင်းလ

တော်သလင်းလသည် မြန်မာတို့ရာသီတွင် ခြောက်လမြောက်ဖြစ်ကာ သြဂုတ်လ၊ စက်တင်ဘာလများတွင် ကျရောက်သည်။ "တော်သလင်းနေ၊ ပုစွန်သေ" ဟူသော စကားအတိုင်း ငါးငယ်၊ ပုဇွန်ငယ်လေးများပင် သေလောက်အောင် နေမင်းသည် ပြင်းပြစွာ ထွန်းလင်းတောက်ပသည်။

ထိုလတွင် "တော်သလင်း၊မြစ်တွင်းသင်ဖြူးခင်း "အဆိုနှင့်အညီ ရေပြင်သည် ကြည်လင်သော ကောင်းကင်နှင့် လိုက်ဖက်စွာ လှိုင်းလေကင်းစင်သဖြင့် သင်ဖြူးဖြန့်ခင်းထားဘိသကဲ့သို့ ပြန့်ပြူးငြိမ်သက်လျက်ရှိသည်။

လှေပြုင်ပွဲသဘင်ကို ရေပွဲသဘင်၊ မြစ်ယံပွဲ စသည်ဖြင့် ခေါ်ကြသည်။ ဘုရင်မင်းမြတ်ကိုယ်တိုင် ဗိုလ်ပါ မှူးမတ်များ ခြံရံလျက် "ပြည်ကြီးမွန်" မည်သော လှေကြီးပေါ်တွင် လေညင်းခံကာ လှေပွဲသဘင်ကို ရှုစားတော်မူလေ့ရှိ၏ ။

လှေပြိုင်ပွဲကို ပျော်ပွဲသက်သက်မဟုတ်ဘဲ ရေတပ်မတော်သားများ၏ အရည်အသွေး တိုးတက်စေသောပွဲအဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။

Tawthalin

Tawthalin is the sixth month on Myanmar calendar. (August-September). It is a hot month, hot enough to kill small prawns.
The surfaces of water are like mat, free of waves. So it has been a tradition to hold regatta festivals since the times or ancient Myanmar kings.
It was graced by the king himself aborad golden Pyigyimon Barge, adorned by figures of fitty kings on each side as a symbol of a hundred kings owing allegiance to the monarch.
It was not just pageantry but an occasion for demonstrating the naval prowess of the Tatmadaw of ancient Myanmar kings.
The tradition was nearly dying out until government revived it with traditional regatta festivals held on Kandawgyi Lake.

အားလုံးကိုချစ်ခင်လေးစားလျှက်...

4 comments:

  1. ခွေးတွေရဲ့ ပွဲတော်လ ဆိုတာလဲ ထည့်ပြောဦးလေ... အဟီးဟီး

    ReplyDelete
  2. မှတ်သားစရာလေးမှတ်သားသွားကြောင်းပါ..ဘယ်လိုလဲအဆင်ပြေကြတယ်ဟုတ်အိမ်သစ်လေးနဲ့မိုက်တယ် အိမ်သစ်ဖွင့်ပွဲလုပ်ဦးလေ
    အဆင်ပြေပျော်ရွှင်ကြပါစေဗျာ

    ReplyDelete
  3. သြော် ... တော်သလင်း တောင်ရောက်ပြီကိုး။
    အဆင်ပြေကြတယ် မှတ်လား။
    နေကောင်း ကျန်းမာကြပါစေနော်။

    ReplyDelete
  4. တော်သလင်း လဖွဲ့လေး လာဖတ်ပါတယ် ..း)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။