ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ရှေးရေစက်


နာမည်ကျော် ဂျာမာန်ဂီတဆရာကြီး မင်ဒဲလ်ဇွန်း၏ အဘိုးဖြစ်သူ မိုးဇက်မင်ဒဲလ်ဇွန်း သည် အလွန်အရုပ်ဆိုး အကျည်းတန်သူတစ်ဥိးဖြစ်သည်. . . လူက အရပ်ပုပြီး ကျောမှာ ဘုကြီးတစ်ဘု ရှိကာ ခါးကုန်းနေသည်. . .
တစ်နေ့တွင် ဟမ်းဘွတ်မြို့ရှိ ကုန်သည်ကြီးတစ်ဦးထံ သူအလည်ရောက်ရှိသည်. . . ကုန်သည်ကြီးမှာ ဖရွမ်တီယဲ အမည်ရှိ သမီးချော တစ်ယောက်ရှိသည်. . သူကလေးကို မြင်တော့ မိုးဇက် အရူးအမူးချစ်မိသည်. . . သို့သော် ဖရွမ်တီယဲ အဖို့တော့ သူ့ရုပ်ကို မြင်ရသည်ကပင် အော်ဂလီဆန်ချင်စရာ. . .
မည်သို့ဖြစ်စေ ၊ ပြန်ကာနီး အချိန်မှာတော့ မိုးဇက် အားတင်းကာ အပေါ်ထပ်ရှိ သူမအခန်းဆီသို့ တက်သွားပြီး စကားပြောဆိုရန် ကြိုးစားသည်. . . သူမ၏ ရုပ်သွင်က ကောင်းကင်ဘုံက နတ်မိမယ်ပမာ တင့်တယ် လွန်းလှသည်. .
မိုးဇက် မှာ ရင်ထဲကြေကွဲလျက်နှင့်ပင် သူအကြိမ်ကြိမ်ကြိုးစား၍ သူ့ရင်ထဲက အကြောင်းကို ပြောရန် စကားစကြည့်သည်။ သို့သော် ဖရွမ်တီယဲ ကား သူ့ကို မျက်လွှာတစ်ချက် ပင့်၍မကြည့်ပေ.
နောက်တော့ ရှက်ရွံ့စွာပင် မိုးဇက် က စကားတစ်ခွန်းဆိုသည်. .
"အိမ်ထောင်ဖက်ဆိုတာ ကောင်းကင်ဘုံကရွေးချယ်ပေးလိုက်တဲ့ အတိုင်း ဖြစ်ရတယ်ဆိုတဲ့ စကားကို ယုံပါသလား ဟု. . . . " ဖရွမ်တီယဲ အား မေးတော့ . . ."ယုံတယ် ရှင်ကောတဲ့. . . . " သူမက ခေါင်းငုံ့လျှက်ပင် ပြန်ပြောသည်. .
"ကိုယ်လည်း သိပ်ယုံကြည်တာပေါ့. . . . "ဟု မိုးဇက် က ဆိုသည်. . . "ဒီမှာ ကို်ယ်ပြောပြမယ်. . . " ယောကျာ်းလေး တစ်ယောက် လူ့ပြည်ကို မွေးဖွားရောက်ရှိတော့မယ့် အခါ တိုင်း လူ့ပြည်မှာ သူနဲ့ ထိမ်းမြားရမယ့် မိန်းကလေးဟာ ဘယ်သူဘယ်ဝါပဲလို့ ကြေညာပေးလေ့ရှိတယ် ". . ကိုယ့်ကိုမွေးဖွားလာတဲ့ အချိန် ကိုယ်နဲ့ လက်ထပ်ရမယ့် မိန်းကလေးကို ပြပြီး ဖန်ဆင်းရှင်ကပြောတယ်. .
"မင်းရဲ့ ဇနီးသည်ကတော့ ကျောမှာ ဘုတစ်ခုနဲ့ ခါးကုန်းမလေး ဖြစ်နေရှာတယ်တဲ့. . အဲဒီတော့ ကိုယ်ကပြောလိုက်တယ် . . . မိန်းကလေးတစ်ယောက်အဖို့ ကျောမှာ ဘုနဲ့ ခါးကုန်းမလေး ဖြစ်ရရှာမယ်ဆိုရင် သိပ်ကို ကြေကွဲဝမ်းနည်းစရာပါ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် အဲဒါတွေကို ကျွန်တော်မျိုးရဲ့ကိုယ်ထဲ ထည့်ပေးလိုက်ပါ. . . သူ့ကို ချောမောလှပလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်အောင်သာ ဖန်တီးပေးတော်မူပါ လို့ . . . " ကိုယ်ပန်ကြားခဲ့တာပါ. . .
သည်စကားကိုကြားတော့ ဖရွမ်တီယဲ မျက်လွှာလေး ပင့်၍ကြည့်သည်. . သူမအာရုံထဲတွင် ရှေးအတိတ်က တွေ့ခဲ့ဖူးသည်. . . မိုးဇက် ရုပ်သွင်ကို ပြန်လည် အမှတ်ရသလိုမြင်လာသည်. . . မိုးဇက် ထံ သူမ၏လက်ကို ဆန့်တန်း၍ ပေးလိုက်သည်. . . ထို့နောက်မူ ခင်ပွန်းသည်အား တကယ်ပင်ချစ်ခင် စုံမက်သည့် ထာဝရ ကြင်ဖက်ဖြစ်သွားခဲ့လေသည်. . . .

ဖေမြင့်၊ Barry and Joyce Visselle (True Love)

အားလုံးကိုချစ်ခင်လေးစားလျှက်...





8 comments:

  1. အပြင်မှာရော ဒီလိုရှိနိုင်ပါ့မလား....။ ဒါပေမယ့် ဒီပုံပြင်လေးကတော့ ဖတ်လို့ကောင်းပါတယ်...။

    ReplyDelete
  2. ပုံပြင်လေးက ပညာပါလိုက်တာ။

    အပြောတတ်ရင် လိုချင်တာ ရနိုင်တယ်။


    ပညာတွေ ဝေငှနေတဲ့ ဧရာဝတီမိသားစု ပျော်ရွှင်ပါစေ။

    အပြောတတ်စွာနဲ့ အခက်အခဲတွေ ကျော်လွှားနိုင်ကြစေ။

    ဒီ

    ReplyDelete
  3. အင်း...တကယ့်ရှေးရေစက်ပဲနော်... အခုလို ဖော်ပြပေးတာ ကျေးဇူးပါ တီတီရေ

    ReplyDelete
  4. အင်း အနော်တို့ကိုတော့ ဘယ်လောက်ဆိုးဆိုး ကြိုက်မယ့်သူ ရှိတော့မှာဟုတ်တော့ဘူးထင်တယ်နော်၊ ဟိဟိ။ ဖူးစာက ပါသွားပြီကိုး........

    ReplyDelete
  5. အင်.... ဒီလိုလား.... ဟေဟေ ပြောကြည့်ဦးမှပဲ ဒါပေမဲ့ ဘုမရှိတာ ခက်တယ်....။ ဘယ်ဟာကို အကြောင်းရှာရမလဲ မသိဘူး.. စဉ်းစားလိုက်ဦးမယ်ဗျာ

    ReplyDelete
  6. ဖတ်ဖူးသလိုလိုဘဲ။ အရင်တစ်ခါ တင်ပြီးပြီလားမသိဘူး။ ထပ်ဖတ်ရတော့ ပိုမှတ်မိတာပေါ့လေ။

    ပျော်ရွှင်ပါစေ။

    ReplyDelete
  7. ကိုအိမ်ပြောသွားသလို ဘုမရှိပေမယ့် ဘူချည်းကျနေလို့ ခက်တယ်ဗျာ။ ဒီဇာတ်လမ်းလေး အခုမှ ဖတ်ဖူးတာ။ သူများတွေက တော်ကီကောင်းတဲ့သူ ယူသွားနိုင်သပေါ့လို့ ဆိုပေမယ့်၊ ဖူးစာလို့လဲ မှတ်ယူနိုင်စရာပါပဲ။ ဘာပဲဖြစ်ဖြစ် ပေးချင်တဲ့ မက်ဆေ့ဂ်ျတွေ တစ်ခုမကတဲ့ ဇာတ်လမ်းလေးလို့ မြင်တယ်ဗျာ။

    ReplyDelete
  8. ;)
    တော်ကီကောင်းသွားတယ်း))

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။